Channel Myanmar

Kaoru Kobayashi

Kamui (2009) 5.6
Kamui (2009) Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီးဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။  File size…    2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Kamui (2009)

Tsugaru Lacquer Girl aka Bakanuri no Musume (2023) 6.3
Tsugaru Lacquer Girl aka Bakanuri no Musume (2023) Tsugaru Lacquer Girl 2023IMDb-7.3/10မျိုးနဲ့ရိုးနဲ့ လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ယွန်းထည်လက်မှုပညာသည်မျိုးရိုး အာအိုကီတို့မိသားစု ခေတ်စနစ်ပြောင်းလဲမှုတွေကြား လက်မှုပစ္စည်းကို တန်ဖိုးထားဝယ်ယူမှုတွေကျဆင်းကုန်သလို လက်မှုပညာရှင်တွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း ပိုပိုများလာတယ်အာအိုကီတို့မိသားစုမှာ သားဖြစ်တဲ့သူက လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ ဆံသပညာရှင်ဖြစ်ဖို့ပဲအားသန်တဲ့သူ ၊ အာအိုကီ့ဇနီးကလည်း အလုပ်ကိုပဲဦးစားပေးလွန်းတဲ့ ခင်ပွန်းကို စိတ်ပျက်ပြီးထားသွားတဲ့အချိန် ဒီတာဝန်တွေအားလုံးက မီယာကို့ပေါ်ပဲရောက်လာတော့တယ် ၊ ခေတ်ရေစီးကြောင်းနဲ့အညီ လက်မှုပညာလုပ်ငန်းကို အားစိုက်လုပ်ချင်စိတ်ရှိတဲ့ မီယာကိုတစ်ယောက် မိသားစုလုပ်ငန်း ၊ ဝင်ငွေနဲ့ တန်းဖိုးထားရာတွေကြား ကြိုးစားရပ်တည်ပုံကိုရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.65GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Yunni ~ Alex ~ ToMo
movie

Tsugaru Lacquer Girl aka Bakanuri no Musume (2023)

2023
The Boy and the Heron (2023) 7.6
The Boy and the Heron (2023) (Digital အကြည် ထွက်လာလို့ ပြန် Update ပေးလိုက်ပါတယ်)IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်းကြည့်နေရင်း ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီးနယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီးမဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ငဟစ်ငှက်ကြီးဟာ တကယ်တော့....... အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ကြည့်ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားကို ...
movie

The Boy and the Heron (2023)

2023
Kubi (2023) 6.7
Kubi (2023)  လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Kubi (2023)

Trapped Balloon (2023) 7.4
Trapped Balloon (2023) Trapped Balloon (2023)မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့ ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်... ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင် အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။ ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊ လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့ ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။ ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက် တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကို သွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။ ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ?ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက ...
movie

Trapped Balloon (2023)

2023
Tales from Earthsea (2006) 6.3
Tales from Earthsea (2006) Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာသူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကိုပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကိုသူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကိုကြည့်ရှုခံစားရမှာပါ File size…    1.5 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie

Tales from Earthsea (2006)

Yes, I Can’t Swim (2022) 5.5
Yes, I Can’t Swim (2022) Yes, I Can't Swim (2022)အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ "ယုဂျိ တကနရှိ"လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ "ယုဂျိ"ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် ...
movie

Yes, I Can’t Swim (2022)

2022
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)

