Channel Myanmar

Julie Forsyth

Mary and Max (2009) 8.1
Mary and Max (2009)  ဒီကားလေးကတော့ 2009 တုန်းကထွက်ခဲ့တဲ့Stop motion ကားကောင်းလေးတစ်ခုပါ။တခြား Stop motion ကားတွေလို ဒိတ်ဒိတ်ကြဲနာမည်မကြီးပေမယ့် တော်တော်လေးကောင်းတဲ့ကားတစ်ကားပါပဲ။ Animation တွေကိုကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ လက်လွတ်မခံသင့်တဲ့ ကားလေးပါပဲ။ဒီကားကတော့ နာမည်အတိုင်းပဲ မယ်ရီ နဲ့ မက်စ် ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကိုအခြေခံထားတာပါ။ မယ်ရီဆိုတာကတော့ ဩစတြေးလျက ရှစ်နှစ်သမီးကောင်မလေးဖြစ်ပြီး မက်စ်ကတော့ အမေရိကက အသက်လေးဆယ့်လေးနှစ်ရှိပြီဖြစ်တဲ့ အဝလွန်နေသူပါ။တစ်နေ့မှာ မယ်ရီဟာ အမေရိက က ကလေးတွေ ဘယ်ကနေလာကြလဲဆိုတာသိချင်တာနဲ့အမေရိကကလူတစ်ယောက်ကိုမေးမယ်ဆိုပြီးမက်စ်ကိုရွေးချယ်လိုက်ပါတယ်။ အဲဒီလိုကနေမယ်ရီနဲ့ မက်စ်တို့ဟာ စာတွေအပြန်အလှန်ရေးပို့ဖြစ်ကြပါတော့တယ်။အိမ်မှာလည်းအချစ်မခံရ ကျောင်းမှာလည်း အနိုင်ကျင့်ခံရတဲ့ မယ်ရီနဲ့ စိတ်ဓာတ်ကျနေတဲ့မက်စ်တို့ တစ်ယောက်ကိုတစ်ယောက်အချင်းချင်း ဘယ်လိုကူညီပေးသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ File size…(1.4 GB)/(720 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre... Animation, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

Mary and Max (2009)

The Power of the Dog (2021) 7
The Power of the Dog (2021) မင်းသားကြီးဘန်နီဒစ် ကမ်းဘာဘက်ချ်ရဲ့ ရုပ်ရှင်အသစ်လေးကို ကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်ဟာ Drama, Romance, Western အမျိုးအစားဖြစ်ပြီး ခေါင်းစဉ်ဖြစ်တဲ့ Power of the dog ဆိုတာ ခွေးအကြောင်း မဟုတ်ပါဘူး။ ခွေးမပါပါဘူး။ သမ္မာကျမ်းစာထဲက Deliver my soul from the sword; my darling from the power of the dog. ဆိုတဲ့စာလေးကို တင်စားပြီး သုံးစွဲထားတာပါပဲ။ နားလည်သလို ဘာသာပြန်ရရင် ကျွနု်ပ်ရဲ့ဝိညာဉ်ကို ဓားသွားဆီကနေ ကယ်တင်တော်မူပါ၊ ကျွန်ုပ်ရဲ့ ဘဝကို လူယုတ်မာများဆီကနေ ကယ်တင်တော်မူပါလို့ ပြောရမယ်ထင်ပါတယ်။ ခွေးဆိုတာ သစ္စာရှိခြင်းကို ရည်ညွှန်းသလို တစ်ခါတရံမှာလည်း ယုတ်မာတာကို ရည်ညွှန်းတတ်ပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းသလို တစ်ခါတလေမှာ သိမ်မွေ့တတ်ပါတယ် ဘာကြောင့်လဲဆိုတာတော့ ရုပ်ရှင်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ ဒီကားကတော့ award သုံးခုနဲ့ norminee ခြောက်ခုထိ ဝင်ထားနိုင်ပြီး၊ နိုင်ငံတကာမှာပြသနေဆဲကားပါ. ကျွန်တော်တို့ရဲ့ သခွားသီး Benedict ...
movie

The Power of the Dog (2021)