Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Yu-mi
Manhole (2014)
Manhole (2014)**************Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှJung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအညွှန်း-မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကိုအစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီးနှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြားပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်းစုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလိုပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကိုဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီးဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)File size…1.30GB ...
movie
Manhole (2014)
7.4
Wonderland(2024)
Wonderland(2024)******************Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်... တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကိုvideo call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ...ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကိုAI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် ...ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလိုဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်... လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက် Wonderland service ကို ယူပြီးတော့ သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်.... နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်းvideo call ...
movie
Wonderland(2024)
8.1
Silenced (2011)
မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie
Silenced (2011)
2011
6.7
Chaw(2009)
Chaw(2009)************* Train To Busanထဲက မင်းသမီး ဂျောင်ယူမီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်....ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာ ရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့ လက်ဖြောင့် မုဆိုးကြီးတွေပဲဖြစ်ကြပါတယ်။စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက် လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်း အပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။File size… 3.4GB& 1.5GB Quality… WEB-DL1080p,720p Format…mp4 Duration….2hr 03min Genre ….. Action, Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet
movie
Chaw(2009)
7.6
A Bittersweet Life (2005)
IMDb Rating (7.6) / Rotten Tomatoes (100%)မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ..တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ...အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား??အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ..သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz
movie
A Bittersweet Life (2005)
2005
7.1
Silmido (2003)
Silmido (2003)ရှီမီဒို ခေါ် ရှီမီကျွန်းဟာ တောင်ကိုရီးယားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူနေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမနေတဲ့ ကျွန်းမှာပဲ တောင်ကိုရီးယားနိုင်ငံရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ မြောက်ပိုင်းခေါင်းဆောင်က ကိုရီးယားနိုင်ငံပေါင်းစည်းရေးဆိုပြီး တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို စေလွှတ်ခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်ပေ။ အမိကိုရီးယားနိုင်ငံ ပေါင်းစည်းရေး၊ ၂ နိုင်ငံငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ မြောက်ပိုင်းခေါင်းဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟုခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်ရေးလေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie
Silmido (2003)
2003
6.3
Tough as Iron (2013)
Tough as iron (2013)'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ...ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို ...
movie
Tough as Iron (2013)
6.8
My Dear Desperado (2010)
[Unicode]2010 (31st) Blue Dragon Film Awards မှာ ဒီဇာတ်ကားရဲ့ Best New Director ဆုကိုရရှိခဲ့ပြီး မင်းသမီး Jung Yu-Mi လည်း 2011 (33rd) Golden Cinematography Awards ပွဲမှာ Best Actress ဆုကို ရရှိခဲ့ပါတယ် ။ ပုံမှန်ကြည့်နေကျ Comedy-Romane တွေလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့လောက်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရခဲ့ပါတယ် ဆိုးလ်ကို သွားပြီး အလုပ်လုပ်ကိုင်လိုတာကြောင့် ဖခင် တားမြစ်တဲ့ ကြားကနေပဲ ဆိုးလ်မှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်Company တစ်ခုမှာ အလုပ်ဝင်ပြီး အလုပ်ကိုင်သစ် ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ... သူမ အလုပ်လုပ်တဲ့ Company ဒေဝါလီခံရပြီး သူမလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီးဈေးပေါတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းငှားနေခဲ့ရပါတယ် အဲ့မှာပဲ လူမိုက် အိုဒုံချောနဲ့ သူမတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ ...
movie
My Dear Desperado (2010)
7.6
Kim Ji-young, Born 1982(2019)
Kim Ji-young, Born 1982(2019)IMDb...7.6(unicode)ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပါ... ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြားအတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်...နာမည်ကြီးသရုပ်ဆောင် Yoo Gong အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်..Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ...တခြားဇာတ်ညွှန်းတွေတော့မရေးတော့ပါဘူး... တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoiler ဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....(zawgyi)ဒီဇာတ္ကားက နာမည်ကျော်ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပါ... ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြားအတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်...နာမည်ကြီးသရုပ်ဆောင် Yoo Gong အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်..Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ...တခြားဇာတ်ညွှန်းတွေတော့မရေးတော့ပါဘူး... တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoiler ဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : (950 MB) and (402 MB) Quality : HD-Rip 720p Format…mp4 Duration…01:58:00 Genre ...
