Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Woo-sung
A Moment to Remember (2004)
A Moment to Remember (2004)*********************************အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလိုဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီးအမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက်ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေကဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလိုသင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းကပေါ့။တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာအချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလိုကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ...
movie
A Moment to Remember (2004)
7.5
Daisy (2006)
နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။ အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်...သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်... ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်... အတ္တတွေမရှိဘူး....ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ... ဪ...တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။Daisy (2006)IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။+++++++++++++++++++ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်....++++++++++++++++++++ဒေစီ မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ...
movie
Daisy (2006)
2006
1080p Untouched
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
7.0
Cobweb(2023)
Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho Im Soo Jung Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့ တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့ ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie
Cobweb(2023)
4
Honeysweet (2023)
Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Honeysweet (2023)
2023
6.3
A Man of Reason (2023)
A Man of Reason (2023)Jung Woo Sung, Kim Nam Gil, Park Sung Woong တို့လို နာမည်ကြီးတွေ cast တွေ ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းကောင်းလေးကို တင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကတော့ ဘော့စ်ရဲ့ကိုယ်စား ထောင်ထဲမှာ ၁၀ ကျော်ကြာအောင် အစားဝင်နေပေးခဲ့တဲ့ ဆူဟျော့ဟာ ထဒထောင်က လွတ်လာတဲ့အချိန်မှာ သမီးလေးတစ်ယောက်ရှိနေတာကို သိသွားတဲ့အချိန်မှာ သာမန်လူအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်ပါတော့တယ်ဒါပေမဲ့ လူမိုက်လောက ဆိုတာ ဝင်ချင်တိုင်း ထွက်ချင်တိုင်းထွက်လို့ မရတာမို့ အခက်တွေ့နေပြီး တစ်ဖက်မှာလည်း သူ့ကိုရှင်းပစ်ချင်တဲ့လူတွေရှိနေပါသေးတယ်ဝူဂျင်းကတော့ ကြေးစားလူမိုက်ဖြစ်ပြီး မိုက်တာလိုလို မမိုက်တာလိုလိုပါပဲ... မိုက်ချင်ယောင်ဆောင်ပေမဲ့ တကယ်တမ်းကျမမိုက်နိုင်တဲ့လူမျိုးပါ.. ခပ်မိုက်မိုက်ပုံစံနဲ့ ပိုက်ဆံယူပြီး တကယ့်လူမိုက်ကိုမှ သွားရှင်းရမယ့် အဖြစ်ကိုကြုံတဲ့အခါမှာတော့...ဘယ်လိုတွေဖိုက်ကြမလဲ.. ဘယ်လိုတွေကြမ်းမလဲဆိုတာ ကြည့်ပေးကြပါဦး မင်းသားကြီးတွေချည်း ပါဝင်ထားတဲ့ရုပ်ရှင်မို့လို့ သဘောတွေ့ကြမယ်လို့တော့ မျှော်လင့်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | ...
movie
A Man of Reason (2023)
The Warrior (2001)
ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သားတွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေကရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size… 3.98 GB / 1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre ..... Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
The Warrior (2001)
2001
6.2
Bear Man (2023)
Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie
Bear Man (2023)
2023
6.7
The Divine Move(2014)
The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည....မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်...လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်....အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ...သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံးအဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်းလည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်...ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင်မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်...ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်...ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်...Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ...အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာCold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်...ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေမျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စားအက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလိုအက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်...ကိုင်းညွှန်းတာလည်း ...
movie
The Divine Move(2014)
2014
7.3
Hunt (2022)
Hunt (2022)(1080p ရပါပြီ)Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ...
movie
Hunt (2022)
2022
6.6
City of the Rising Sun (1998)
City Of The Rising Sun (1998)ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB ...
movie
City of the Rising Sun (1998)
1998
6.6
Shanghai Grand (1996)
Shanghai Grand (1996)ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ ...
