Channel Myanmar

Kathleen Harrison

Oliver Twist (1948) 7.8
Oliver Twist (1948)  အိုလီဗာတွစ်ဆိုတဲ့ ကောင်လေးဟာ အဖေဖြစ်သူကိုလည်းမသိရ အမေဖြစ်သူကလည်း သူ့ကို မွေးမွေးပြီးချင်း ဆုံးပါးသွားလို့ ခိုကိုးရာမဲ့ပြီး ပရဟိတအသင်းတစ်ခုမှာ နေရရှာတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ကို ပရဟိတအသင်းက သူဌေးတစ်ယောက်ရဲ့အိမ်ကို ထမင်းစားကျွန်ခံဘဝနဲ့ လွတ်လိုက်ပါတော့တယ်။ဖြစ်ချင်တော့ ဒီသူဌေးရဲ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက်ကြီးကြီး အစေခံအဘွားကြီးက အိုလီဗာကို မွေးဖွားပေးခဲ့တဲ့လူဖြစ်ပြီး အိုလီဗာနဲ့ သူ့အမေရဲ့ ဘဝအမှန်ကို သိပြီး မသေခင် အဲဒီအိမ်က သူဌေးမကို ပြောပြသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုလီဗာတစ်ယောက်က လုံးဝမခံစားနိုင်တဲ့အတွက် ထွက်ပြေးရာကနေ မဲဂင်းဆိုတဲ့လူဦးဆောင်တဲ့ ကလေးသူငယ်ခါးပိုက်နှိုက်အဖွဲ့ထဲ ရောက်သွားပါတော့တယ်။မဲဂင်းဆိုတဲ့လူဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လမ်းမှားရောက်အောင်တွန်းပို့ ခိုးဆိုးလုယက် ခါးပိုက်နှိုက်ခိုင်းတဲ့ လူယုတ်မာဖြစ်ပါတယ်။ ဒီတော့ အိုလီဗာလေးဟာ သူထင်ထားသလို မိဘဆွေမျိုးမရှိတဲ့မိဘမဲ့လေးလား၊ အဘွားကြီးက မဆုံးခင်မှာ သူဌေးမကို အိုလီဗာအမေနဲ့ပတ်သက်ပြီး ဘာပြောပြခဲ့တာလဲ၊ ဒါကို ဘာလို့ သူဌေးမက လျို့ဝှက်ထားတာလဲ၊ အိုလီဗာကရော ခါးပိုက်နှိုက်အဖွဲ့ထဲက လွတ်မြောက်ပြီး ...
movie

Oliver Twist (1948)

Lethal Weapon (1987)
Lethal Weapon (1987) အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှု​ပါပဲ။ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ...
movie

Lethal Weapon (1987)