Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kate Winslet
6.6
Contagion (2011)
(Unicode)ခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါတစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ်WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ်ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲကုသနိုင်တဲ့ဆေးရှာတွေ့မှာလားကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေလူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေ အားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာအချုပ်အနေနဲ.ပြောရရင် Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့ Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။Pandemic Event အတွင်း- WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊- Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊- ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊- နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ ...
movie
Contagion (2011)
2011
7.9
Buttons(2018)
Buttons(2018)အညြန္း******************(unicode)ခရစ်စမတ်ရာသီရောက်လာတော့မှာမို့ ခရစ်စမတ်ကားလေးပဲ ထပ်တင်ပေးလိုက်ပါတယ်..."ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..."ဇာတ်ကားဟာ ဒီလိုလေးအစချီတယ်... ဘာလို့ဆို ပုံပြင်လေးတစ်ပုဒ်ပြောပြနေသလိုမျိုး ဇာတ်ကားကို ရိုက်ကူးထားလို့ပါ...အန်နာဘယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ ငယ်စဉ်ဘဝမှာ အပြင်းဖျားပြီး အသက်ဆုံးရှုံးရတော့မယ့်ဆဲဆဲမှာ သူ့ရဲ့ကိုယ်စောင့်နတ်လေးက ကယ်တင်ခဲ့လို့ အသက်ဆက်နိုင်ခဲ့ပါတယ်...ဖေဖေမေမေတို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့အတွက် မိဘတွေရဲ့ တုန်နေအောင်ချစ်တာကို ခံခဲ့ရပြီး သူကိုယ်တိုင်ကလည်း အဖေကော အမေကိုကောပါ ချစ်မြတ်နိုးသူတစ်ယောက်ပါ...သူဟာ အိပ်ယာဝင်ပုံပြင်တွေထဲက တမန်တော်ဆိုတာတွေကို ယုံကြည်ခဲ့ပြီး အဲ့ဒီယုံကြည်မှုကြောင့် သူဟာ တကယ်ပဲ သူ့ရဲ့ ကိုယ်စောင့်နတ်လေးကို မြင်နေရသူတစ်ယောက်ပေါ့.. ကိုယ်စောင့်နတ်ဟာ သူ့ရဲ့မိတ်ဆွေဆိုလည်းဟုတ်တယ် ..ကိုးကွယ်ရာဆိုလည်းဟုတ်တယ်... သာယာနေတဲ့သူတို့ဆက်ဆံရေးဟာ နောက်ပိုင်းတော့ ပျက်ဖို့အကြောင်းဖန်လာတော့ပါတယ်....သူတို့ဆက်ဆံရေးဘာကြောင့်ပျက်ကြမှာလဲ...အရင်လိုပျော်ရွှင်စရာဆက်ဆံ ရေးပြန်ရကြမှာလား....မိသားစုနဲ့အတူကြည့်လို့ကောင်းတဲ့ကားလေးမို့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...(zawgyi)ခရစ်စမတ်ရာသီရောက်လာတော့မှာမို့ ခရစ်စမတ်ကားလေးပဲ ထပ်တင်ပေးလိုက်ပါတယ်..."ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..."ဇာတ်ကားဟာ ဒီလိုလေးအစချီတယ်... ဘာလို့ဆို ပုံပြင်လေးတစ်ပုဒ်ပြောပြနေသလိုမျိုး ဇာတ်ကားကို ရိုက်ကူးထားလို့ပါ...အန်နာဘယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ ငယ်စဉ်ဘဝမှာ အပြင်းဖျားပြီး အသက်ဆုံးရှုံးရတော့မယ့်ဆဲဆဲမှာ သူ့ရဲ့ကိုယ်စောင့်နတ်လေးက ကယ်တင်ခဲ့လို့ အသက်ဆက်နိုင်ခဲ့ပါတယ်...ဖေဖေမေမေတို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့အတွက် မိဘတွေရဲ့ တုန်နေအောင်ချစ်တာကို ခံခဲ့ရပြီး သူကိုယ်တိုင်ကလည်း အဖေကော အမေကိုကောပါ ချစ်မြတ်နိုးသူတစ်ယောက်ပါ...သူဟာ အိပ်ယာဝင်ပုံပြင်တွေထဲက ...
movie
Buttons(2018)
2018
6.4
How to Lose Friends & Alienate People (2008)
ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။) File ...
