Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julio Oscar Mechoso
6.4
Once Upon a Time in Mexico (2003)
ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie
Once Upon a Time in Mexico (2003)
2003
6.9
Bad Boys (1995)
Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File ...
movie
Bad Boys (1995)
1995
4K HEVC
6.4
Cake (2014)
IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie
Cake (2014)
5.8
All the Pretty Horses (2000)
All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါသေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
All the Pretty Horses (2000)
2000
6.3
The Baytown Outlaws (2012)
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie
The Baytown Outlaws (2012)
5.8
[21+] Ken Park (2002)
Ken Park (2002)ဒီကားက တော်တော်ထူးခြားတဲ့ကားလို့ပြောရမယ်။ ဘာလို့ဆို ဒီကားနာမည်ကို ကန်ပတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နာမည်ကိုပေးထားတယ်။ ဒါပေမဲ့ အဲဒီကောင်လေးရဲ့အကြောင်းကို အစနဲ့အဆုံးမှာပဲ ပြောသွားပြီး တစ်ကားလုံး သူတို့သူငယ်ချင်းတွေတစ်ယောက်ချင်းစီအကြောင်းကို Coming of Age ဆန်ဆန်ပြထားတယ်။ ဒီလိုပြထားတာတွေကလည်း လိင်ကိစ္စတွေကို အဓိကအသားပေးပြထားတဲ့အပြင် ကလေးတွေဖြစ်တတ်တဲ့ ခပ်ကြောင်ကြောင်ကိစ္စတွေလည်း မနည်းမနောပြထားတယ်။ ဒါပေမဲ့ အခန်းအများစုကတော့ ဒီက ယဉ်ကျေးမှုနဲ့ မလျော်ညီသလို အင်္ဂါဇာတ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းကိုပြတတ်တာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ဘူး။ဒါပေမဲ့လည်း ဒီကားဟာ သာမန်၂၁ကားမဟုတ်ဘဲ ထူးထူးခြားခြားနဲ့ကို ကြည့်ကောင်းနေတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ဆိုတာကတော့ အမှန်ပါပဲ။ ဇာတ်ကလည်းထူးခြား အခန်းတွေကလည်း ကြမ်းပေ့ဆိုတာတွေမှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 680MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie
[21+] Ken Park (2002)
2002
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
5.6
Machete Kills (2013)
2010 ကထွက်ရှိထားတဲ့ Machete ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်...ထုံးစံအတိုင်း ပွဲကတော့ ရှယ်ကြမ်းပါတယ်...မင်းသမီးတွေသုံးထားတာလဲ အလန်း...Lady GaGa...Amber Heard....Jessica Alba...Michelle Rodriguez....Alexa PenaVega....Sofía Vergaraစသည်ဖြင့် ရင်ကိုပူနွေးစေတာချည်းပဲ...မင်းသားတွေလဲ ဖိုက်တာတွေ..ခုတ်မယ် ဖြုတ်မယ် ဆိုတာချည်းပဲ...ငယ်ငယ်တုန်းက ဗွီဒီယိုရုံဆိုင်းဘုတ်လို ဒီဇာတ်ကားက" မင်းသမီးအလန်း..တကယ်စွမ်း...သေချင်ရာသေဇမ်း..အကြမ်းပတမ်း..မဟာဘဂျမ်း...ရုံတင်ပြီ" ။Machete (2010) ကို မကြည့်ရသေးရင် https://channelmyanmar.to/machete-2010/ ဒီမှာကြည့်ပါ။ File size…(1,9 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Machete Kills (2013)
6.3
Blue Streak (1999)
Blue Streak (1999)_____IMDb - 6.3/10 Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန် ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး... ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်..... File Size :(1.87GB) ...
