Channel Myanmar

Kara Tointon

Last Passenger (2013) 5.7
Last Passenger (2013)  ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကား‌ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Last Passenger (2013)