Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kathleen Wilhoite
Getting Even with Dad (1994)
Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Getting Even with Dad (1994)
1994
Angel Heart (1987)
လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် ...
movie
Angel Heart (1987)
6.3
Nurse Betty (2000)
Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie
Nurse Betty (2000)
2000
6.6
Road House(1989)
Road House (1989) ================= ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာအကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲမြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကိုဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကိုကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလိုအနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေအထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကိုရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲအနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလားဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Road House(1989)
5.2
[18+] Color of Night (1994)
Color of Night (1994)Erotic ကားပေမဲ့ ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Richard Rush ပါ။ ၁၉၈၀တုန်းက The Stunt Man ကားနဲ့ အော်စကာမှာ ဒါရိုက်တာဆုတွေ ဇာတ်ညွှန်းဆုတွေ ဝင်ခဲ့တဲ့ဘဲပေါ့။ သရုပ်ဆောင်တွေကတော့ ဘရုစ်ဝီလီစ်နဲ့ မာစတာပိစ်ကားတွေ အပေါသားရှိတဲ့ ပြင်သစ်မှာ "The Lover"လို့ခေါ်တဲ့ ခုဂန္ထဝင်ဖြစ်နေလောက်တဲ့ ပြင်သစ်အချစ်ကားကို ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဘစ်တိုနီလို့ခေါ်တဲ့ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆာင်ဖူးတဲ့ အလှလေးပါပဲ။ သူပျိုမျစ်တုန်းက အဲဒီကာလမှာ နာမည်ကြီးအောင်မြင်နေတဲ့ ဘရုစ်ဝီလီစ်နဲ့ ရိုက်ထားတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ကားပါပဲ။လူနာတစ်ယောက်ကို ကုသနေရင်းတန်းလန်းမှာ တုန်လှုပ်စရာပုံစံနဲ့ ဆုံးရှုံးလိုက်ရတဲ့ စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါတစ်ယောက် သူကိုယ်တိုင်ရလိုက်တဲ့ စိတ်ဝေဒနာကို ကုစားဖို့ စိတ်ကုဆရာဝန်ပဲဖြစ်တဲ့ သူ့သူငယ်ချင်းဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ တစ်မျိုးစီမတူကွဲပြားကြတဲ့ ဝေဒနာရှင်ငါးယောက်ပါ တိုင်ပင်ဆွေးနွေးဝိုင်းမှာ အတူပါဝင်ရင်းနဲ့ နာလန်ထူဖို့ ဘေးလ်ကြိုးစားနေချိန်မှာပဲ ...
movie
[18+] Color of Night (1994)
1994
5.3
[18+] Private School (1983)
ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။ File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
[18+] Private School (1983)
6.6
The Ride (2018)
The Ride (2018)==============IMDb Rating - 6.6/10 2018 ပေမယ့် 13 November 2020 (USA) မှထွက်လာတဲ့ ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားလေးကတော့ BMX စက်ဘီးစီးဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ရသခံစားချင်သူတွေ ကြည့်သင့်တဲ့ IMDb 6.6 ရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ငယ်စဥ်ကတည်းက လူငယ်ထိန်းသိမ်းရေးကျောင်းသို့ရောက်ခဲ့ရတဲ့ ဂျွန်မက်ကော့ဟာ ကျောင်းမှလူမည်းကလေးများနှိပ်စက်တာကို အလူးအလဲခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကိုမွေးစားဖို့လာကြည့်ကြတဲ့မိဘတွေမှာယောက်ျားဖြစ်သူ အယ်လ်ဒရစ်ဂျ် (Ludacris) က လူမည်းတစ်ယောက်ဖြစ်နေလို့သူစိတ်ညစ်ခဲ့ရပါတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းမှစွန့်ခွာနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံနိုင်လို့သာ သူဟာလိုက်သွားဖြစ်ပေမယ့် စိတ်ထဲတော့သိပ်မကြည်လှပါဘူး။ဂျစ်ကန်ကန်နိုင်တဲ့ ဂျွန့်ကို အယ်လ်ဒရစ်ဂျ်တစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးမှုရယူဖို့ကြိုးစားရာမှ သူစိတ်ဝင်စားနေတဲ့ BMX စက်ဘီးလေးဝယ်ပေးပြီး စက်ဘီးစီးသင်ပေးရာက မိသားစုတွင်းအဆင်ပြေသွားပါတယ်။ BMX ကို ဝါသနာအရ လေ့လာပြီး စီးကြည့်ရာကနေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့စတန့်ကွတ်လှလှလေးတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ မိသားစုဆိုတဲ့နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ရသကို အပြည့်အဝခံစားရပြီး Heart ...
movie
The Ride (2018)
2018
7.2
Pay It Forward(2010)
Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie
Pay It Forward(2010)
2000