movie
Shanghai Grand (1996)
7.3
The Good, the Bad, the Weird (2008)
IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie
The Good, the Bad, the Weird (2008)
2008
7.0
I (2021)
I (2021) အညွှန်း*************မိဘမဲ့လည်းဖြစ် ကလေးပြုစုစောင့်ရှောက်နည်းသင်တန်းပါတက်ထားတဲ့ Ah young ဟာအလုပ်လိုက်ရှာရင်းနဲ့ ကလေးထိန်းအလုပ်ကိုရသွားပါတယ်.... သူထိန်းပေးရမယ့်ကလေးလေးရဲ့မိခင်ဟာလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့အရက်ဆိုင်ကအပျော်မယ် single mother တစ်ယောက်ပါ....၂ယောက်လုံးရဲ့ လက်ရှိအနေအထားတွေဟာ တခြားသူတွေထက်ပိုခက်ခဲနေတဲ့ အနေအထားတွေပေါ့...ဒီလိုနဲ့သူတို့ (၂)ယောက်ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပေါ့...အဲ့ဒီနောက်မှာတော့ ရုန်းကန်နေရတဲ့သူတို့ အတွက် ပြဿနာအကြီးကြီးတွေရောက်လာတဲ့အခါမှာတော့...သူတို့ဘယ်လို ဖြေရှင်းကြမလဲ...မိန်းမသားတွေဖြစ်ပေမဲ့ လောကဒဏ်ကို ဘယ်ကြံ့ကြံ့ခံရင်ဆိုင်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ...ဒီကားထဲကသရုပ်ဆောင်မင်းသမီးတွေကတော့ နာမည်ကြီးတွေကြီးပဲမို့ ထွေထူးမညွှန်းတော့ပါဘူး ...File Size :(2.1GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ichika Satoru Encoded by Phyo Pyae
movie
I (2021)
5.3
Trade Your Love (2019)
[Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie
Trade Your Love (2019)
7.5
Steel Rain 2: Summit(2020)
Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie
Steel Rain 2: Summit(2020)
7.1
Beasts Clawing at Straws(2020)
Beasts Clawing at Straws(2020)IMDb...7.1ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်.. ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ.. တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့ အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်... သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်... သူဘယ်လိုဆက်လုပ်မလဲ.... တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်.. ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင် သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့ ဇောချွေးပြန်နေတယ်...သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာ ခံစားကြည့်ကြပါ... Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်.... ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး..... ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး..... ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်... အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားတယ်....File Size : (947 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Thriller , ...
movie
Beasts Clawing at Straws(2020)
7.0
The King(2017)
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie
The King(2017)
2017
6.0
[18+]Scarlet Innocence(2014)
