Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kalyani Priyadarshan
7.3
Hello! (2017)
Hello (2017) IMDb: 7.3/10 Genre: Action/Romanceဒီရုပ်ရှင်ကို "ငယ်ကချစ်နှစ်တစ်ရာ" လို့ပဲဆိုမလား၊ "နဖူးစာရွာလည်တယ်" လို့ပဲဆိုမလားမသိတော့ပါဘူး။တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့်ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့်ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးကဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့"ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်" တဲ့။ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့်တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်းကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h ...
movie
Hello! (2017)
2017
7.2
Varshangalkku Shesham (2024)
Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie
Varshangalkku Shesham (2024)
2024
8.0
Antony (2023)
Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Antony (2023)
2023
7.0
Sesham Mike-il Fathima (2023)
Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie
Sesham Mike-il Fathima (2023)
2023
7.5
Thallumaala (2022)
Thallumaala (2022)IMDb - 7.6 ဒီတစ်ခေါက်တော့ Vaashi ထဲမှာ ရှေ့နေအဖြစ်သရုပ်ဆောင်တဲ့ မာလာရာလမ်မင်းသား တိုဗီနိုသောမတ်စ်နဲ့ Bro Daddy ထဲကမင်းသမီး ကလျာနီ ပရီရာဒါရှန် တိုရဲ့ ၂၀၂၂ နှစ်ထွက် မာလာရာလမ် Action / Comedy ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDB 7.6 မို Rating လေးလည်း မဆိုးလှပါဘူးဒီကားကို ကြည့်တဲ့သူထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတဲ့သူတွေရှိလား။ ရန်ဖြစ်တယ်ဆိုတာ ကလေးဘဝရဲ့အစိတ်အပိုင်းပါပဲလို ပြောကြပါတယ်။ သွေးပူတဲ့အရွယ်၊ တက်ကြွတဲ့အရွယ်မှာ ထစ်ခနဲ စိတ်ထဲရှိတဲ့အတိုင်း ဝုန်းဒိုင်းကြဲကောက်လုပ်မိကြလို ရန်တွေထသတ်ကြရာကနေ ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ ဒီထဲမှာလည်း ဒီလိုပါပဲ။ သူတို့ငါးယောက်က ရန်ဖြစ်ကြရာကနေ သူငယ်ချင်းတွေဖြစ်လာကြတာပါ။အဓိကဇာတ်လိုက်ဖြစ်သူ ဝါဇီက သူ့ရဲ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူ့သူငယ်ချင်းလေးယောက်က ရာဂျီမက်သရူးဆိုသူနဲ့ ရန်စရှိနေကြပြီးတော့ ရာဂျီက ရန်ပွဲကို ရပ်ချင်တာကြောင့် ပြန်ဖြန်ဖြေဖို့ကြိုးစားပေမဲ့လည်း နားလည်မှုတွေလွဲကြပြီးတော့ ဝါဇီရဲ့မင်္ဂလာဆောင်မှာ နောက်ထပ်ရန်ပွဲတစ်ခုပေါ်ပေါက်လာပါတော့တယ်။ ဒီရန်ပွဲကနေပဲ ဝါဇီက အင်တာနက်မှာ ရေပန်းစားတဲ့သူ ဖြစ်သွားခဲ့ပြီး မင်္ဂလာပွဲလည်းပျက်ကာ ...
movie
Thallumaala (2022)
2022
8.8
Hridayam (2022)
Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie
Hridayam (2022)
4K HEVC Web-DL
7.6
Bro Daddy (2022)
Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော် File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie
Bro Daddy (2022)
2022
9.1
Maanaadu (2021)
Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာတွေရှိသလို ဒီတစ်ခေါက်မှာတော့ Tamil Time-loopဇာတ်လမ်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb user၁သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရအောင် ရုံဝင်ငွေများစွာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာဆောင်ကနေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်ပေါ်မှာ သူနဲ့.မင်္ဂလာဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကိုရောက်၊ သတို့သမီးကို ဖြတ်ခုတ်အပြီးထွက်ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုးပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါပေမဲ့ ရဲတွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံနေကြတာပါ၊ ဒါကတော့ ၁၂ကြိမ်မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီးသေသွားလို့ အဗ္ဗဒူကိုခြိမ်းခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအနေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲသေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါပေမဲ့ တကယ်မသေခဲ့ဘဲဆီသာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ ...
