Channel Myanmar

Kareem J. Grimes

The Couch : Black Girl, Erupted (2023)
The Couch : Black Girl, Erupted (2023)  IMDb 6.5 ရထားတဲ့ဒရာမာရုပ်ရှင်ကားကောင်းလေးပါ။ ရိန်နာဆိုတဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအလုပ်ကိုလုပ်ကိုင်နေပါတယ်။ ရိန်နာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကိုသည်းခံလာပြီး ရာထူးတက်ဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ရိန်နာတို့မိသားစုကလည်း ရှေးရိုးစွဲပြီး စံနှုန်းတွေကိုမြင့်မြင့်သတ်မှတ်ကြတဲ့မိသားစုပါ။ ရိန်နာမှာ ငယ်ငယ်ကတည်းက ပြိုင်ဆိုင်လာတဲ့ညီမတစ်ယောက်လည်းရှိပါတယ်။ ဒီလိုနဲ့ ရိန်နာဟာ လုပ်ငန်းခွင်မှာရော မိသားစုအကြားမှာပါ ဖိအားတွေကိုခံစားရပါများလာတဲ့အခါမှာတော့ ဒေါသ နဲ့ စိုးရိမ်စိတ်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အရာရာ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ရိန်နာဟာ သူမခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူမ မလုပ်ချင်ဆုံးအရာတစ်ခုဖြစ်တဲ့ ကုထုံးဆရာ၀န်ဆီသွားပြဖို့ရာကို ရွေးချယ်လိုက်ရပါတော့တယ်။ရိန်နာတစ်ယောက် သူမရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားမလဲ၊ နောက်ဆုံးမှာရော သူမအတွက်မကောင်းတဲ့အရာတွေကို သူမ ပြင်ဆင်သွားနိုင်မလား၊ သူမရဲ့ဘ၀‌မှာ ဘာတွေဘယ်လိုဆက်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(656 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

The Couch : Black Girl, Erupted (2023)

Nineteen Summers (2019) 5.6
Nineteen Summers (2019) အခုတစ်ခါ ဇာတ်လမ်း​လေးက​တော့ black people​တွေရဲ့ ​နေထိုင်မှုဘဝ​တွေသူတို့ရဲ့​နေ့စဥ်လှုပ်ရှားမှု​တွေ သူတို့ကို white people​တွေထက် ​လူမျိုး​ရေးခွဲခြားထားတာ​တွေကို ရိုက်ပြထားတဲ့ဇာတ်ကား​ကောင်းတစ်ကားပါအသက်၁၉နှစ်အရွယ် က​လေးတစ်​ယောက်အ​​ဖေဒီအန်​ဂျေဟာ မိသားစုအတွက် ပို​ကောင်းတဲ့ဘဝတစ်ခုကိုရှာ​ဖွေ​နေခဲ့တာ​ပေါ့LAမှာ လူဆိုးအကြမ်းဖက်မှု​တွေကလည်း မြင့်တက်​နေခဲ့တယ်black peopleအချင်းချင်း​တွေလည်း တစ်​ယောက်နဲ့ တစ်​ယောက်အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လာခဲ့ကြတယ်ဒီအန်​ဂျေတစ်​ယောက် ဘဝကိုဘယ်လို​တွေဖြတ်သန်းလဲသူဖြစ်ချင်တဲ့ရက်ပ်ပါတစ်​ယောက်ဖြစ်လာမလားသူ့ဘဝကဘယ်လို​တွေအဆုံးသတ်သွားမလဲ ကြည့်ရှု့လိုက်ပါဦး​နော် File Size : ( 1 GB , 326 MB )Quality :  WEB-DL 720pRunning Time : 1 hr 58minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu ...
movie

Nineteen Summers (2019)

The Mule (2018) 7.1
The Mule (2018) The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie

The Mule (2018)

2018