Channel Myanmar

Jung Chan-woo

[18+]So Cute(2004) 6.7
[18+]So Cute(2004) So Cute(2004)**************(၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..)ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်..သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်..အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီးသားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်..မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ..သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်..    File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS
movie

[18+]So Cute(2004)

Paper Flower (2019)
Paper Flower (2019) ၂၀၁၉ခုနှစ်ကထွက်ထားတဲ့ ဒီ Paper Flowerဆိုတဲ့ကားလေးကတော့ မိသားစု Drama ကားလေးတစ်ကားဖြစ်ပြီး ဒီကားထဲမှာ အခု Penthouse ထဲကမင်းသမီး Eugene နဲ့ မင်းသားကြီး Ahn Sung-Ki တို့ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သုဘရာဇာ(အလောင်းပြင်ပေးရတဲ့ သူတစ်ယောက်)အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပါတယ်။လူဆိုတာ တစ်နေ့သေမျိုးချည်းပါပဲ။ဆင်းရဲရဲချမ်းသာချမ်းသာ သေရင်တော့အကုန်လုံးမြေကြီးထဲရောက်သွားရင် အတူတူပါပဲ။ဒီဇာတ်ကားရဲ့အဓိက msg ကတော့သုဘရာဇာတစ်ယောက်ဖြစ်လာရင် ပတ်ဝန်းကျင်က မြင်ကြပုံ အမြင်တွေ၊ သုဘရာဇာတစ်ယောက်ရဲ့ဘဝကိုလူအများနားလည်နိုင်အောင် ဇာတ်လမ်းဆင်ထားပြီး အဲ့ဒီသုဘရာဇာကြီးအိမ်မှာ မသန်မစွမ်းသားဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့ ကလေးတစ်ယောက်အမေ သူနာပြုတစ်ယောက်ရောက်လာခဲ့ရာကနေ အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ကြရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာလည်းရသလို ဒရမ်မာတစ်ကားအနေနဲ့ ဇာတ်လမ်းလေးနည်းနည်းအေးတယ် ထင်ရပေမယ့် သင်ခန်းစာယူစရာလေးတွေနဲ့ ကြည့်လို့လည်းကောင်းမယ့် ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ညွှန်းပေးချင်ပါတယ်။ Translated by : Moe Pwint Encoded by : YKQuality : 720pFile Size : 1.1GB
movie

Paper Flower (2019)

2019