Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Katarzyna Sawczuk
5.5
Fuks 2 (2024)
Fuks 2 (2024)ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ ...
movie
Fuks 2 (2024)
2024
5.5
[18+]Heaven in Hell(2023)
[18+]Heaven in Hell(2023)**************************ဒီကားထဲ အဓိက မင်းသားကို 365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်...ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်..ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex sceneတွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက်၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။File Size : 1.5GB, 743MB Quality ...
movie
[18+]Heaven in Hell(2023)
5
Girls From Dubai (2021)
Girls from Dubai(2021)"ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား"ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes ...
movie
Girls From Dubai (2021)
2021
6.4
The Lure
ယုံတမ်းပုံပြင်တွေတော့ အများကြီးရှိခဲ့ပါတယ်ရေသူမလေးဟာ မင်းသားလေးကို ချစ်လို့ရေထဲကနေ ကုန်းပေါ်တက်လာ မနာလိုသူတွေကရေနဲ့ ၀ိုင်းဖြန်းလို့ အမှီးထွက်လာပြီး လူတွေသိလို့မင်းသားလေးနဲ့ ဝေးသွား ဘလာ ဘလာအချစ်ဇတ်လမ်းလေးတွေ နတ်သမီးပုံပြင်တွေပေါ့တကယ်တမ်း ရေသူမတွေဆိုတာ အသားစားသတ္တဝါတွေဖြစ်ပြီး ဆန့်ကျင်ဘက်လိင် ကိုသီချင်းဆိုပြပြီး စွဲဆောင်ကာ သတ်ဖြတ်စားသောက်သူပါကဲ မကြောက်ကြဘူးလား ?ဒီဇတ်လမ်းလေးက နည်းနည်းထူးဆန်းတယ်ဗျဂိုးလ်ဒန်း နဲ့ ဆေးလ်ဗား (ရွှေနဲ့ငွေ) ဆိုတဲ့ရေသူမ ညီအစ်မ ၂ ယောက်ဟာတစ်ရက်မှာတော့ ကမ်းခြေမှာ သီချင်းတိုက်နေတဲ့နိုက်ကလပ် တစ်ခုက အဆိုတော် အဖွဲ့ကိုတွေ့မြင်ချောင်းကြည့်ခဲ့ပါတယ်...ပြီးနောက် လူတွေနောက် လိုက်ချင်လို့စွဲဆောင်ပြီး ကုန်းပေါ်တက် ပါသွားပါတယ်ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးသူတို့ ညီအစ်မ ကို စင်တင်မှာ သီချင်းဆိုတဲ့အဖွားကြီးက ဖော်ချွတ် ကလပ် တစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတော့တယ်...ဖော်ရချွတ်ရ ယောကျင်္ားတွေကို စွဲဆောင်ရတာ၀ါသနာပါတဲ့ ရေသူမ ညီအစ်မ ၂ ယောက်နဲ့ရေသူမတွေ အကြောင်း သေချာ မသိတဲ့သူတွေ ကြားမှာ ဘယ်လို ထိတ်လန့်စရာတွေဖြစ်ပျက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Shain Htet Naing ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
movie
The Lure
2015