Channel Myanmar

Karen Raff

Killer Klowns from Outer Space (1988) 6.2
Killer Klowns from Outer Space (1988)  1988 က ထွက်ခဲ့တဲ့ Classic Horror ကားတစ်ကားဖြစ်တဲ့ Killer Klowns from outerspace ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ဆက်တွဲရုပ်ပြစာအုပ်တွေ ဂိမ်းတွေ ထုတ်ခဲ့တဲ့အထိပါပဲ။နာမည်အတိုင်းပါပဲ အာကာသအပြင်က ဂြိုလ်သားလူပြက်တွေ ကမ္ဘာပေါ်ရောက်လာတာပါ။ Crescent Coveဆိုတဲ့မြို့ငယ်လေးမှာ မိုက်ခ်နဲ့ဒက်ဘီတို့အပါအဝင် လူငယ်တွေညဘက်သောက်စားပျော်ပါးနေကြတုန်း ကြယ်ကြွေကျလာတာကို မြင်လိုက်ရပါတယ်။ ဒက်ဘီနဲ့ မိုက်ခ်တို့သွားကြည့်တဲ့အခါ ကြယ်ကြွေတဲ့နေရာမှာ ဆပ်ကပ်တဲကြီးပဲရှိနေပြီး အထဲမှာ လူပြက်ပုံစံသတ္တဝါတွေနဲ့ လူသေအလောင်းတွေကိုတွေ့လိုက်ရပါတယ်။မြို့ကရဲစခန်းကိုသွားပြောတော့လည်း မယုံပေမယ့် ရဲတစ်ယောက်ဖြစ်တဲ့ ဒက်ဘီရဲ့ ရည်းစားဟောင်း ဒေ့ဗ်က လိုက်ကြည့်မယ်ဆိုပြီး လာခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆပ်ကပ်တဲကြီးလည်းမရှိပဲ လူပြက်သတ္တဝါတွေက မြို့ထဲမှာ သောင်းကျန်းလို့နေပါပြီ။ ဒါ့အပြင် ဒက်ဘီကပါအဖမ်းခံလိုက်ရတော့ မိုက်ခ်နဲ့ ဒေ့ဗ်တို့နှစ်ယောက် ဒက်ဘီနဲ့ မြို့ကိုကယ်တင်ဖို့ကြိုးစားပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre... C0medy, ...
movie

Killer Klowns from Outer Space (1988)