Channel Myanmar

Karin Viard

Madame de Sévigné (2023) 6.5
Madame de Sévigné (2023)  ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Madame de Sévigné (2023)

La Haine (1995) 8.1
La Haine (1995)  Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

La Haine (1995)

The Bélier Family (2014) 7.3
The Bélier Family (2014)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belierလို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက်တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေးနေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပိုတွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေးအဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာသောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်ကသူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင်လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ...
movie

The Bélier Family (2014)

Three Times Nothing (2022) 6.4
Three Times Nothing (2022)  "Three Times Nothing"ဒီတစ်ခါမှာတော့ ဘ၀မှာရင်ဆိုင်ရမယ့် အတွေ့အကြုံ အခက်အခဲတွေကို ဟာသနှောပြီးရိုက်ထားတဲ့ ပြင်သစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဗလာလူတန်းစားတွေမှာ ဘယ်လိုဘဝတွေရှိမလဲ.. ဗလာလူတန်းစား ၃ယောက် ဆုံမိတဲ့အခါ ဘာတွေဖြစ်လာမလဲ..မတူညီတဲ့ ဘဝမျိုးစုံကနေလာတဲ့ အိမ်ခြေယာမဲ့ ၃ယောက်ရဲ့ ဘဝအတက်အကျတွေ.. ၃ယောက်လုံးမှာ မတူညီတဲ့ အိပ်မက်တွေရှိကြပြီး အဲ့ဒီအိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ.. ငွေကြေးဟာ ဘဝမှာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ.. ဆိုတာတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ တော်ရုံဆို သိပ်ပြီး စိတ်ကူးမယဉ်ကြည့်ဖူးတဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ နေ့စဉ်ဘဝတွေ၊ ဘာရုပ်ဝတ္ထုမှ မလိုဘဲ ပျော်ရွှင်အောင် နေတတ်ကြတဲ့ ပုံစံတွေကို ခံစားကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို မြည်းစမ်းကြည့်ဖို့ recommendပေးပါတယ်..။(မှတ်ချက် - ပြင်သစ်ကားကို English နောက်ခံသံနဲ့ဆိုပေမယ့် တစ်သားတည်းလိုပဲမို့ ကြည့်ရအတော်အဆင်ပြေပါတယ် )File Size__(1.8GB) / (850MB) Quality__WebDL-1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:38:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded ...
movie

Three Times Nothing (2022)

Delicatessen (1991) 7.6
Delicatessen (1991) Delicatessen (1991) ~ IMDb - 7.6/10, RT - 89%, Meta - 66% ~၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လို​နေပါတယ်။ အချိန်တိုင်းလို​နေရတာက စုတ်ပြတ်​နေတဲ့ တိုက်​ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမား​တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ​ရောင်းစားလိုက်လို့ပါပဲ။ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်​ဟောင်းသမား Louison ဟာ ​အလုပ်​ခေါ်စာ​တွေ့ပြီး ​ရောက်ချလာပါတယ်။ နှစ်လိုဖွယ်​ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သ​ဘော​တော်​ခွေ့သွားချိန်မှာ​တော့ ချစ်ရသူ​လေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကား​ကောင်းတစ်ခုပါပဲဇာတ်လမ်းဟာ Horror ...
movie

Delicatessen (1991)

1991
Dear Mother (2020) 6
Dear Mother (2020) တစ်ခါပြုံးရင် တစ်ရက် အသက်ရှည်မယ်တဲ့ဗျား..။ဒါကို ကြည့်နေရင်း ခဏ ခဏ ပြုံးမိနေမှာမို့လို့ ကြည့်ကြည့်ပါ..။ နောင်တ မရစေရဘူး..။ဂျင်း လူးဝစ်ဆိုတဲ့ သက်လတ်ပိုင်း လူတစ်ယောက်ဟာ ကိုယ့်ဘဝကိုယ် ဖြတ်သန်းနေရင်း လုံးဝ နှလုံးမခုန်တော့ပါဘူး တဲ့..။နှလုံးခုန်ရပ်သွားပေမဲ့လည်း အသက်ရှင်နေတဲ့ ဂျင်း လူးဝစ်ဟာ မိန်းမက အဆွယ်ကောင်းလို့ နတ်ဝင်သည်ပဲ ခေါ်ရမလား ၊ ရှေ့ဖြစ်ဟောပဲ ခေါ်ရမလား ဒီလို ခေတ်မှီ ဆရာမကြီးတစ်ယောက်ဆီကို ရောက်သွားခဲ့တဲ့အခါ..။အဲ့ဒီဆရာမကြီးရဲ့ အဆိုအရ သူ့နှလုံးဟာ ပုံမှန်ပြန်ပြီး လည်ပတ်လာဖို့အတွက် မိခင်ရင်းဆီကနေ အရေးကြီးတဲ့ ပစ္စည်းတစ်ခု လိုအပ်ပါတယ်တဲ့..။အရေးကြီးတဲ့ပစ္စည်းဆိုတာကလည်း သူမွေးဖွားလာခဲ့ရာ နေရာ ၊ ထွက်လာခဲ့ရာ ဝမ်းကြာတိုက်ရဲ့ အပေါက်ဝ ၊ အမေ့စပ ဓာတ်ပုံတစ်ပုံ တဲ့ဗျား..။ဒီတော့ ဂျင်း လူးဝစ်တစ်ယောက် ရပ်တန့်နေပြီဖြစ်တဲ့ နှလုံးကြီးတစ်ခုနဲ့ 'အမေ့လယ်ကွက်' ဓာတ်ပုံကို ရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အလွဲတွေကို ပေါ့ပေါ့ပါးပါး ...
movie

Dear Mother (2020)