Scarlet Innocence(2014)(unicode)တစ်ချို့သော ကိုရီးရား အချစ်ကားတွေဟာ တော်ရုံ adult ကားတွေထက် ဆွဲဆောင်မှုရှိကြတယ်လို့ဆိုကြတယ်...အဲ့ဒီကားတွေထဲမှာ Scarlet Innocence (2014) လည်းအပါအဝင်ဖြစ်တယ်...ကြည့်ဖူးတဲ့သူတွေသိကြသလို အကြည်လေး သိမ်းထားချင်တဲ့သူတွေအတွက်ရော မကြည့်ရသေးတဲ့သူတွေအတွက်ရော တင်ဆက်ပေးလိုက်တယ်...ဒီကားက ဇာတ်လမ်းလည်းကောင်းမွန်လှသလို မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေပါပဲ... (18+)လူကြီးခန်းများ အများအပြားပါတာမို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး... ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားကောင်းမို့ ခံစားကြည့်ကြပါဦးလို့ပဲပြောပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်...(zawgyi)တစ်ချို့သော ကိုရီးရား အချစ်ကားတွေဟာ တော်ရုံ adult ကားတွေထက် ဆွဲဆောင်မှုရှိကြတယ်လို့ဆိုကြတယ်...အဲ့ဒီကားတွေထဲမှာ Scarlet Innocence (2014) လည်းအပါအဝင်ဖြစ်တယ်...ကြည့်ဖူးတဲ့သူတွေသိကြသလို အကြည်လေး သိမ်းထားချင်တဲ့သူတွေအတွက်ရော မကြည့်ရသေးတဲ့သူတွေအတွက်ရော တင်ဆက်ပေးလိုက်တယ်...ဒီကားက ဇာတ်လမ်းလည်းကောင်းမွန်လှသလို မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေပါပဲ... (18+)လူကြီးခန်းများ အများအပြားပါတာမို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး... ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားကောင်းမို့ ခံစားကြည့်ကြပါဦးလို့ပဲပြောပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်...File Size : (900 MB) and (395 MB) Quality : Blu-Ray 720p Format…mp4 Duration…01:53:00 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Fliex Encoded by War Dog
movie
7.1
Innocent Witness (2019)
အပြစ်ကင်းတဲ့သက်သေ... ================ တစ်နှစ်သမီးအရွယ်မှာ တခြားကလေးတွေက ဖေဖေမေမေ ခေါ်တတ်ရုံရှိသေး၊ ဂျီဝူးကတော့ ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင် အတတ်မြန်သူလေးပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူကလေးဟာ အော်တစ်ဇင်ဖြစ်လို့ နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဂျီဝူးဟာ အော်တစ်ဇင်ထဲမှာမှ ဓာတ်ပုံရိုက်ယူထားသလို ကောင်းမွန်စွဲမြဲတဲ့ မှတ်ဉာဏ် (Photographic memory) နဲ့ နားအလွန်ပါးတဲ့၊ အဝေးကြီးက တီးတိုးသံကိုတောင် သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ (Hyperacute Hearing) ကို ပိုင်ဆိုင်သူလဲ ဖြစ်နေပြန်ပါတယ်။ ပဟေဠိတွေ၊ စကားထာတွေကိုလဲ သူက ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်ပြန်တယ်။ သူ့မှာ အားနည်းတာကတော့ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာပါ။ လူကိုကြည့်ပြီး စကားမပြောတတ်သလို သူ့ကို လာပြောရင်လဲ သူ့စိတ်ထဲက မရင်းနှီးရင် ပြန်ကိုမပြောတာမျိုးပါ။ အဲဒီလို အနေအထားမျိုးရှိတဲ့ ဂျီဝူးလေးဟာ အသက်ဆယ့်ငါးနှစ်အရွယ် ရောက်လာခဲ့တဲ့ တစ်နေ့မှာတော့ သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားတဲ့ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတော့တယ်။ အဘိုးကြီးကင်ဟာ ဂျီဝူးအိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်မှာ တစ်ကိုယ်တည်း နေထိုင်သူပါ။ သူ့အိမ်မှာ ဝေယျာဝစ္စလုပ်ပေးဖို့ ခေါ်ထားတဲ့ အမျိုးသမီးတစ်ဦးကလွဲရင် အတူနေ တခြားအိမ်သား မရှိပါဘူး။ ဇနီးဖြစ်သူဆုံးတာ နှစ်နှစ်ရှိပြီး အထီးကျန်နေတဲ့ အဘိုးကြီးကင်ဟာ ပလတ်စတစ်အိတ် ခေါင်းမှာစွပ်ပြီး သူ့ဘာသာ သတ်သေသွားတာဖြစ်ကြောင်း ထင်မြင်ယူဆစရာတွေ ရှိနေပေမယ့် မျက်မြင်သက်သေဂျီဝူးရဲ့ အဆိုအရ အိမ်အကူအမျိုးသမီး သတ်တယ်လို့ ကောက်ချက်ဆွဲပြီး ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။ ဒီအချိန်မှာ ဉာဏ်ရည်ထက်မြက်ပြီး လျှောက်လဲချက်ပေးရာမှာ ထူးချွန်တဲ့ ...
movie
Innocent Witness (2019)
2019
1
2
Next