Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Il-woo
7
Highway Family (2022)
Highway Family (2022)Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လိုရှေ့ဆက်ဖြတ်သန်းကြမလဲ။သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က ...
movie
Highway Family (2022)
2022
5.9
The Rise of a Tomboy ( 2016 )
အခု မိတ်ဆက်ပေးမှာကတော့ မင်းသား Zhang Hanက ရဲ့စေးယိ အနေနဲ့ မင်းသမီး Zhao Li Ying ကဟယ်ရှိုးဝူအနေနဲ့ အဓိကသရုပ်ဆောင်ထားတဲ့ The Rise Of A Tomboy(2016) Movieလေးကိုမိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိဘနှစ်ပါးကွာရှင်းပြီးဖခင်နဲ့ ကြီးပြင်းလာတဲ့ ဟယ်ရှိုးဝူက ငယ်ငယ်ကတည်းက တစ်ခြားသူတွေနဲ့ မတူပဲသင်္ချာဘာသာမှ အရမ်းထူချွန်ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ သင်္ချာအထူးပြုမေဂျာဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တယ်...မိဘနှစ်ပါးကွဲသွားတဲ့ အတိတ်ဆိုးဟာ သူ့ကိုလွှမ်းမိုးနေတယ် ...ဒါကြောင့်သူကဘွဲ့ယူဖို့ စာတမ်းရေးတဲ့အခါမှာ အချစ်စစ်ကိုတွက်ချက်ပြီးရှာတွေ့နိုင်ဖို့ဆိုတဲ့ True Loveပုံသေနည်းခေါင်းစဉ်နဲ့စာတမ်းထပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်... သင်္ချာကိုရူးသွပ်လွန်းတဲ့သူဟာသူ့ပုံသေနည်းမှန်ကန်ကြောင်းသက်သေပြဖို့ သူ့အချစ်စစ်ကိုရှာဖွေရာမှာတော့.........တစ်ဖက်မှာလည်း တေးရေးဆရာလေးရဲ့စေးယိဟာလည်း ဆစ်ဒနီလာပြီး ကမ်းခြေမှာ ဟယ်ရှိုးဝူရဲ့သူငယ်ချင်း လိလိ ရေနစ်တာကိုကယ်တဲ့အခါ ဘယ်လိုရယ်စရာလေးတွေဆက်ဖြစ်မလဲ ....အမိမြေပြန်ရောက်တော့ သူ့ရဲ့နတ်သမီးကိုချစ်ခွင့်ပန်တဲ့ အခါဘယ်လိုလွဲချော်တာတွေဖြစ်ဦးမလဲ......ယောကျ်ားဆန်တဲ့ သင်္ချာပညာရှင်မလေး ဟယ်ရှိုးဝူနဲ့ နူးညံ့သိမ်မွေ့တဲ့ ရဲ့စေးယိတို့တွေ့တဲ့အခါဘယ်လိုတွေဆက်ဖြစ်ကြမလဲ...... သူတို့ နှစ်ယောက် တစ်မိုးအောက်တူတူနေဖြစ်သွားတဲ့ နောက်မှာတော့........စရိုက်လုံးဝကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်လေးတွေများ ...
movie
The Rise of a Tomboy ( 2016 )