Channel Myanmar

Julie De Lafrenière

Ru (2023) 7.2
Ru (2023)  IMDb - 7.2ကနေဒါနိုင်ငံသား ဗီယက်နမ်လူမျိုး စာရေးဆရာမ Kim Thúy ရဲ့ ဆုရစာအုပ် "Ru" ကိုမှီငြိမ်းပြီးရိုက်ကူးထားတဲ့ ရုပ်ရှပ်ပါ။ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် (Kim Thúy) တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင် (စပွန်ဆာ) မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။ File size…(2 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

Ru (2023)

Mommy (2014) 8.0
Mommy (2014) Mommy (2014)(language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူမွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင်အစွမ်းကုန် တောက်ပနေတတ်ပါတယ်။  ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလားဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူလှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့်ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကိုမီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ဒီလိုနဲ့ ...
movie

Mommy (2014)

2014