movie
Blue Streak (1999)
1999
7.8
Little Miss Sunshine (2006)
Little Miss Sunshine(2006) IMDb...7.8,,,,Rotten....91% ဒီကားက ဇာတ်ပို့နဲ့ ဇာတ်ညွှန်းအော်စကာဆုတွေရရှိခဲ့တဲ့ကားပါ...ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေ ပေးပြီးရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ....IMDb တွေ Rotten တွေကလည်း ကြွရွလို့... ကလေးမလေးတစ်ယောက်ရှိတယ်..သူက မိုင် (၈၀၀)လောက်ဝေးတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်... အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်.. လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချောချောပေါင်းစုံနဲ့ပေါ့...တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့ ကိုင်းခံစားကြည့်လိုက်ပါဦးဗျ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... ------------------------------------------------- ဒီကားက ဇာတ်ပို့နဲ့ ဇာတ်ညွှန်းအော်စကာဆုတွေရရှိခဲ့တဲ့ကားပါ...ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေ ပေးပြီးရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ....IMDb တွေ Rotten တွေကလည်း ကြွရွလို့... ကလေးမလေးတစ်ယောက်ရှိတယ်..သူက မိုင် (၈၀၀)လောက်ဝေးတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်... အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်.. လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချောချောပေါင်းစုံနဲ့ပေါ့...တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့ ကိုင်းခံစားကြည့်လိုက်ပါဦးဗျ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) Quality : Blu-Ray 720p Duration…01:41:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
2006
7.1
Planet Terror (2007)
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ထဲက ကျေးလက်မြို့ကလေးတစ်မြို့မှာရှိတဲ့ ပျော်ပွဲစားရုံတစ်ရုံမှာ ဖော်ချွတ်အကမယ်တစ်ယောက်ဖြစ်တဲ့ မိန်းမချောလေး “ချယ်ရီဒါလင်”ဟာ မသထာရေစာလခနှစ်ပဲတစ်ပြားပဲရနေတဲ့ အလုပ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလုပ်ကနေထွက်လာပြီဖြစ်တဲ့ ချယ်ရီတစ်ယောက် ညဘက်အိမ်အပြန်ခရီးမှာတော့ အဲလ်ရေး ဆိုတဲ့ သူ့ရည်းစားဟောင်းနဲ့ အသားကင်ဆိုင်တစ်ဆိုင်မှာ ပြန်ဆုံမိရင်းနဲ့ ကားကြုံလိုက်စီးမိရင်း …….တောအုပ်တစ်ခုအနားဖြတ်စဉ်မှာပဲ ဆစ်ကိုးစ်ဆိုတဲ့ အမည်မသိရတဲ့ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သူတို့နှစ်ယောက်စီးလာတဲ့ကားလည်း တိမ်းမှောက်သွားပြီးတဲ့နောက် ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ကို ဆစ်ကိုးစ်တွေက ဖြတ်ယူသွားခဲ့ပါတော့တယ်…… ဒါဆို ဆစ်ကိုးစ်ဆိုတာ ဘယ်သူတွေများပါလိမ့် …..တကယ်တော့ လွန်ခဲ့တဲ့ မြို့စွန်တစ်နေရာမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ မှောင်ခိုအရောင်းအ၀ယ်တစ်ခုလုပ်ခဲ့ကြတာကို လူတွေသတိမထားမိလိုက်ကြလို့ပါ။အဲဒီမှာပဲ အာရုံကြောကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုးရဲ့ နမူနာပစ္စည်းတွေကို အရောင်းအ၀ယ်လုပ်ကြရင်း အချင်းများရာကနေ ခုလိုမျိုး ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ပြတ်သွားတဲ့အထိကို ရောက်လာခဲ့တာပါ။အဖြစ်အပျက်တွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ခုဆို ဆေးရုံမှာ ချယ်ရီလိုပဲ တခြားလူနာတွေအများကြီးရောက်လာနေပါပြီ။ လူနာတွေအားလုံးကတော့ သူတို့ကို ဘယ်သူတွေတိုက်ခိုက်သွားမှန်းသေချာမပြောနိုင်ကြသလို ဆရာဝန်တွေကလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပါပြီ….. ချယ်ရီကို ဆေးရုံလိုက်ပို့တဲ့ အဲလ်ရေး ကိုလည်း ရဲက ...
movie
Planet Terror (2007)
2007
5.9
Jurassic Park III (2001)
Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ...
movie
Jurassic Park III (2001)
2001
6.0
movie
2005