The Island of Cats 2019 6.6
The Island of Cats 2019 ဒီဇာတ်ကားလေးက ၂၀၁၉ကထွက်ရှိထားတဲ့ဇာတ်ကားလေးပါ လူတွေနဲ့ ကြောင်တွေကြားကချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့လုံး၀မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ တိရစ္ဆာန်ချစ်သူတွေအတွက် သေချာပေါက် ချစ်ခြင်းမေတ္တာ​ကိုခံစားမိပြီးမျက်ရည်ကျရမဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းအကျဥ္းကတော့ ကြောင်ကျွန်းလေးမှာနေထိုင်တဲ့အသက်၇၀အရွယ် ဟာရူယာမာ ဒါအီကိချီ ဆိုတဲ့အဘိုးကြီးမှာ တာမာ အမည်ရှိတဲ့ကြောင်မလေးတစ်ကောင်ရှိပါတယ် ဒါအီကိချီဟာလွန်ခဲ့တဲ့၂နှစ်ကဆုံးပါးသွားတဲ့သူ့မိန်းမကိုအမြဲလိုလိုသတိရနေတဲ့သူပါ တာမာအမည်ရှိတဲ့ကြောင်လေးဟာ လူနားနီးပီးအသိဉာဏ်အတော်ရှိတဲ့ကြောင်လေးပါ လူတိုင်းနဲ့ခင်မင်ရင်းနှီးလိုစိတ်ရှိပါတယ် သခင်အခက်အခဲတွေ့တ​ဲ့အခါတိုင်းပါးစပ်ကမပြောတတ်ပေမဲ့အမူအရာလေးတွေနဲ့ကူညီတတ်တဲ့ကြောင်လေးပါ တစ်နေ့တော့ သူ့သခင်နှလူံးဖောက်ပြီးဆေးရုံတက်ရပါတာ် ဆေးရုံကပြန်ဆင်းလာပီး၁ရက်လောက်အကြာမှာကြောင်လေးပျောက်သွားခဲ့ပါတယ် ကြောင်လေးဘာလို့ပျောက်သွားလဲ ပြန်တွေ့မှာလားမတွေ့ဘူးလားဆိုတာကိုတော့ ကရုဏာသက်စွာ ရင်ခုန်စွာစေ   File Size : 1GB and 500mb Quality : webrip 1080p/720p Format…mp4 Duration…1hr43min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie

The Island of Cats 2019

Princess Mononoke (1997) 8.4
Princess Mononoke (1997) ဒီတစ်ခါတော့ ခံစားချက်ပေါင်းများစွာ ရစေမဲ့ အဓိပ္ပါယ်အများကြီးရှိတဲ့ ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားဟောင်းပေမဲ့ နှစ်ချို့ဝိုင်လို ခေတ်အဆက်ဆက် ဖြတ်သန်းပြီးတာတောင် ဟောင်းလေကောင်းလေ သတ်မှတ်ထားကြတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီ ကမ္ဘာလောကကြီးမှာ ဖြစ်နိုင်မယ်ဆိုရင် လူတိုင်းက အရာအားလုံးကို လိုချင်ကြတာပါပဲ။ ကိုယ် လိုချင်တာတွေ အတွက် လူတွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အမုန်းတရားနဲ့ အမှား အမှန် ဖြစ်တည်လာရတယ်။ ဒီ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ကိုယ့်အမှန်တရားနဲ့ကိုယ် ရှိနေတဲ့ ဘက်နှစ်ဘက်ရယ် လောဘသက်သက် အတ္တ အမှန်တရားရှိနေတဲ့တစ်ဘက်ရယ် ကြားနေလူတစ်ယောက်ရယ်နဲ့ အမှန်တရားဆိုတာ ဘက်တိုင်းမှာ ရှိနေကြောင်း ကောင်းကောင်းကြီး မီးမောင်း ထိုးပြ နိုင်ခဲ့ပါတယ်။ ဘက်တိုင်းမှာ ရှိနေတာဟာ ဘယ်ဘက်မှာမှ မရှိတာနဲ့ အတူတူပါပဲ။   ဇာတ်လမ်းအကျဉ်းကတော့.... ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းက သားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေ သစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့ သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူ သဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။   သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်က ပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေ အတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန် သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် သံသတ္တုပေါများတဲ့ ဒေသ ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီး တိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။   သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းက ထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ ဘုရင်တစ်ပါးက ...
movie

Princess Mononoke (1997)

1997