Channel Myanmar

Julien Pestel

Cocorico (2024)
Cocorico (2024) ဒီတစ်ခါမှာတော့ ပြင်သစ်မိသားစုဟာသဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဖရန်ဆွာနဲ့အဲလစ်တို့ဟာချစ်သူတွေပါ ဖရန်ဆွာရဲ့ဖခင်ဟာမျိုးချစ်တစ်ယောက်ဖြစ်ပြီး ပြင်သစ်ပြည်တွင်းဖြစ်"Peugot"ကားအမျိုးအစားကိုရောင်းအဝယ်လုပ်တဲ့သူပါ အဲလစ်ဖခင်ကတော့ ပြင်သစ်သမိုင်းတစ်လျှောက်မှာ မြို့စားနယ်စားမျိုးရိုးကဆင်းသက်လာတဲ့သြဇာရှိတဲ့သူဌေးတစ်ဦးပါ သူကလည်း ရာထူးကြီးမိသားစုကဆင်းသက်လာရတဲ့အတွက် အင်မတန်ဂုဏ်ယူနေသူတစ်ဦးပါတစ်နေ့မှာ ဖရန်ဆွာနဲ့အဲလစ်တို့ဟာ လက်ထပ်တော့မှာဖြစ်တာကြောင့် နှစ်ဖက်မိဘတွေကိုပေးတွေ့ပါတော့တယ် ပေးတွေ့တဲ့အခါမှာလည်း ရိုးရိားပေးမတွေ့ဘဲ အပျော်လေးဖြစ်သွားအောင်ဆိုပြီး မိဘတွေကဘယ်လူမျိုးဖြစ်မလဲဆိုတာသိရဖို့ မျိုးနွယ်ရင်းဇစ်မြစ်ကိုသိနိုင်မယ့်ဒီအန်အေဆေးစစ်ချက်တွေကိုလက်ဆောင်အနေနဲ့ပေးပါတယ် ပျော်စရာကောင်းအောင်ဆိုပြီး အဲ့လိုလုပ်လိုက်မှပဲ မထင်ထားတာတွေဖြစ်လာပြီး ပြဿနာမီးတွေပေါ်ပေါက်လာပြီး ပြင်သစ်လူမျိုးဖြစ်ရတာကိုဂုဏ်ယူနေကြတဲ့လူနှစ်ယောက် သူတို့ရဲ့ဒီအန်အေဆေးစစ်ချက်တွေမှာ သူတို့ဟာ 100%ပြင်သစ်စစ်စစ်ဖြစ်မနေတဲ့အခါ..... ဘယ်လိုတွေလောင်ကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်File size…(1.3 GB)/(754 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Cocorico (2024)

The Wannabes (2022) 6.3
The Wannabes (2022) The Wannabes (2022) ================ IMDb Rating - 6.3/10ပြင်သစ် comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ The Wannabes (2022) ပါ။Tech Universe ဆိုတဲ့ စတိုးဆိုင်တစ်ဆိုင်မှာ ဒန်နီရယ် နဲ့ စတက်ဖန် ဆိုတဲ့ မတည့်အတူနေ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရှိပါတယ်။ဘယ်လောက် တောင် မတည့်ကြသလဲဆိုရင် မြင်တာနဲ့ ထသတ်ကြတဲ့အဆင့်အထိပါပဲ။ ဒန်နီရယ်ကတော့ သီချင်းဆိုဝါသနာပါပြီး အဆိုတော်ပိုးရှိသူတစ်ယောက် ဖြစ်ပါတယ်။ စတက်ဖန်ကတော့ အိမ်သုံးကုန်ပစ္စည်း မီးဖိုချောင်ပစ္စည်း‌စတာ တွေကို ခရေစေ့တွင်းကျသိပြီး အဲဒီပစ္စည်း‌တွေအပေါ်မှာ ရူးသွပ်သူပါ။ နှစ်ယောက်စလုံးဟာ ကြောင်နဲ့ကြွက်လို တစ်ခုမှ မတူညီကြပေမယ့်လို့ တူတာတစ်ခုကတော့ နှစ်ယောက်စလုံး အကြွေးတွေတင်နေကြတာပါပဲ။ဒန်နီရယ်ဟာ သူ့အခက်အခဲတွေကို ဖြေရှင်းဖို့ ပစ္စည်းဈေးနှုန်းခန့်မှန်းရတဲ့ Game Show တစ်ခုမှာ ၀င်ပြိုင်ပြီး ဆုကြေးတွေယူဖို့ အကြံရခဲ့ပါတယ်။ ဒီအကြံကို ပြောပြပြီး စတက်ဖန်ကို စည်းရုံးလို့ ကြောင်နဲ့ကြွက်လို နှစ်ကောင် သူတို့ကိုယ်စီမှာရှိကြတဲ့ အရည်အချင်းတွေကိုအသုံးချပြီး Game Show မှာ ဘယ်လိုတွေ တလွဲလုပ်မလဲဆိုတာ ကြည့်ရင်းပရိသတ်တွေ ခွီလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ...
movie

The Wannabes (2022)

2022