Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Justin B. Carter
Black Sheep (2007)
Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာ ချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရက်စက်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ရက်စက်တဲ့ ဖုတ်ကောင်အကြမ်းဖက်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီး သွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Black Sheep (2007)