Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Justin Bieber
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
6.8
American Symphony (2023)
ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့ မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။ တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။ သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြား မနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီး နေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီး နှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီး ဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလို သံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲ ဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲ အမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့ ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ...
movie
American Symphony (2023)
2024
5.9
Katy Perry: Part of Me (2012)
Katy Perry: Part of Me (2012) ====================== IMDb Rating - 5.9/10♪...I used to bite my tongue and hold my breath... Scared to rock the boat and make a mess... So I sat quietly, agreed politely...♪ CM ပရိတ်သတ်ကြီးတို့အားလုံးနီးပါး ဒီ "Roar"သီချင်းနဲ့ရင်းနှီးကြမှာပါ။ Katy Perry လို့ဆိုလိုက်ရင် သူ့ရဲ့နာမည်ကြီး သီချင်းတွေဖြစ်တဲ့ "Hot n Cold"၊ "Roar"၊ "Teenage Dream"နဲ့ "I Kissed a Girl"တို့ကို တန်းပြီး မျက်လုံးထဲပေါ်လာကြမှာပါ။ သူ့ရဲ့ခေတ်သစ်ပေါ့ပ်သီချင်းတွေနဲ့ သူမတူတဲ့ Camp တွေကြောင့် "Queen of Camp"လို့တင်စားရတဲ့သူ၊ ခေတ်သစ်ပေါ့ပ်ဂီတသမိုင်း မှာ စံချိန်များစွာချိုးဖူးတဲ့သူတစ်ယောက်။ဒါလေးကတော့ (2012)တုန်းက "California Dreams Tour"ဖျော် ဖြေရေးခရီးစဉ်နဲ့ ...
movie
Katy Perry: Part of Me (2012)
2012
8.7
Friends: The Reunion (2021)
Friends: The Reunion (2021)=====================IMDb Rating - 8.7/10FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလိုစကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကိုမြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoilerအကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် ...
movie
Friends: The Reunion (2021)
2021
Justin Bieber: Never Say Never(2011)
Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာBirthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆိုရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။Clarification - Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre ..... Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu
movie
Justin Bieber: Never Say Never(2011)
Justin Bieber’s Believe(2013)
Justin Bieber's Believe (2013) ======================================== ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကိုရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရောသီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက်Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီးTour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလိုဝေဖန်မှုများစွာ ...
movie
Justin Bieber’s Believe(2013)
2013
5.2
Justin Bieber: Our World (2021)
Justin Bieber : Our World (2021)This Is My World Documentary ထွက်ပြီး ဆယ်နှစ်အကြာမှာ Our World အမည်ရ Documentary လေးထွက်ရှိလာပြီဖြစ်ပါတယ်။2010 ခုနှစ်ဝန်းကျင်တွေမှာ Justin Bieber ဆိုတဲ့နာမည်ဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပဲ့တင်ထပ်နေခဲ့သလိုပဲ၊ အဲ့အချိန်တုန်းက Justin ကို သဘောမကျခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။ "Baby" သီချင်းနဲ့ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ Justin Bieber ဟာ ဆယ်နှစ်အတွင်းမှာ ဘဝအချိုးအကွေ့ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အရည်အချင်းရှိ အဆိုတော်တစ်ယောက်ဆိုတဲ့အချက်ကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ဒီ Our World Documentary ကို လော့စ်အိန်ဂျလိစ်မြို့မှာတည်ရှိတဲ့ Beverly Hilton ဟိုတယ်ရဲ့ မိုးမျှော်ထပ်မှာ ရိုက်ကူးခဲ့တာပါ။ ကိုဗစ်ကြောင့် ရှိုးပွဲကို လူအယောက် ၂၄၀ ပဲတက်ရောက်ခဲ့ရပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်းသန်းနဲ့ချီပြီးကြည့်ရှုခဲ့ကြပါတယ်။ My World album ကစလို့ Believe, Purpose, Changes စတဲ့ Album ထဲက သီချင်းပေါင်းမြောက်များစွာကို သီဆိုဖျော်ဖြေထားပါတယ်။ စတိတ်အပြင်အဆင်ကလည်း ...
movie
Justin Bieber: Our World (2021)
2021
8.1
Billie Eilish: The World’s a Little Blurry (2021)
Billie Eilish : The World's a Little Blurry (2021)IMDb 8.4Billie Eilish fan တွေအတွက် Billie ကတော့ လက်ဆောင်အကြီးကြီး ပေးလိုက်ပြန်ပါပြီbiography , documentary , music အမျိုးအစားဖြစ်ပြီး Billie တစ်ယောက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်အောင် ကြိုးစားခဲပုံတွေ၊သူ့ရဲ့ Debut Album ဖြစ်တဲ့ When We All Fall Asleep, Where Do We Go? ဖြစ်မြောက်အောင် ကြိုးစားမှုနဲ့ နောက်ကွယ်က ဇာတ်လမ်းတွေအပြင်Billie နဲ့ သူ့ရဲ့ မိသားစုရဲ့အကြောင်းကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်တစ်နည်းအားဖြင့် ဒီ Doc ဟာ Billie နဲ့ သူ့ရဲ့ ပရိသတ်တွေ ပိုပြီး နီးကပ်ရင်းနှီးသွားအောင် ဖော်ဆောင်ပေးမယ့် film လေးပဲဖြစ်ပါတယ် Translated ...
movie
Billie Eilish: The World’s a Little Blurry (2021)
2021