Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
June Squibb
About Schmidt (2024)
IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie
About Schmidt (2024)
7.8
Inside Out 2 (2024)
2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie
Inside Out 2 (2024)
4K HEVC
Thelma (2024)
IMDB 7.1 အထိရထားတဲ့ drama. comedy ကားသစ်လေးဖြစ်ပါတယ် ...အသက် 90 ကျော် အဖွား သယ်မာပို့စ်ရဲ့ ဖြစ်ရပ်မှန်စွ့န်စားခန်းကိုရိုက်ကူးထားတာ အတော်လေး ကြည့်ကောင်းပါတယ် ... 91 နှစ်အထိ ခင်ပွန်းဖြစ်သူ တက်ဒီနဲ့ဖြတ်သန်းခဲ့ပြီးခင်ပွန်းဆုံးသွားပြီး ဘ၀နေ၀င်ချိန်ကိုတစ်ကိုယ်ထဲဖြတ်သန်းဖို့ဖြစ်လာပါတယ် ဒါပေမယ့် တစ်နေ့ သူ့မြေးဟန်ေဆာင်ပြီး ဒေါ်လာ 10000 လိမ်သွားတဲ့ scammer တွေကို ပညာပြန်ပေးဖို့အတွက် လက်စားချေဖို့အတွက်စွန့်စားခန်းထွက်လာပါတော့တယ်(အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre... Action, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie
Thelma (2024)
8.2
Toy Story 4 (2019)
ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie
Toy Story 4 (2019)
2019
4K HEVC
5.8
Love the Coopers (2015)
မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေအဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေမကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့်အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ဒီဇာတ်ကားလေးမှာလည်း သားသမီးတွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 2 GB / 984 MB Quality… BluRay 1080p / 720p Format… ...
movie
Love the Coopers (2015)
2015
7.7
Nebraska (2013)
သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ...
movie
Nebraska (2013)
6.2
The Big Year (2011)
ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးကတော့ တနှစ်တာ ...
movie
The Big Year (2011)
5.7
Would You Rather (2012)
"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Would You Rather (2012)
6.5
The Humans(2021)
The Humans(2021) အညွှန်း*********************** ဒါကတော့ စီးမြောခံစားသက်ဝင်လို့ရတဲ့Drama ရုပ်ရှင်ကားတစ်ကားပါ။ပြဇာတ်ဆရာ Stephen Karamက သူ့ရဲ့Tony awardဆုရထားတဲ့ The Humansပြဇာတ်အပေါ်မှာပဲဇာတ်အိမ်တည်ပြီး ဒီကားကိုဒါရိုက်တာလုပ်ပြီးရိုက်ထားတာပါ။ဇာတ်လမ်းကတော့ ရည်းစားဖြစ်သူ ရစ်ချက်နဲ့ နယူးရောက်ကတိုက်ခန်းဟောင်းကို ပြောင်းနေတဲ့ဘရစ်ဆီကို ဘရစ်ရဲ့မိသားစု (ဘလိတ်ခ်မိသားစု)ကအလည်လာပြီးကျေးဇူးတော်နေ့ညကိုအတူကုန်ဆုံးတာကိုပဲ ကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့စိတ်ခြောက်ခြားစရာဖြစ်အောင် ခံစားချက်ကိုအသားပေးပြီး ရိုက်ပြထားတာပါ။ဘလိတ်ခ်မိသားစုမှာ စိတ်မမှန်တော့ပဲဝှီးချဲနဲ့နေနေရတဲ့အဖွားရယ်၊ အထက်တန်းကျောင်းမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့ပြီးစိတ်ခြောက်ခြားမှုတွေနဲ့အိပ်မက်ဆိုးတွေကိုရင်ဆိုင်နေရတဲ့ဖခင်ဖြစ်သူရယ်၊ မိသားစုကိုချစ်ခင်ပေမယ့် ကိုယ်တိုင်လည်းခံစားနေရတာတွေရှိတဲ့မိခင်ဖြစ်သူရယ်(သူကတော့ The Humansပြဇာတ်မှာ Tony Awardဆုရခဲ့တဲ့သူကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာပါ)ကအခြေကျရာမြို့လေးမှာပဲကျန်နေခဲ့ပြီး အေမီနဲ့ဘရစ်တို့ညီအစ်မကတော့မြို့ကြီးတွေဆီကိုအသီးသီးထွက်ခွာသွားခဲ့ကြသူတွေပေါ့။ ပုံမှန်မိသားစုလေးကညစာအတူစား၊လက်ဆောင်တွေဖောက်နဲ့ရယ်မောနေပေမယ့်လည်း ဝေးကွာနေခဲ့တဲ့မိသားစုဝင်တွေအကြားမှာ တင်းမာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ပြောမထွက်တဲ့အကြောင်းအရာတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေရှိနေတာကိုလှစ်ဟပြသထားတဲ့ဇာတ်ကားပါ။ The Humansဇာတ်ကားမှာ အဖွား၊ အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်နဲ့ဘရစ်ရဲ့ရည်းစား ရစ်ချက်ဆိုပြီး လူသားဇာတ်ကောင်ခြောက်ယောက်ပါပြီးတော့၇ယောက်မြောက်ဇာတ်ကောင်အဖြစ်ကိုတော့ ယိုယွင်းနေတဲ့တိုက်ခန်းကို ဒါရိုက်တာကရည်ညွှန်းပါတယ်တဲ့။ခံစားသက်ဝင်ကြပါဦးး.... File Size :(2.02GB) (998MB) and (380 MB) Quality : Web-Dl1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Drama Subtitle : Myanmar Subtitle ...
