Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Juliette Lewis
5.5
Hick (2011)
ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်ကပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 740MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Hick (2011)
7.8
What’s Eating Gilbert Grape (1993)
* What's Eating Gilbert Grape *IMDB - 7.8/10 Rotten Toamtoes - 89% Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ...
movie
What’s Eating Gilbert Grape (1993)
1993
5.8
Enough (2002)
Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Enough (2002)
7.3
Cape Fear (1991)
သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. ...
movie
Cape Fear (1991)
7.2
Strange Days (1995)
Strange Days (1995)~ IMDb - 7.2/10, RT - 68%, Meta - 66% ~1995 တုန်းက Sci-Fi ကားတစ်ခုအနေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်ဆောင်ပါဝင်ထားပြီး Rating လေးလည်းကောင်းတဲ့ Strange Days ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းကိုတော့ ရာစုနှစ်တစ်ခုရဲ့နောက်ဆုံးနေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခေါင်းပေါ်မှာ ချပ်ပြားတွေပါတဲ့ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်တွေကို မှတ်တမ်းတင်အခွေတစ်ခုအနေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစားရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ လန်နီကတော့ ဒီနည်းပညာကိုအသုံးပြုပြီး လူတွေရဲ့စိတ်ကိုကျေနပ်အောင်လုပ်ပေးရင်း တစ်နေ့မထင်မှတ်ပဲ လူမည်းတစ်ယောက်ကို လူဖြူ ရဲတွေ ...
movie
Strange Days (1995)
1995
7.0
Old School (2003)
ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ အရိုးရဲ့ အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကိုမေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB ...
movie
Old School (2003)
2003
The Switch (2010)
ဒီဇာတ်ကားက ၂၀၁၀ က ထွက်ရှိခဲ့တဲ့ အမေရိကန် Romance/Comedy အချစ်ဟာသရုပ်ရှင်ဖြစ်ပါတယ်။ Jennifer Aniston နဲ့ Jason Bateman တို့ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ကက်ဆီ (ဂျနီဖာအနစ္စတန်)နဲ့ ဝေါ်လီ (ဂျေဆင်ဘိတ်မန်း) တို့က သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ဟိုင်းနေပေမဲ့ အိမ်ထောင်မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့မှာ ကက်ဆီက ကလေးလိုချင်ပေမဲ့ ခင်ပွန်းမရှာချင်တော့တဲ့အတွက် အမျိုးသားတစ်ဦးဆီက သုက်ပိုးအလှူခံပြီး ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ အရက်မူးနေတဲ့ဝေါ်လီက ကက်ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေးက သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ ဝေါ်လီတစ်ယောက် သူရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို ဟာသနဲ့ Drama စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com တွေမှာ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်းတို့ရဲ့ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle ...
movie
The Switch (2010)
The Way of the Gun (2000)
အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ''I Know What You Did Last Summer'' နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး..... ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို ...
movie
The Way of the Gun (2000)
7.2
August: Osage County(2013)
August Osage County (2013)======================Genre - Comedy, Drama IMDB Rating - 7.2/10ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီမင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatchတောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်းကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာအရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေစွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုးအတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက်သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကိုပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက်စိတ်ကူးအသေယဉ်တတ်တဲ့ ...
movie
August: Osage County(2013)
7.2
Natural Born Killers(1994)
Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Natural Born Killers(1994)
5.1
Mayday (2021)
Mayday (2021)============ဒီဇာတ်ကားလေးအကြောင်းပြောရရင်တော့ "Alice In the Wonderland " တို့လို့ "The Wizard of Oz"တို့လို လက်တွေ့ကမ္ဘာကြီးတစ်ခုကနေ စိတ်ကူးယဉ်ဆန်တဲ့နေရာလေးတစ်ခုကိုရောက်သွားတဲ့ပုံစံမျိုးပါပဲ။ မတူတာတော့ အထက်ကဇာတ်ကားနှစ်ကားလိုမျိုးမှော်ဆန်ဆန်ဇာတ်လမ်းအသွားအလာနဲ့ Fantasy ဖြစ်စေတာမျိုးမဟုတ်ပဲနဲ့ Mystery ပုံစံနဲ့ dramaခင်းပြီး fantasy ဖြစ်စေတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိသဲ့သဲ့လုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးဝန်ထမ်းတွေနဲ့ နှိပ်စက်အနိုင်ကျင့်တတ်တဲ့အထက်လူကြီးရှိတဲ့ဟိုတယ်မှာ အလုပ်လုပ်နေရတဲ့အန်နာတစ်ယောက်၊ မုန်တိုင်းကတိုက်မီးကပျက်တဲ့တစ်နေ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားပြီးတဲ့နောက် ထူးဆန်းတဲ့အိပ်မက်လိုနေရာလေးတစ်ခုကိုရောက်သွားရာကနေ...... Mayday ဆိုတဲ့ ဒီဇာတ်ကားလေးဖြစ်လာတယ်ဆိုပါတော့ . . . ဒီဇာတ်ကားလေးက Raindance Film Festival(2021) မှာ Best Cinematography Awardရထားတာဆိုတော့ ရိုက်ကူးထားတဲ့ရိုက်ချက်လေးတွေဖန်တီးမှုတွေလေးတွေကလှပသလို အတွေးလေးတွေပါရသွားစေနိုင်တဲ့ကားလေး ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – BluRay- (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format ...
