Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jyothika
7.8
Srikanth (2024)
Srikanth (2024) ဆရီကန့်သ်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ...
movie
Srikanth (2024)
2024
7.2
Shaitaan (2024)
Shaitaan (2024) "မကောင်းဆိုးဝါး" IMDb - 7.2/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်က ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။ အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲက တောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင် အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါ ပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။ မူရင်းရုပ်ရှင် Vash (2023)ကို ကြည့်ပြီးသူတွေကတော့ ဇာတ်လမ်းကိုသိပြီးသားဖြစ်မှာဆိုပေမဲ့ တင်ဆက်ပုံကွဲပြားတဲ့အတွက် မတူညီတဲ့ရသကို ခံစားရစေမှာပါ။စေတန်တဲ့...။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။ သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း၊ အထက်လမ်း၊ ...
movie
Shaitaan (2024)
2024
8.2
Kaathal – The Core (2023)
Kaathal – The Core (2023) ဗဟိုအူတိုင်IMDb-8.2/10 Rotten tomatoes -100%အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပြန်ပါပြီ။Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။ အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။ မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူနေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ...
movie
Kaathal – The Core (2023)
2023
7.4
Raatchasi (2019)
ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ...
movie
Raatchasi (2019)
2019
5.3
Udanpirappe(2021)
Udanpirappe (2021)Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်းတစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲအိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။“အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီးတစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိသူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူကအစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေတစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ...
movie
Udanpirappe(2021)
7.1
Ponmagal Vandhal (2020)
(မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie
Ponmagal Vandhal (2020)
2020
6.9
Thambi (2019)
(Unicode)ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ 'မောင်လေး' အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နည်းနည်းလေး အာရုံပေးချင်ပါတယ်.... လှည့်စားချင်ပါတယ်....ဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့... ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။လတ်တလောမှာ ...
movie
Thambi (2019)
2019
7.6
Kaatrin Mozhi(2018)
Kaatrin Mozhi(2018)IMDb...7.6အားလုံးအကြိုက်တွေ့မယ့် ဒရာမာဟာသ ကုလားကားကောင်းကောင်းလေးတကားလာပါပြီ...... ဒီကားထဲကမင်းသားမင်းသမီးကြီးက ချစ်စဖွယ်ရုပ်ကလေးရှိပေမယ့် ခပ်၀၀ပုံစံမျိုးဆိုတော့ ကြည့်လို့အဆင်ပြေမှာမဟုတ်ဘူးထင်ရင်တော့မှားသွားလိမ့်မယ်..ဒီခပ်၀၀မင်းသမီးကြီးရဲ့ပုံစံကပဲ ဒီဇတ်လမ်းနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အပြင်အိမ်ထောင်ရှင်မဇာတ်ရုပ်ကိုထပ်လောင်းအသက်ပါစေတဲ့ဟန်ပန်မျိုးဖြစ်နေတယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောမယ်ဆိုရင်.. အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ Viji တစ်ယောက်ဟာ အခြေခံလူတန်းစားအိမ်ထောင်ရှင်မတစ်ဦးဖြစ်ပေမယ့် သူမဘဝတိုးတက်အောင်အမြဲလိုလိုကြံဆတွေးတောနေတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်... သူမရဲ့အဖေအစ်မတွေက သူမကိုငယ်ငယ်ကတည်းက စာပေမှာမထူးချွန်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး အမြဲလိုလိုနှိမ်သလိုလိုခနဲ့သလိုလိုပြောဆိုကြတော့ Viji ဟာ တစ်ခုခုကိုလုပ်ပြချင်နေတယ်...စာပေထူးချွန်တာနဲ့ ဘ၀အောင်မြင်မှုဟာ တိုက်ရိုက်အချိုးမကျကြောင်းကို သက်သေပြချင်တယ်... ဒီလိုနဲ့ တစ်နေ့မှာတော့ ရေဒီယိုအစီအစဉ်တစ်ခုပြိုင်ပွဲမှာဝင်ပြိုင်ရင်း ပထမရသွားတယ်...ဒီပထမဆုရတာဟာ သူမအတွက် အခွင့်အလမ်းကောင်းတစ်ခုလိုထင်တဲ့အတွက်သူမရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်...ကိုင်း Viji တစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲ...သူမ ဒီ့ထက်ပိုအောင်မြင်မလား...ဟာသလေးတွေနှောပြီး ဘ၀နေနည်းလေးတွေကို ပညာသားပါပါပြသွားတဲ့ကုလားကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..File Size : (1.2GB) and (416 MB) Quality : Blu-Ray 720p Format…mp4 Duration…02:28:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Kaatrin Mozhi(2018)
2018
8.0
Chekka Chivantha Vaanam (2018)
IMDb Rating -7.9/10 Google Users - 93% ထိ"ဇာတ်လမ်းအညွှန်း"ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ဒီသတင်းကို ကြားတော့...သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ "ဗာရာဒန် "၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် "သီယာဂူ"၊သားငယ် "အီသီ"တို့ ရောက်လာကြပါတယ်။ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။တရားခံက ဘယ်သူလဲ?ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ....။ ---------------------------------------- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . .ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . .သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . .ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ဇာတ်လမ်းက ...
movie
Chekka Chivantha Vaanam (2018)
2018