Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karen Chan
5.9
I Can (2023)
အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှုလိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့ကချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက်ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန်ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းကထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစားသမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1GB / 494MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 25m Genre ….. Drama , Family , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
I Can (2023)
6.5
Vengeance (2009)
Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie
Vengeance (2009)
2009