movie
N/A
The Table (2016)
ကျွန်တော်တို့အားလုံးကော်ဖီဆိုင်မှာထိုင်ဖူးကြတယ် လမ်းဘက်ကိုမြင်ရတဲ့ထိုင်ခုံလေးမှာပေါ့ ကော်ဖီလေးသောက်ရင်းလမ်းပေါ်ကိုငေးရတာ သိပ်အရသာရှိတယ်မဟုတ်လား ဒီကားလေးကလဲဒီလိုပါပဲ The Tableဆိုတာက ကော်ဖီဆိုင်လေးက မှန်ပြတင်းပေါက်နားက လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ခုံလေးကိုရည်ညွှန်းတာပါ.. ဒီဇာတ်ကားလေးက အဲ့ဒီထိုင်ခုံလေးမှာလာထိုင်ရင်းတွေ့ကြ စကားစမြည်ပြောကြတဲ့ လူသား၈ယောက်အကြောင်းကိုရိုက်ထားတာပါ ဒီထိုင်ခုံလေးမှာထိုင်ပြီး.ငယ်ရည်းစားစုံတွဲစကားပြောခဲ့ကြတယ် ဒီထိုင်ခုံလေးကနေ အချစ်တစ်ခုရှာတွေ့သွားကြတယ် ဒီထိုင်ခုံလေးကနေ ... ဒီထိုင်ခုံလေးကနေ... ထိုင်ခုံလေးရဲ့တစ်နေ့တာကိုကျွန်တော်တို့ခံစားရအောင်ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းဟာ တွေးရင်တွေးသလို သင့်ခံစားမှုကိုလှုံဆော်ပေးပါလိမ့်မယ် ဒီကားဒါရိုက်တာကလဲဒီခံစားမှုကိုပေးချင်တဲ့ပုံစံပါပဲ ကျွန်တော်တို့က ဒီထိုင်ခုံလေးမှာထိုင်ခဲ့တဲ့လူသား၈ယောက်ရဲ့ ဘဝတစ် စိတ်တစ်ပိုင်းကိုပဲသိရမှာပါ ဒါပေမယ့် တစ်တွဲထပြန်သွားတိုင်း အတွေးတွေကျန်ခဲ့ပါလိမ့်မယ် ငယ်ငယ်ကချစ်ခဲ့တဲ့ ငယ်ရည်းစားနဲ့အချိန်တွေကြာပြီးမှ ဒီဆိုင်လေးမှာ စကားပြောဖြစ်ခဲ့ရင် သင်တို့ရောဘာစကားတွေစပြောမလဲ? ဒီရုပ်ရှင်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Table (2016)
2016
6.7
Psychokinesis (2018)
Psychokinesis ကိုးရီးယားရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီက ထွက်ရှိထားတဲ့ ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်Imdb rating အနေနဲ့ 5.8/10ရရှိထားပြီး ဇာတ်လမ်းကြာမြင့်ချိန် ၁နာရီ မိနစ်၄ဝရှိပါတယ်ဒီဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ နာမည်ကြီး Train to Busan ဇာတ်ကားကို အသက်သွင်းခဲ့တဲ့ Yeon Sang Ho ဖြစ်ပါတယ်ဇာတ်လိုက်မင်းသားကြီးနေရာမှာ တော့ဝါရင့် သရုပ်ဆောင် Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။မင်းသမီးကတော့Shim Eun Kyung ဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်အက်ရှင်ကားတွေလို တိုက်ခိုက်ခန်းတွေ မင်းသားနဲ့မင်းသမီးချစ်ကျွမ်းဝင်တာ စတာတွေကို ရိုက်ကူးထားတာမဟုတ်ပါဘူး.....သဘာဝလွန်စွမ်းအားကိုမတော်တဆရရှိသွားတဲ့ဖခင်ဖြစ်သူက သမီးလေးကို ကာကွယ်ဖို့ကြိုးစားအားထုတ်ပုံ.....တစ်ခြားသူတွေကိုတက်နိုင်သလောက်ကူညီပေးပုံစတာတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်....ပိုစတာမှာပြထားသလို ကောင်းကင်ယံမှပျံဝဲနေတဲ့ လူကြီးတစ်ယောက်ဟာ ဘယ်လိုတွေအစွမ်းပြသွားမလဲဆိုတာ ပရိသတ်တွေကြည့်ရှုလိုက်ပါဦးနော်(ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 41min Format : Mp4 Genre ...
movie
Psychokinesis (2018)
2018