Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karine Vanasse
7.2
Ru (2023)
IMDb - 7.2ကနေဒါနိုင်ငံသား ဗီယက်နမ်လူမျိုး စာရေးဆရာမ Kim Thúy ရဲ့ ဆုရစာအုပ် "Ru" ကိုမှီငြိမ်းပြီးရိုက်ကူးထားတဲ့ ရုပ်ရှပ်ပါ။ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် (Kim Thúy) တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင် (စပွန်ဆာ) မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။ File size…(2 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie
Ru (2023)
Polytechnique (2009)
လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ...
movie
Polytechnique (2009)
6.4
Bones of Crows (2023)
Bones of Corws (2022)(RT 94% , IMDb 6.6 )ကနေဒါမြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsကေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် ...
movie
Bones of Crows (2023)
2023
8.0
X-Men: Days of Future Past (2014)
The ultimate X-Men ensemble fights a war for the survival of the species across two time periods as they join forces with their younger selves in an epic battle that must change the past – to save our future Quality…The Rogue Cut Version 720p Format…mp4 Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aye Mon Kyaw
movie
X-Men: Days of Future Past (2014)
2014
7.7
Midnight in Paris (2011)
City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie
Midnight in Paris (2011)
2011
6.6
Head in the Clouds (2002)
ဇာတ်လမ်းလေးကတော့ ၁၉၃၃ခုနှစ် မိုးသည်းညလေးတစ်ညမှာ ဂယ်ဒါတဲ့ပိုက်ဆံရှိအထက်တန်းလွှာကမိန်းမချောလေးတစ်ယောက် ကမ်းဘရေခ်ျ့တက္ကသိုလ်ဝင်းထဲကိုပြေးဝင်လာရင်းနဲ့ ဂိုက်မယ်လွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အခန်းမှာဝင်ပုန်းရင်းကနေဒီဇာတ်လမ်းလေးကိုစတင်ခဲ့တယ်ပဲဆိုရမှာပေါ့ ဂယ်ဒါကလှသသလို ကောင်လေးတွေကြားမှာလဲ ရေပန်းစားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကြောင်းကခပ်ရှုပ်ရှုပ်ရယ် ဒီလိုကောင်မလေးကိုမှ တစ်ညတာသူ့အခန်းထဲမှာပေးနေမိတဲ့ဂိုက်အတွက်ကတော့ ကံကောင်းခြင်းတွေပဲသယ်ဆောင်လာလေသလား တခြားကောဘာတွေဖြစ်နိုင်မလဲဆိုတာကိုတော့ အဲ့အချိန်တုန်းကတော့မသိနိုင်ခဲ့ဘူးပေါ့လေ နောက်ဂယ်ဒါလန်ဒန်ကနေနှစ်အတော်ကြာအောင်ပျောက်သွားပြီးတဲ့နောက် သူရောက်နေတဲ့ပဲရစ်ကိုလာခဲ့ဖို့ဂိုက်ကိုစာပို့လိုက်တဲ့အခါ ဂိုက်တစ်ယောက်ဂယ်ဒါနောက်ကိုရရာရထားနဲ့ဆွဲပြီးတော့လိုက်သွားပါလေရောပေါ့ အဲ့အချိန်မှာ ဂယ်ဒါကအနုပညာအလုပ်တစ်ခုကိုလုပ်နေပြီးတော့ သူ့ကိုကူညီပေးနေတဲ့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လဲသူ့ဘေးနားမှာရှိနေခဲ့ပါတယ် ဂယ်ဒါ ဂိုက် မီယာတို့၃ယောက်ရဲ့ဆက်နွယ်မှုတွေကိုစစ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတစ်မျိုးလေးစိတ်ဝင်စားစရာကောင်းပါတယ် အခုပြောပြထားတာက ဇာတ်လမ်းရဲ့တစ်ဝက်တောင်မရှိသေးပါဘူး Rating6.6 ရထားပီး ဇာတ်ကားနဲပတ်သက်ပီ ဆုတွေလဲရထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ ဆုရကားလေးမလို့ကြည့်ရှုသင့်ပါကြောင်းထပ်လောင်းပြောကြားပါရစေ။ (ဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Charm ပဲဖြစ်ပါတယ်) File Size : (1.00 GB) & (445 MB) Quality : .1080p.BluRay Running Time : 2h 1min Format : Mp4 Genre : Drama, Romance, War Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie
Head in the Clouds (2002)
2004