Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kang Suk-won
5.6
High Society (2018)
High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie
High Society (2018)
2018
6.5
Proof of Innocence (2016)
Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လိုဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီးအရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက်အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီးသေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါသတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး "ချွဲဖီဂျယ်" ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့်ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ...
movie
Proof of Innocence (2016)