movie
The Humans(2021)
7.2
Meet Joe Black (1998)
ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie
Meet Joe Black (1998)
1998
7.3
Palmer (2021)
Palmer (2021)============IMDb Rating - 7.3/10ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ...
movie
Palmer (2021)
2021
7.4
Palm Springs (2020)
Palm Springs (2020)=================IMDb Rating - 7.4/10အကယ်၍ ကျွန်တော်တို့သာ ဒီနေ့ကိုပဲနေ့တိုင်းဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေကြမလဲ။မနက်အိပ်ယာကနိုးလာတိုင်း ဒီနေ့ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ဒီဇာတ်ကားလေးထဲမှာတော့ နိုင်းလ်စ်ဟာ အချိန်ပတ်လမ်းကြောင်းတစ်ခုမှာပိတ်မိနေပြီး တစ်နေ့တည်းကိုပဲနေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်နေ့တော့ ဆာရာဆိုတဲ့ ကောင်မလေးကိုမထင်မှတ်ပဲ ဆွဲထည့်မိလိုက်တဲ့အခါကျတော့ သူရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ ဆာရာပါ ပါဝင်လာပြီး နှစ်ယောက်အတူတူအလွဲပေါင်းစုံနဲ့တစ်နေ့တာကိုပဲနေ့တိုင်းဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ပေါ့ပေါ့ပါးပါးဖြစ်ပြီ….. ဖောင်းဒိုင်းရှူးရှဲချင်ယောင်ဆောင်ထားတဲ့ အခန်းလေးတွေတော့ပါတာမလို့ သတိပြုကြည့်ရှူကြပါလို့တော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အချစ်တော် စူပါမန်း မင်းသား ကလပ် (Tyler Hoechlin)လည်း ဇာတ်ဝင်ခန်းတစ်ချို့မှာ ပါဝင်ထားတယ်ဆိုတာလည်း ထပ်လောင်းပြောပါရစေ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 1h 30minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie
Palm Springs (2020)
2020
8.3
Soul (2020)
IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie
Soul (2020)
6.2
Godmothered 2020
မှော်ဆန်ဆန်လေးနဲ့ လူတွေရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖော်ပြသွားတဲ့ GODMOTHEREDဇာတ်လမ်းခေါင်းစဥ္အတိုင်းပဲ လူတွေကိုကူညီပေးတဲ့နတ်သမီးမေမေတိုင်းပြည်ကအသက်ငယ်သေးတဲ့ အယ်လီနာအမည်ရတဲ့နတ်သမီးမေမေသင်တန်းသားလေးကစစ်မှန်တဲ့နတ်သမီးမေမေဖြစ်ဖို့အတွက်လူတွေကိုထာ၀ရပျော်ရွှင်အောင်ကူညီပေးတဲ့တာ၀န်ကိုရအောင်ရှာပီးတာ၀န်ဖြစ်တဲ့ မက ်ကန်ဆီအမည်ရတဲ့ကလေးမလေးဆီသွားခဲ့ပါတယ်မက ်ဆာချူးဆက်ကိုရောက်တဲ့အချိန်မှာတော့မက္ ကန်ဆီက သူထင်ထားသလို၁၀နှစ်သမီးလေးမဟုတ်တော့ပဲSingle momအဖြစ်နဲ့ သမီး၂ယောက်ကိုထိန်းကျောင်းရင်းသတင်းကြေ ငြာသူလုပ်နေတာဖြစ်ပါတယ်အစပိုင်းမှာ အယ်လီနာရဲ့မှော်အစွမ်းကမပြည့်စုံသေးတဲ့အတွက်လွဲချော်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့Single momနဲ့ သူ့ကလေးတွေကိုဘ၀ရဲ့အဓိ္ပ္ပါယ်ကိုသိရှိအောင်ဘယ်လိုကြိုးစားဖန်တီးပေးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size - 1.4 GB , 700 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Zora Yang Encoder - Littleneo
movie
Godmothered 2020
5.4
Hubie Halloween 2020
မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie
Hubie Halloween 2020
6.3
Blow the Man Down (2019)
၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါအီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာအမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကိုအပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီးမြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်းထိုလူရဲ့ကားနောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကိုတွေ့လို့ အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးနောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှကလေးမတစ်ယောက်အလောင်းဟာကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ...အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ် File Size : ( 856 MB , 267 MB) Quality : WEB-DL 720p Running Time : 1 hr 31 min Format : Mp4 Genre : Comedy , Drama , Mystery Subtitle : Myanmar Subtitle (Hard ...
movie
Blow the Man Down (2019)
7.2
Ralph Breaks the Internet 2018 (BluRay)
ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကိုပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီးအပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန်Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကိုအပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်....ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် ...
movie
Ralph Breaks the Internet 2018 (BluRay)
2018
7.5
Ralph Breaks the Internet (2018)
ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘ၀ကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ၀င်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ ...
movie
2018
8.0
Scent of a Woman (1992)
Scent of a Woman(1992) IMDb..... 8.0/10________Rotten Tomatoes... 88% Won 1 Oscar. Another 5 wins & 14 nominationsဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့Chris O'Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ် "Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့" ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver ...
movie
Scent of a Woman (1992)
1992
7.2
Meet Joe Black (1998)
Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998