Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kang Jin-ah
7.4
Wonderland(2024)
Wonderland(2024)******************Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်... တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကိုvideo call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ...ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကိုAI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် ...ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလိုဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်... လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက် Wonderland service ကို ယူပြီးတော့ သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်.... နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်းvideo call ...
movie
Wonderland(2024)
5.7
(18+)The Senior Class (2012)
အိပ်မက်တွေ တစ်လှေကြီး မျှော်လင့်ချက်တွေ တပုံကြီးနဲ့ ရှင်းဂျူဟီး သူမရဲ့ ပန်းတိုင်က နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ဖြစ်ဖို့ အဲဒီဘွဲ့ကို ပဲရစ်မှာ သွားယူချင်နေတာ သူမရဲ့အိပ်မက်ပါပဲ သူရဲ့ အတန်းဖော်လေး ဂျောင်ဝူးက ဂျူဟီးကို ကြိတ်ပြီးခိုက်နေပါတယ်တစ်နေ့မှာတော့ ဂျောင်ဝူး အခွင့်ရေးရခဲ့ပေမဲ့ မတို့ရက်မထိရက်ချစ်သူလေး... တစ်ကယ်တော့ ဂျူဟီးက ငွေကြေးမပြည့်စုံသူတစ်ယောက်ပါ သူ့ရည်မှန်းချက်တွေအတွက်ငွေလိုတယ်လေ တစ်နေ့ ဂျောင်ဝူးတစ်ယောက် သူ့မိတ်ဆွေတွေနဲ့ အဆင့်မြင့် ကလပ်တစ်ခုကိုသွားရင်း မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသောအခါအလွမ်းအဆွေး အချစ်အကြင်နာ မိန်းကလေးတယောက်ရဲ့ မာယာ မိန်းကလေးတစ်ယောက်ရဲ့ ဆန္ဒတွေကို ၁၈ နှစ်အောက် ကလေးတွေမကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်လို့ DS Fans တွေအတွက်တင်ဆက်လိုက်ပါတယ် ဝင်္ကပါတစ်ခုရဲ့ ပိတ်လမ်းတွေကို ခဲခြစ်မှတ်ခဲ့မယ်ဆိုရင် ဘယ်သူက ခဲခြစ်ခံရမှာလဲ File size…742MB / 360MB Quality…1080p WEBRIP / 720p Format…mp4 Duration….1h 23m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
(18+)The Senior Class (2012)
2016
7.4
Microhabitat (2017)
Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie
Microhabitat (2017)
2017
5.9
Black Light (2021)
Black Light (2021) အညွှန်း*********************IMDb - 5.9ကဲ ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် All Of Us Are Dead ထဲက အွန်ဂျိုလေးပါဝင်ထားတဲ့ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ကြီးမားတဲ့ကံဆိုးမှုကြီးကို အတူကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကိုအသားပေးရိုက်ကူးထားတာပါ။ လမ်းမကြီးရဲ့အလယ်စည်းကိုကျော်ပြီး ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ပြစ်မှုကျူးလွန်သူကသေဆုံးပြီး နစ်နာသူကတော့ coma ဖြစ်သွားခဲ့ပါတယ်။အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူရဲ့ဇနီး Hee Joo ကသူမအလုပ်လုပ်ခဲ့တဲ့ စက်ရုံကိုပြန်လာခဲ့ပါတယ်။ အဲဒီစက်ရုံမှာ နစ်နာသူရဲ့ဇနီးဖြစ်သူ Young Nam အလုပ်လုပ်နေတာကိုမြင်ခဲ့ရပြီး Hee Joo က ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။ Hee Joo က Young Nam ရဲ့သမီး Eun Young နဲ့ ရင်းနှီးလာခဲ့တဲ့အခါမှာတော့ Eun Young ဆီကနေ ဒီအမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို သိရှိခဲ့ရပါတယ်။မတော်တဆမှု တစ်ခုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်က ...
movie
Black Light (2021)
7.5
The Terror Live(2013)
The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့် ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အစောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်.. File Size : (1.8GB)(921 MB) and ...
movie
The Terror Live(2013)