Channel Myanmar

June Kyoto Lu

Blood Work (2002) 6.4
Blood Work (2002)  ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie

Blood Work (2002)

[18+] Fetish (2008)
[18+] Fetish (2008)   ဟိုးအရင်တုန်းကပဲ ကိုရီးယားနိုင်ငံမှာ အရှေ့တိုင်း မြန်မာ၊တရုတ်၊ထိုင်း နိုင်ငံများနည်းတူ ၀ိဉာဏ်ပိုင်းဆိုင်ရာ စိတ်နယ်လွန်ပညာရပ်တွေကို လိုက်စားတဲ့ ရှာမန်ဆိုတဲ့ ပညာသည်တစ်မျိုးရှိခဲ့ကြပါသတဲ့.......ဆိုးလ်မြို့ ရှင်ဆွန်းအမျိုးသမီးအနုပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ "ဆူကီ"ဟာ စကားမပြောတတ်တဲ့ သူ့မိခင်ဆီကနေ ဒီပညာကို လက်ဆင့်ကမ်းတတ်မြောက်လာခဲ့သူပါ။တစ်နေ့မှာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကိုရီးယားလူမျိုး ပီတာတို့သားအမိနဲ့တွေ့ပြီး ပီတာနဲ့လက်ထပ်ဖြစ်ကာ အမေရိကားကို လိုက်ပါလာခဲ့ပါတော့တယ်။ ပီတာနဲ့ဆူကီလက်ထပ်ထိမ်းမြှားပြီးလို့ တစ်ပတ်မပြည့်ခင်မှာပဲ ပီတာတစ်ယောက် ရုတ်တရက်သေဆုံးသွားရတဲ့အခါ သတို့သမီးအသစ်စက်စက်ကလေးကနေ မုဆိုးမဘဝကို ချက်ချင်းရောက်ခဲ့ရသူကတော့ ဆူကီပါ။ပီတာရဲ့ မိခင်က ဆူကီရဲ့ ယောက်ခမ ဖြစ်သူက ဆူကီရဲ့ မိခင်ဟာ ရှာမန်ပညာသည်တစ်ယောက် ဖြစ်တယ်ဆိုတာကို သိသွားရတဲ့အခါ ချွေးမဖြစ်သူကို အိမ်ပေါ်ကနေ နှင်ချဖို့ ကြံစည်ပါတော့တယ်..... ဆူကီ ကလည်း ခေသူမဟုတ်ပါဘူး တစ်ပင်မလဲခင်တစ်ပင်ထူဖို့ အတွက်ကိုအကွက်ကြိုရွေ့ထားခဲ့သူလည်း ဖြစ်ပါတယ်။ အိမ်နီးချင်း ဂျွန်တို့ လင်မယားနဲ့ ဆူကီတို့ နှစ်ယောက်အကြားမှာ ပဠိပက္ခအသေးလေးတစ်ခု စတင်အညှောက်တွယ်လာခဲ့ပြီ ဖြစ်ပါတယ်။ဆူကီက ဂျွန်နဲ့တိတ်တိတ်ပုန်းကြိုက်နေကြပြီဖြစ်ပါတယ်။ဂျွန်ကလည်း မရေရာ မပြတ်သားဘဲ အားနာတတ်သူတစ်ယောက်လိုပါ။ဆူကီက ဂျွန်ကိုပြောလိုက်ပါတယ်။ သူနဲ့မယားကြီး ဂျူလီ တို့နဲ့ သုံးယောက်သား ...
movie

[18+] Fetish (2008)