Channel Myanmar

Kang Anna

Toxic Parents (2023) 6.2
Toxic Parents (2023) Toxic Parents (2023)ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများကြုံတွေ့ရတတ်တဲ့အခက်အခဲကို သေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါ ဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ် ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ် စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင်သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ် ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေ‌ရော လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါအညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.1GB | 418MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Toxic Parents (2023)

2023