Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kaali Venkat
8.4
Double Tuckerr (2024)
Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Double Tuckerr (2024)
6.6
DeAr (2024)
DEAR (2024) ( ချစ်သော)2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်း နိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါ နာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင်လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့ သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။ စမိတ်ဆက်တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီး အိပ်ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ။တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့ အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီး နှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှ သတို့သမီးရဲ့အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါ ငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့် ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့ မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။ အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲ လက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
DeAr (2024)
2024
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
8.7
Mersal (2017)
Mersal (2017) "" IMDb - 7.5ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.73GB / 2GB Quality…WEB DL 1080p /720p Format…mp4 Duration…2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byThaik San
movie
Mersal (2017)
2017
7.3
Theri (2016)
Theri (2016) "အတိတ်က မီးခိုးငွေ့အမျှင်တန်း" IMDb 7.3မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်... ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်...လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်... နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်...ရဲစခန်းမှာ ဆရာမက ...
movie
Theri (2016)
2016
9.5
Kida (2022)
Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများ IMDb - 9.3/10နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက် ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့ အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီး ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie
Kida (2022)
2022
9.3
Harkara (2023)
Harkara (2023)IMDb-9.7/10ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့....လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ် File size…2.24GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration…2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ KKKZ ~ YH
movie
Harkara (2023)
2023
7.1
Aneethi (2023)
Aneethi (2023)IMDb - 7.4/10 The Times Of India - 3.5/5"မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်... အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး.." တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ ...
movie
Aneethi (2023)
2023
6.3
Pizza 3: The Mummy (2023)
Pizza 3: The Mummy (2023) IMDb-7.0/10နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB/ 752MB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~YH~Yunni
movie
Pizza 3: The Mummy (2023)
2023
6.5
Veeran (2023)
Veeran (2023) IMDb-6.6/10ရူပီးဆယ်ကုဋေနီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ တမီးလ်စကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Veeran(ဗီရန်)...အဓိပ္ပါယ်က စစ်သည်တဲ့။ဒီရွာလေးဒုက္ခရောက်တဲ့အချိန်တိုင်း ဗီရန်ဆိုတဲ့နတ်တစ်ပါးက မြင်းကြီးကိုစီးပြီးရောက်လာလေ့ရှိသတဲ့။ကျောင်းကနေပြန်လာတဲ့ သူငယ်ချင်းသုံးယောက် ဗီရန်နတ်ကွန်းနားမှာ အဲဒီအကြောင်းပြောလာကြရင်း ကလေးတယောက်က ပေါက်ပန်းလေးဆယ်တွေထပြောပြီး မိုးကြိုးပစ်ခံရပါရော။အဲဒီလိုနဲ့ နယ်မြို့လေးမှာဆေးကုပေမယ့် သတိလည်မလာတာကြောင့် အစ်မဖြစ်သူက သူနဲ့အတူ စင်ကာပူကိုခေါ်သွားပါတယ်။အဲဒီလိုနဲ့ ၁၂နှစ်လောက်ကြာတော့မှ မိုးကြိုးပစ်ခံရတဲ့ကလေးက ရွာကိုပြန်လာခဲ့တယ်။သူပြန်လာတဲ့အချိန်မှာ လျှပ်စစ်မီးအလကားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ရွာပေါင်း၂၆ရွာအောက်ကနေ ကေဘယ်လ်လိုင်းတွေ ဆွဲခဲ့တယ်။မိုးကြိုးပစ်ခံရတဲ့ကောင်လေးတို့ရွာအောက်ကနေ ဆွဲဖို့ကျ ရွာမှာရှိတဲ့ဘုရားကို ဖျက်မယ်ဆိုပြီး ဖြစ်လာပါရော။ အဲဒီကေဘယ်လ်လိုင်းပရောဂျက်ရဲ့နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။အဓိကက မိုးကြိုးတိုက်ရိုက်ပစ်ခံရတာတောင် မသေဘဲ အကောင်းအတိုင်းပြန်လာတဲ့ကောင်လေးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ကျေးလက်အငွေ့အသက်လေးပါ ထည့်သွားထားတဲ့အပြင် ရယ်စရာလေးတွေထပ်ကာပေါင်း အက်ရှင်တွေမလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း လက်တို့ရင်း မြန်မာဘာသာသို့ပြန်ဆိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။(အညွှန်းကို Vမှရေးထားပြီး V~BpL~Aditi~Zwe~Yunni~ThaikSanတို့မှဘာသာပြန်ထားပါသည်။) File size…2.9GB /1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by V~BpL~Aditi~Zwe~Yunni~ThaikSan
movie
Veeran (2023)
2023
5.1
Rudhran(2023)
Rudhran (2023) IMDb 5.1ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ရုံကားလည်းဖြစ် ရုံတင်ငွေကလည်း ကုဋေ၂၀လောက်ပြန်ရခဲ့တဲ့ အပျင်းပြေအနေနဲ့ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း.... ဘွန်မီဆိုတာက ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ကိုဆန့်ကျင်တဲ့လူရှိရင် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ပစ်တတ်တဲ့လူ ဒီလူ့မှာတော့ သူချစ်ရတဲ့ညီ ဆာရှီဆိုတာရှိပါတယ် တစ်နေ့ သူ့ညီဆာရှီက အသတ်ခံလိုက်ရတော့ ဘွန်မီ့တစ်ယောက် ယူကြုံးမရတွေဖြစ်ပြီး တရားခံကိုအားကုန်သုံးကာ မြေလှန်ရှာပါတော့တယ် ...ရူဒရန်ကတော့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်လေး သူ့ကိုချစ်ပေးတဲ့မိသားစု သူငယ်ချင်းနဲ့ လိုလေသေးမရှိတဲ့လူပေါ့ အချိန်တန်ရင် အလုပ်သွား လစာထုတ် သောက်စားပျော်ပါးနေတတ်တဲ့ကောင်လေးက ဘွန်မီ့ညီကိုသတ်မိတဲ့ တရားခံဖြစ်နေခဲ့ပါတယ် ဒါကဘာကြောင့်ဖြစ်နိုင်မလဲ အကုန်ကြောက်ရတဲ့ ဘွန်မီနဲ့မှ သွားပတ်သက်မိလေတော့ သူ့ဘဝရော အရင်လိုအေးချမ်းနိုင်ပါ့မလားရှေ့တစ်ခန်းနှစ်ခန်းနဲ့ ပေါကားလို့ အဆုံးဖြတ်မစောဘဲ ဇာတ်လမ်းအလှည့်အပြောင်းကို စောင့်ကြည့်ခံစားကြပါဦး File size…3.4GB / 1.6GB Quality…1080p HQ WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin~Sai~Yunni~BpL~Nyein
movie
Rudhran(2023)
5.0
The Legend(2022)
The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie
The Legend(2022)
2022
6.9
Gatta Kusthi (2022)
Gatta Kusthi (2022)နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်..ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲဗီရာ(Vishnu)ကတော့ တစ်ဦးတည်းသောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni
movie
Gatta Kusthi (2022)
2022
7.7
Nitham Oru Vaanam (2022)
Nitham Oru Vaanam (2022)—————————————————IMDb _ 7.7/10ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်..ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်..အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB / 1.05GB Quality…1080p True ...
movie
Nitham Oru Vaanam (2022)
2022
7.7
Repeat (2022)
Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie
Repeat (2022)
2022
5.9
Sinam (2022)
Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB / 881MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie
Sinam (2022)
2022
8.4
Gargi (2022)
Drama, Thriller, Mystery IMDb - 8.4 / 10"ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?"ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့....သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင်အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB / 800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo ...
movie
Gargi (2022)
2022
4K HEVC Web-DL
7.8
Dejavu (2022)
Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie
Dejavu (2022)
2022
5.6
Maari 2 (2018)
Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie
Maari 2 (2018)
2018
6.6
Ayngaran (2022)
Ayngaran (2022) ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ...တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ...တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ...အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size ...
movie
Ayngaran (2022)
2022
1
2
Next