Channel Myanmar

Julie Gonzalo

Freaky Friday (2003)
Freaky Friday (2003) ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie

Freaky Friday (2003)

Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)

3 Bed, 2 Bath, 1 Ghost (2023)
3 Bed, 2 Bath, 1 Ghost (2023)  အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ...
movie

3 Bed, 2 Bath, 1 Ghost (2023)

Cut, Color, Murder (2022) 6.2
Cut, Color, Murder (2022) Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie

Cut, Color, Murder (2022)

2022
DodgeBall: A True Underdog Story (2004)
DodgeBall: A True Underdog Story (2004) Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါ‌တော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie

DodgeBall: A True Underdog Story (2004)

A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)