Channel Myanmar

Kathryn Davis

Everything Puppies (2024) 6.0
Everything Puppies (2024)  ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppiesရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိသဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင်ဖန်တီးလေ့ရှိပါတယ်။တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်းတာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေကလက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက်အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့်အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကိုချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစလုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုကလိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်းအထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Everything Puppies (2024)

All Aboard for Love (2023) 5.7
All Aboard for Love (2023)  CM ပရိသတ်တွေအတွက် အခုတင်ဆက်ပေးချင်တဲ့ ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ "All Aboard for Love" ပါ။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Wedding Planners စီးရီးကို ရိုက်တဲ့ အေမီဖိုစ့် ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲက ကတ်သရင်းဒေးဗစ်ကလည်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်လိုက် အယ်လီဆင်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။ တွဲဘက်အနေနဲ့ Supernatural တို့ Suits တို့လို နာမည်ကြီးတီဗွီစီးရီးတွေနဲ့ The Christmas Chronicles ကားတို့မှာ သရုပ်ဆောင်ခဲ့တဲ့ အစ်ရှ်မောရစ်ကနေပြီး ဂျိုအယ်ဆိုတဲ့ နေရာကနေ ‌ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ဂျိုအယ်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားလေးဖြစ်ပြီး နွေရာသီအပန်းဖြေဖို့အတွက် သူငယ်ငယ်က နေခဲ့တဲ့ မာရိုးလှေဆိပ်လေးဆီကို အလည်လာပါတယ်။ အယ်လီဆင်က အဲ့ဒီလှေဆိပ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ သူက အတ္တလန္တိတ်သမုဒ္ဒရာထဲကို အလည်ခရီးသွားဖို့ ပြင်ဆင်နေတာပါ။ ...
movie

All Aboard for Love (2023)