Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kate Edmonds
5.0
Founders Day (2023)
Founders Day (2023)=============Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / ...
movie
Founders Day (2023)
Lies My Sister Told Me (2022)
ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေ လွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ ...
movie
Lies My Sister Told Me (2022)
5.9
Root Letter (2022)
Root Letter (2022) ============== IMDb Rating - 5.9/10ကာလို့စ်ဆိုတဲ့ကောင်လေးနဲ့ ဆာရာဆိုတဲ့ကောင်မလေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မြင်လဲမြင်၊ တွေ့လဲမတွေ့ဖူးဘဲနဲ့ စာလေးတွေကနေတဆင့် ခင်မင်ရင်းနှီးသိကျွမ်းဝင်နေကြတဲ့ စာရေးဖော် သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆာရာတစ်ယောက် ကာလို့စ် ပို့တဲ့စာတွေကိုလဲပြန်မဖြေတော့သလို သူကိုယ်တိုင်လဲစာအသစ်တွေမပို့ တော့တဲ့အတွက် ကာလို့စ်တစ်ယောက် ဆာရာနဲ့အဆက်အသွယ်ပြတ်ခဲ့ ရပါတယ်။အဲ့လိုနဲ့ အချိန်တစ်နှစ်လောက်အကြာမှာ ကာလို့စ်ဆီကို ဆာရာ့ဆီကနေ စာတစ်စောင်ပြန်ရောက်လာခဲ့ပါတယ်။ စာထဲမှာ ဆာရာက သူလူတစ်ယောက် ကိုသတ်လိုက်မိတဲ့အကြောင်းရေးထားတာကိုတွေ့လိုက်ရတဲ့အခါမှာ ဆာရာ ဘယ်သူ့ကိုသတ်လိုက်မိတာလဲ၊ ဘာကြောင့်သတ်ခဲ့မိတာလဲ၊ တစ်နှစ်လုံးလုံး ဆာရာတစ်ယောက်အစအနပျောက်နေခဲ့ပြီးတော့ အခုကျတော့မှ ကာလို့စ်ဆီ ကိုစာပြန်ပို့ရတာလဲ၊ ကာလို့စ် ဒီမေးခွန်းတွေကို ဘယ်ကနေဘယ်လိုအဖြေရှာ မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ပဲ ဆက်လက်ရှာဖွေလိုက် ကြပါဦးလို့၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.1 GB) / (400 MB) Quality............WEB-RIP 1080p / 720p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......Finoa Gillen Encoder..........SWM
movie
Root Letter (2022)
2022