movie
Mayday (2021)
2021
6.6
A Million Little Pieces(2019)
A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie
2018
5.9
Ma (2019)
သည်းထိတ်ရင်ဖို Horror ဆိုက်ကိုကားတွေ ကြည့်ချင်နေပါပြီ ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ထွက် Ma ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ….IMDb – 5.8/10 ရရှိထားတယ်ဆိုတော့ Horror ကားတစ်ကားအနေနဲ့ မနည်းဘူးဆိုရမှာပေါ့ …မက်ဂီ ဆိုတဲ့ကောင်မလေးက သူ့အဖေနဲ့ အိမ်ထောင်ကွဲလာတဲ့ မိခင်နဲ့အတူ မြို့ကိုခုမှ ပြောင်းလာတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပါ …ကျောင်းပြောင်းလာတဲ့ မက်ဂီဟာ လူသစ်ဆိုပေမယ့် ဖော်ရွေတတ်တဲ့ မြို့ခံကျောင်းသားတွေနဲ့ အချိန်တိုအတွင်းပဲ ရင်းနှီးသွားကြပါတယ်…တစ်နေ့မတော့ ၁၈ နှစ်မပြည့်သေးလို့ အရက်ဘီယာဝယ်မရသေးတဲ့ သူတို့ကို ကူညီဝယ်ယူပေးခဲ့တဲ့ မိန်းမကြီးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ကြပါတယ်…့ပြီးတော့ ခိုးကြောင်ခိုးဝှက် ရဲတွေမမြင်အောင် အရက်သောက်နိုင်ဖို့ အဲ့ဒီမိန်းမကြီးက သူ့ရဲ့မြေအောက်ခန်းကို အသုံးပြုခွင့်ပေးပြီး ကူညီခဲ့ပါတယ်...ကားမောင်းမယ့်တစ်ယောက်က မူးအောင်မသောက်နဲ့ ..မဆဲနဲ့…ပြီးတော့ အပေါ်ထပ်ကိုတက်မလာနဲ့ စတဲ့ စည်းကမ်းချက်လေးတွေတော့ လိုက်နာရတာပေါ့နော် …..ဒီမိန်းမကြီးရဲ့အတိတ်တွေက ဘယ်လိုရှိမလဲ…သူ့အကြောင်းတွေကို သိထားသင့်လား…ဒါပေါ့ ...
movie
Ma (2019)
2019
7.3
The Basketball Diaries (1995)
IMDb (7.3/10)လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်...လောကကြီးက နိုင်ရာစား...အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား...မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။ File size…(999 MB) and (600 MB) Quality….Blu-ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Htet Aung
movie
The Basketball Diaries (1995)
1995
6.1
Back Roads (2018)
IMDB..... 7.1ဒီတစ်ခါတော့ 2018 Decemberကမှ ပူပူနွေးနွေးထွက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ ရုပ်ရှင်ဟာ New York Timesရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Tawni O'Dellရဲ့ Black Road ကိုရိုက်ထားတဲ့ IMDB 7.1အထိ ရထားတဲ့ Drama,Thriller ဇာတ်ကားကောင်းတစ်ကားပါ။ဝတ္တုကလည်းကောင်း IMDBကလည်းမြင့်မို့ ကြည့်ရတာတန်စေမဲ့ သဲထိတ်ရင်ဖိုကားတစ်ကားဆိုတာတော့မြေကြီးလက်ခတ်မလွဲပါပဲ။Harley Atmeyer ဆိုတဲ့ လူငယ်တစ်ယောက်ဟာနှိပ်စက်တတ်တဲ့သူ့အဖေကို သူ့အမေက သတ်ပြီးထောင်ထဲရောက်သွားတဲ့နောက်မှာ ကောလိပ်ဆက်မတက်ပဲ ထွက်ခဲ့ရပါတယ်။ဒီ့နောက် ပင်ဆယ်ဗေးနီယားပြည်နယ်ရဲ့ ကျေးလက်တစ်နေရာမှာညီမသုံးယောက်ကို စောင့်ရှောက်ဖို့ ပျိုးထောင်ဖို့ဘာမှ အနာဂတ်မျှော်လင့်ချက်မရှိတဲ့အလုပ်တွေကိုလုပ်နေခဲ့ရပါတယ်။အဲ့ဒီနားမှာပဲနေတဲ့ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ကိုသူ အရူးအမူးချစ်ခဲ့မိတဲ့အခါမှာတော့ကံကြမ္မာဆိုးတွေဟာ မြင်းနက်ကြီးစီးပြီးဝင်လာသလိုအဖြစ်အပျက်တွေဟာမထင်ထားရဲလောက်အောင်မြန်ဆန်စွာ ပေါ်ပေါက်လာပြီးသူ့မိသားစုရဲ့ သူမသိသေးတဲ့ အမှန်တရားတွေထိတ်လန့်စရာ လျှို့ဝှက်ချက်တွေဟာလည်းတစစ ရုပ်လုံးပေါ်လာပြီး..သူ့ကို ထိတ်လန့်အောင်ဝါးမြိုလာတဲ့အခါ.......။ဒီ Black Roadsမှာ နာကျင်မှု.. စိတ်ဝေဒနာ...မျှော်လင့်ချက်မဲ့မှုအတ္တတွေနဲ့ မွန်းကျပ်လောက်အောင်ရိုက်ပြထားပြီးThriller သမားတွေ လက်လွတ်မခံသင့်တဲ့ ရွှေပါပဲ။ (ဇာတ်လမ်းအညွှန်း ကို Wira Aung မှရေးပေးထားပြီး ဘာသာပြန်ပေးထားသူကတော့ Htet ...
movie
Back Roads (2018)
2018
7.3
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn (1996)
1996