movie
How to Lose Friends & Alienate People (2008)
2008
7.3
Quills (2000)
မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( ကလောင်တံများ)IMDB - 7.3 ခရမ်းချဉ်သီး - ၇၅ လုံးဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ။* တစ်စက်မှ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ရေးချပြီး သူသေပြီးတဲ့နောက် တစ်စုံတစ်ရာ ချန်ခဲ့ချင်တဲ့ စာရေးဆရာ အရူးတစ်ယောက်....။* မေတ္တာတရား ခွင့်လွှတ်ခြင်းကို အလေးထားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်....။* အရူးတွေကို သူ့နည်းသူ့ဟန်နဲ့ နှိပ်စက်ပြီး ကုသတတ်တဲ့ ဒေါက်တာ တစ်ယောက်..။ကျွန်တော်တို့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက် ကလောင်သွားထက်တယ်တဲ့..။ လိင်မှု ကိစ္စတွေကို အပွင့်လင်းဆုံး ရေးထားပြီး ဂုဏ်သိက္ခာတွေ စည်းတွေ မပါပဲ လူ့လောကကြီးကို အရိုးသားဆုံး အမြင်နဲ့ ရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရေးသားမှုတွေဟာ တစ်ချို့လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင် အဲ့ခေတ်အဲ့ဒီအခါအနေနဲ့ ညစ်ညမ်းလွန်းနေပြန်ပါတယ်။ ဒီတော့ ...
movie
Quills (2000)
2000
7.5
Little Children (2006)
Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80% လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie
Little Children (2006)
2006
7.3
Revolutionary Road (2008)
Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67% Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie
Revolutionary Road (2008)
2008
6.2
Wonder Wheel (2017)
ဒီတစ်ခါတော့ တိုက်တန်းနစ်မင်းသမီးကြီး Kate Winslet ရဲ့ ဒရမ်မာကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ wonder wheel ဆိုတဲ့ကားပါIMDb rating 6.2 ထိရထားပါတယ်1950 လောက်က ကိုနီကျွန်းမာ ချားမောင်းတဲ့သူရဲ့ မိန်းမ အရင်ကမင်းသမီးလုပ်ခဲ့ဖူးသူ အသက် ၃၉ နှစ်အရွယ်ဂျင်နီနဲ့ သူ့ဘဝအကြောင်းကို ပြဇာတ်ဘာသာရပ်နဲ့ မာစတာဘွဲ့ရဖို့ ကြိုးစားနေတဲ့ အသက်ကယ်သမားမစ်ကီက ဇာတ်ကြောင်းပြောတဲ့ ပုံစံမျိုးလေးနဲ့ ရိုက်ကူးထားတာပါဂျင်နီ့မှာ အရင်အိမ်ထောင်ကနေပါလာတဲ့ သားတစ်ယောက်ရှိပါတယ်သူကတော့ မီးရှို့တတ်တဲ့ အကျင့်ရှိပြီး ပြသနာခဏခဏရှာတတ်ပါတယ် ဂျင်နီကိုယ်တိုင်က ပထမအိမ်ထောင်မှာ ဖောက်ပြန်ခဲ့လို့ ယောကျ်ားဖြစ်သူကထားခဲ့ခံရပြီး အလုပ်ပြုတ်လို့ စားပွဲ ထိုးလုပ်နေရတာပါသူ့ရဲ့နောက်ယောကျ်ားချားမောင်းသမားကလည်း မိန်းမသေ သမီးက လူဆိုးအဖွဲ့ကလူနဲ့ ထွက်ပြေးသွားလို့ အရက်စွဲ ပြီး ဘဝပျက်နေချိန်မှာ ဂျင်နီနဲ့တွေ့ပြီး လက်ထပ်ဖြစ်ကြတာပါသူတို့အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် မှီတည်နေရင်း မပျော်ရွှင်ဖြစ်နေသူက ဂျင်နီပါ တစ်နေ့တော့ အသက်ကယ်သမား မစ်ကီနဲ့ တွေ့တဲ့အခါ ...
movie
Wonder Wheel (2017)
2017
6.4
The Mountain Between Us (2017)
movie
2017
6.9
Labor Day (2013)
Labor Day (2013) IMDb (6.9/10)....Rotten Tomatoes (35%) ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။ တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့ သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ ...
movie
Labor Day (2013)
2013
1
2
Previous