Channel Myanmar

Kara Zediker

Dig Two Graves (2014) 5.7
Dig Two Graves (2014)  လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင်ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာအသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုးပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်းပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.7 ရရှိထားပြီး Horror ကိုပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက်အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြသူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုကနေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင်တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကိုဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီးကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင်တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲကခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်းသူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာမရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့်တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard ...
movie

Dig Two Graves (2014)

Rock Star (2001) 6.3
Rock Star (2001) ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်...ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ...ဇာတ်လမ်းအကျဉ်းလေးကတော့...ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီးအဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်....တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်....သူ Steel Dragon ...
movie

Rock Star (2001)

2001