Channel Myanmar

Kaho Tsuchimura

Someone (2016) 6.3
Someone (2016) Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူ‌အလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie

Someone (2016)

2016
The Real Thing (2020) 6.7
The Real Thing (2020) The Real Thing (2020)IMDb - 6.7/10ဒီကားလေးကတော့ မြန်မာပြည်ဖွား ဂျပန်ရောက်မင်းသား Morisaki Win 3rd Asia Contents Awards (ACA) မှာ မျက်နှာသစ်သရုပ်ဆောင်ဆု ရသွားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၃ နာရီ ၅၂ မိနစ် ရှိပါတယ်။ဇာတ်လမ်းအညွှန်းကတော့ .....ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းဆိုတဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့အလုပ်ကို စိတ်မပါဘဲလုပ်နေရတဲ့ Tsuji ဆိုတဲ့ကောင်လေးဟာ သူနဲ့တစ်ရုံးခန်းထဲက ထက်မြက်တဲ့စီနီယာမမကိုရော မနူးမနပ်ဂျူနီယာကောင်မလေးကိုရော နှစ်ယောက်ပြိုင်ပြီးတွဲခုတ်နေခဲ့ပါတယ်။အဲ့လိုတွဲနေပေမယ့် နှစ်ယောက်လုံးအပေါ် "အချစ်" ဆိုတဲ့ခံစားချက်မရှိတဲ့ Tsuji ရဲ့ဘဝထဲကို လျှို့ဝှက်ချက်တွေအပြည့်နဲ့ Ukiyo ဆိုတဲ့ထူးဆန်းတဲ့မိန်းကလေးတစ်ဦးဝင်လာတဲ့အခါ သူ့ဘဝက ချက်ချင်းဆိုသလိုဗြောင်းဆန်သွားရပါတော့တယ်တွေ့တဲ့အခါတိုင်း ပြသာနာပေါင်းစုံတက်တဲ့အပြင် သူ့ကိုအမြဲလိမ်ညာနေတဲ့ Ukiyo ရဲ့ အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးရင်း နောက်ဆုံး အဲ့ပြသာနာအိုးလေးကိုမှ တကယ်ချစ်မိသွားတဲ့ Tsuji တစ်ယောက် Ukiyo ရဲ့အတိတ်နဲ့ လျှို့ဝှက်ချက်တွေကိုသိသွားအခါမှာရော ဆက်ချစ်နိုင်ပါအုံးမလားဆိုတာ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Quality….WEB-DL 720p and 480p File size… ...
movie

The Real Thing (2020)

Mother 2020 6.7
Mother 2020 ဆရာသာဓုရေးတဲ့ အတာဝတ္တုဖတ်ဖူးကြလားအခုကားက အတာ ဂျပန်ဗားရှင်းပဲဆိုပါတော့အမေတစ်ယောက်ဖြစ်ဖို့ ကလေးမွေးလိုက်ရုံနဲ့ဖြစ်နိုင်ပြီတဲ့လားအမေဝတ္တရားမကြေပြွန်ပဲ သားသမီးကိုခိုင်းစားနေတဲ့အမေတွေကရော အခု မြန်မာပြည်မှာလည်းကလေးတွေကိုတောင်းစားခိုင်းနေတာတွေ အလုပ်အတင်းလုပ်ခိုင်းတာတွေဒီလိုပုံရိပ်တွေကိုမြင်ရတာ ရင်နာရပါတယ်ဂျပန်လိုနိုင်ငံမျိုးကို အမြဲ လူသားဆန်ပြီး နွေးထွေးတဲ့တိုးတက်တဲ့ပုံရိပ်တွေနဲ့ပဲကြည့်ဖြစ်ကြပေမယ့်အမေမဆန်တဲ့အမေတွေကတော့ မြန်မာမှ ဂျပန်မှမဟုတ်ဘူးနိုင်ငံတိုင်းမှာရှိတယ်ဆိုတာကိုသိလိုက်ရတာပဲအမေဟာ အမေလိုမနေပေမယ့် သားသမီးကတော့ သားသမီးလိုချစ်နေတာကပိုပြီးရင်နာစရာကောင်းခဲ့ပါတယ်မိဘကိုရွေးချယ်ခွင့်မရှိပေမယ့် ရွေးချယ်ခွင့်ရရင်တောင်မရွေးချယ်ပဲ ငါ့အမေဆိုတာကိုပဲ ချစ်ပြီး ကာကွယ်သွားတဲ့ကလေးမျိုးတွေဟာ ရုပ်ရှင်ထဲမှာတင်မဟုတ်ပဲအပြင်လက်တွေ့ဘဝမှာပါရှိပါတယ် ကိုယ့်မိဘတွေကရောဘယ်လိုမိဘတွေလဲ ကိုယ်ကရောဘယ်လိုသားသမီးဖြစ်နေလဲဆိုတာကိုအတွေးများစေတဲ့ကားလေးပါပဲIMDB 6.6 ရထားပြီး Netflix ကရိုက်ထားတာမို့ကြည့်လိုက်ရတဲ့အချိန်တွေအတွက် နှမြောစရာမဟုတ်တဲ့ကားကောင်းတစ်ကားပါပဲ File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:06:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Thinzar Htet   
movie

Mother 2020