Channel Myanmar

Karen Price

Swamp Thing (1982) 5.3
Swamp Thing (1982) ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။File size…   1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ...
movie

Swamp Thing (1982)

Fear and Loathing in Las Vegas (1998)
Fear and Loathing in Las Vegas (1998) အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။File size…(2.83GB)  / (1.5GB) / (761.39MB) Quality…. Web 1080P ...
movie

Fear and Loathing in Las Vegas (1998)