Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Justin Chatwin
6.5
War of the Worlds (2005)
War of the Worlds (2005)IMDb Rating (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့ Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie
War of the Worlds (2005)
4K HEVC
4.7
Die in a Gunfight (2021)
ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie
Die in a Gunfight (2021)
4K HEVC
5.7
The Walk (2022)
The Walk (2022)ဇာတ်လမ်းကတော့ ၁၉၇၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်။ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလပေါ့။ ဘော်စတွန်တောင်ပိုင်းမှာ လူဖြူတွေချည်းတက်တဲ့ ကျောင်းရှိတယ်။ ပြောရရင် လူမျိုးရေးခွဲခြားတဲ့ စနစ်ကျင့်သုံးတဲ့ကျောင်း။ အဲဒီကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။ ဒီတော့ လူမဲတွေကြားမနေချင်တာရော ကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။Justin Chatwineနဲ့ မူလ war machine Terrence Howardတို့ရဲ့ သရုပ်ဆောင်စကေးကောင်းကောင်လေးကိုကြည့်ရမယ့် ရုပ်ရှင်ပါ။ သူတို့သရုပ်ဆောင်ကောင်းသလို ဇာတ်ကလည်း emotionalဖြစ်စရာလေးတွေပါလို့ ကြည့်ကောင်းတဲ့ ဒရာမာရုပ်ရှင်တစ်ကားပါပဲ။ လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး ...
movie
The Walk (2022)
Taking Lives (2004)
Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie
Taking Lives (2004)
5.0
Summer Night (2019)
နွေရာသီနောက်ဆုံးရက်သတ္တပတ်တွေထဲက တစ်ရက်အကြောင်းပါအချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Seth နှင့် Jamesonရယ်Taylorနှင့်တခြားသူငယ်ချင်းတွေရဲ့ music bandတွေဟာ သူတို့မြို့ထဲမှာရှိတဲ့The Alamoမှာဖျော်ဖြေရမှာပါ Sethမှာလဲ သူ့လူငယ်ဘဝကိုပြောင်းလဲသွားစေမယ့်သတင်းတစ်ခုနဲ့လဲ စိတ်ရှုပ်နေပါတယ်Jamesonကလဲ သူ့ရဲ့အဆက်ဟောင်းမိန်းကလေးနဲ့မကြာခင်ကဆုံခဲ့တဲ့အလန်းလေးတစ်ယောက်ကြား တွေဝေနေပါတယ်တစ်ခြားသူငယ်ချင်းတွေဆီမှာလည်း လူငယ်သဘာဝကိစ္စလေးတွေကိုယ်စီကိုယ်စီနဲ့ရှိနေပါတယ်ဒီဇာတ်ကားမှာ လူငယ်တို့သဘာဝ နွေရာသီညတစ်ညကိုကုန်ဆုံးတာနှင့်music bandရဲ့သီချင်းလေးတွေကို ခံစားရမှာဖြစ်ပါတယ် castတွေအနေနဲ့တော့မျက်နှာသိပ်မစိမ်းတဲ့ လူငယ်သရုပ်ဆောင်တွေကို တွေ့ရမှာဖြစ်ပါတယ်File Size : (870 MB) & (329 MB)Quality : Web-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Summer Night (2019)
2018
5.7
The Assassin’s Code (2018)
မိုက်ကယ်ကွန်နယ်လီ ကလေ့ဗ်လန်းမြို့နယ်လေးက ရဲစခန်းက စုံထောက်တစ်ယောက် ဖခင်ဖြစ်သူကရဲဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်မှာ ပူးပေါင်းပါဝင်ခဲ့သူဖြစ်နေတော့ သူ့အဖေကိုမုန်းတီးနေခဲ့ပါတယ်အဲ့လိုနဲ့သူကိုယ်တိုင်ရဲဖြစ်လာတဲ့အခါ သူ့အဖေနဲ့ဆက်စပ်မှုရှိခဲ့တဲ့မူးယစ်ဆေးအမှုကိုကိုင်တွယ်ရဖို့အကြောင်းဖန်လာပါတယ်ဒီလိုမျိုးဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ရာဇဝတ်မှုရဲ့နောက်ကွယ်မှာအကောင်ကြီးကြီးအမြီးရှည်ရှည်ကောင်တွေပါနေကြဆိုတော့အခုဒီကားမှာလည်း အညတရရဲစုံထောက်လေးတစ်ယောက်က ဘယ်လိုများကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာဒေါင်းကြည့်လိုက်ကြပါဦးလို့(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်း ပါ)File Size : (750 MB) and (340 MB)Quality : AMZN WEB-DL 720p Running Time : 1hr 35min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-SiGMA Translated by Hein Min Tun Encoded by Thanhtike Zaw
movie
The Assassin’s Code (2018)
2018
6.0
CHiPS (2017)
ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ်တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။[မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။(ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်)File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
movie
CHiPS (2017)
2017