Channel Myanmar

Justin Williams

Billy Madison (1995) 6.3
Billy Madison (1995)  နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie

Billy Madison (1995)

Dante’s Peak (1997) 6.0
Dante’s Peak (1997)  ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

Dante’s Peak (1997)