movie
Maanaadu (2021)
2021
6.8
Marakkar: Lion of the Arabian Sea (2021)
ဒီတစ်ခေါက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ဒဏ္ဏရီလာသူရဲကောင်းKunjali Marakkar IV ရဲ့ အိန္ဒိယနဲ့ပေါ်တူဂီကြား စစ်ပွဲ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်IMDB Rating 6.8 နဲ့ Facebook Rating 4.6/5 တောင်ရထားပြီးတော့ကုဋေပေါင်း 80-100ထိ အကုန်ကျခံရိုက်ကူးထားတဲ့အပြင် ရုံတင်ပြီး၁၀ရက်အတွင်းကို ကုဋေ ၅၀ လောက်ထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပေါ်တူဂီနယ်ချဲ့တွေကို မျိုးရိုးစဥ်ဆက်လိုက်ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ Kunjali Marakkar မိသားစုဟာအနိုင်ရရှိမှုနောက်ကွယ်မှာ သားဖြစ်သူကို စတေးခဲ့ရတာတွေရှိပါတယ်သားဖြစ်သူရဲ့သွေးအိုင်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်မှာ သာမန်ကုန်သည်ဘဝအဖြစ်သာနေထိုင်ကြပေမယ့်လည်း ပေါ်တူဂီဆိုရင်ဘယ်လောက်ပေးပေးပစ္စည်းမရောင်း အခြားနိုင်ငံကိုသာစိုက်ပျိုးတဲ့ပစ္စည်းရောင်းချတဲ့အထိ စိတ်ဓာတ်ခိုင်မာတဲ့မာရတ်ကာမိသားစု မနာလိုသူတွေမနှစ်သက်သူတွေနဲ့တွေ့ချိန်မှာဘာတွေဆက်ဖြစ်မှာလဲကျူးကျော်သူတွေကိုရော တိုက်ထုတ်နိုင်မှာလား ဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ တော်လှန်ရေးအတွက် မိုတီဗိတ်လုပ်တဲ့စကားတွေက တကယ်ကိုပြောင်မြောက်လွန်းလှပါတယ်။ဇာတ်အိမ်နဲ့ခေတ်ဟောင်းကားကြိုက်တဲ့သူတွေကျေနပ်ရမှာအမှန်ပါပဲအညွှန်းကိုတော့ Lwin Htoo Aung ရေးသားထားပြီးတော့Lwin htoo aung, honeyey,Shwe Pyae နှင့် Thet Hnin Hsu တို့မှဘာသာပြန်ဆိုထားပါတယ် File size…748MB / 1.37GB / 3.3GB Quality…720p HEVC ...
movie
Marakkar: Lion of the Arabian Sea (2021)
2021
1080p HEVC
6.7
Hero (2019)
(Unicode)မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့... Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။ကလေးတစ်ယောက်ကို "မင်းကြီးလာရင် ဘာလုပ်မလဲ"လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် "အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်" ၊ "ကားကောင်းကောင်း စီးချင်တယ်" ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ....?ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ...
movie
Hero (2019)
2019
7.5
Chitralahari(2019)
Chitralahari(2019) IMDb Rating - 7.5/10 Genere - Drama / Romance ဒရာမာဆိုရင် ဟင်ဒီ၊ ဖိုက်တင်ဆို တမီးလ်၊အချစ်ဆိုရင် တေလဂူးလို့တောင် ပြောရလောက်အောင် အဲ့ဒီလိုကားမျိုးတွေဟာ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကို ဖမ်းစားနိုင်စွမ်းရှိကြတယ်..... အခုလည်း တေလဂူးအချစ်ကားသစ်လေးကို မိတ်ဆက်ပေးပါရစေ... ကောင်လေးတစ်ယောက်ဟာ တီထွင်မှုတွေအမြဲလုပ်ဖို့ကြိုးစားနေတယ်... ပုံစံမျိုးစုံကြိုးစားနေပြီး သူ့ရဲ့လူငယ်သက်တမ်းတစ်လျှောက်လုံးမှာ အကောင်းမွန်ဆုံးတစ်ခုဆိုတာမျိုးကိုချပြနိုင်ဖို့ အချိန်တွေပေးခဲ့တယ်.. သို့ပေမယ့် သူပေးရတာတွေနဲ့မတန်အောင် ကျရှုံးမှုပေါင်းများစွာကြုံခဲ့ရသလို ဦးဏှောက်ဖောက်စားတဲ့သူများတွေကြောင့်လည်း နောက်ကောက်ကျခဲ့ရတာတွေရှိတယ်... ဒီလိုဖြစ်ရပ်တွေကြောင့်ကြာလာတော့ သူလည်း လောကကြီးကိုအရှုံးပေးချင်လာပုံရတယ်... သို့ပေမယ့် သူ့ဘ၀ကိုပြောင်းလဲစေနိုင်တဲ့ လမ်းပြကြယ်လေးကိုတွေ့ပြီးတဲနောက်မှာတော့... သူ့ရဲ့လမ်းပြကြယ်လေးဟာ ဘယ်သူလဲ.. သူတို့ဘယ်လိုဆုံတွေ့ကြလဲ... သူကရော သူ့ရည်မှန်းချက်အတိုင်း အကောင်းဆုံးတီထွင်မှုတစ်ခုကိုချပြနိုင်မလား.. ဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦး..... File Size : (950 MB) and (324MB) Quality : WEB-DL 720p, Format…mp4 Duration…02:11:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub)Translated by Myint Thu & Nyi Nyi Koe(MLMC) Encoded by Thanhtike Zaw
movie
Chitralahari(2019)
2019