Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jun Hashizume
6
Galileo : Kindan no Majutsu (2022)
Galileo Kindan No Majutsu 2022 (IMDb 6.0/10)Japanese Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက Silent Parade (2022) ဆိုတဲ့ ဇာတ်ကားမတိုင်ခင် လေးနှစ်အလိုကို အခြေတည်ပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ဂျပန်တွေရဲ့ထုံးစံအတိုင်း သူတို့နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းကို အသားပေးဖော်ပြပြီးတော့ မှုခင်းတားဆီးရေးစုံထောက် Character နဲ့ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစားလေးပါပဲဇာတ်အိမ်လေးကတော့ တိုတေ တက္ကသိုလ်က သုတေသန သိပ္ပပညာရှင် ယူကာဝါ ဆန်ဆဲ ဟာ သူ့ဆီကို သတင်းထောက်တစ်ယောက်ကယူလာတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကနေစပြီး နောက်ဆက်တွဲမှုခင်းတွေကိုဖော်ထုတ်ပါတယ်...... ရဲစုံထောက်ဖြစ်တဲ့ ကူဆန်နာဂီ တို့ရဲ့ဌာနကလည်း အမှုက နည်းပညာပိုင်းဖြစ်နေတော့ ယူကာဝါ ဆန်ဆဲ ရဲ့အကူအညီကုလည်းယူရင်း ယူကာဝါ ရဲ့မှုခင်းအပေါ် သူ့ရဲ့ စုံထောက်ဉာဏ်ကွန့်မြူးတာတွေကိုပါ ပေါင်းစပ်ပြီးတော့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Mystery, Crime Quality…. 1080p | 720p File size… 1.6GB | 772MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Galileo : Kindan no Majutsu (2022)
2022
6.3
Will I Be Single Forever?
Will I be single forever (2021)"တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား" ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။အထူးသဖြင့် "သားကိုသခင် လင်ကို ဘုရား" ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ဆက်ဆံခံနေရတာပါ။အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie
Will I Be Single Forever?
2021
6.6
Character (2021)
CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie
Character (2021)