Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julie Bowen
6.9
Horrible Bosses (2011)
Horrible Bosses (2011) Extended Cut VersionIMDb Rating (6.9) / Rotten Tomatoes (69%)အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ.... သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ဇာတ်လမ်းကတော့.......နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ...
movie
Horrible Bosses (2011)
2011
6.8
Totally Killer (2023)
Totally Killer (2023)~ IMDb - 6.8/10, Rotten Tomatoes - 85% ~ဒီကားလေးကတော့ ဒီရက်ပိုင်းမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဟာသဟော်ရာအမျိုးအစားလေးပါ။ Scream တို့၊ "Happy Death Day"တို့ကြည့်ရတဲ့ Vibe မျိုးပြန်ခံစားကြည့်ချင်ရင် ဒီကားက သေချာပေါက်အလွတ်မခံသင့်တဲ့ကားပါပဲ။ Castတွေအနေနဲ့ ဆိုရင်လည်း "Chilling Adventures of Sabrina" ရဲ့ Kiernan Shipka, "Marvel's Cloak & Dagger" ရဲ့ Olivia Holt တို့က အဓိက Cast တွေအနေနဲ့ပါ၀င်ပြီး Randall Park နဲ့ Lochlyn Munro တို့လို ထင်ရှားတဲ့သူတွေလည်း ပါ၀င်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဗာနွန်ဆိုတဲ့မြို့ငယ်လေးက (၁၉၈၇)ခုနှစ် ဟောလိုး၀င်းရာသီမှာ ၁၆နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားကငြိမ်နေပေမဲ့ ...
movie
Totally Killer (2023)
2023
4K HEVC
5.2
Knife Fight (2012)
Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turnerဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်ယောက်ပေါ့။ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် ...
movie
Knife Fight (2012)
7.0
Happy Gilmore (1996)
လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB) / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie
Happy Gilmore (1996)
7.2
The Fallout (2021)
The Fallout (2021)==============IMDb Rating - 7.2/10, Rotten Tomatoes 93% Southwest Film Festival မှာ Narrative Feature Competition Grand Jury Award,Brightcove Illumination Award နဲ့ Audience Award တွေကို ရရှိထားပြီး Megan Park ကိုယ်တိုင် ရေးသားရိုက်ကူးထားပါတယ်။ The Fallout ဆိုတဲ့အတိုင်း လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မြူးထူးတက်ကြွနေရမယ့်အချိန်မှာ ကျောင်းတွင်း ဆူပူမှုတစ်ခုကြောင့် စိတ်ဒဏ်ရာရသွားတဲ့ ဗေဒါဆိုသူ ဆယ်ကျော်သက်မလေး တစ်ယောက်ရဲ့ ဘ၀ခံယူပုံတွေ ၊ လူမှုဆက်ဆံရေးတွေကို အသားပေးရိုက်ကူးထားတာပါ၊ နောက်ပြီး မိဘတွေရဲ့ စိတ်ပူမှုအောက်က မွန်းကျပ်နေတဲ့ သူ့ဘ၀ကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း၊ ကိုယ်ပိုင် အတွေးအခေါ်အယူအဆတွေနဲ့ လမ်းသစ်ဖောက်ဖို့ ကြိုးစားရင်း မီယာဆိုတဲ့ သူငယ်ချင်းမလေးနဲ့အတူ အချိန်တွေကိုလည်း ကုန်ဆုံးဖြစ်ခဲ့တာပေါ့၊ ဒီလိုနဲ့ နေ့စဥ်ကြုံတွေနေရတဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် အနေအေးသူ ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ ဘ၀ခံယူချက်တွေလည်း ပြောင်းလဲသွားခဲ့တာကိုတွေ့မြင်ရမှာပါ . အေးဆေးငြိမ်သက်တဲ့ ဇာတ်အိမ်အသွားအလာနဲ့ ပရိသတ်ကို ...
movie
The Fallout (2021)
2021
6.5
Mixtape (2021)
Mixtape (2021)ဒီကာလထဲ မိသားစုနဲ့အတူ စိတ်အပန်းပြေအောင်ကြည့်လို့ရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက လက်ရှိအခြေအနေတွေခဏဘေးဖယ်ထားလိုက်ရင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကို ပြန်ရောက်သွားသလိုခံစားရမယ်ဆိုတာသေချာပါတယ်...ဇာတ်လမ်းအရ ဘဲ့ဗာလီမူဒီ ဆိုတဲ့ ကလေးမလေးဟာ ငယ်ငယ်တည်းက မိဘတွေဆုံးပါးသွားလို့ အဖွားဖြစ်သူနဲ့ နှစ်ယောက်တည်းအတူနေရတာပေါ့...မူဒီလေးရဲ့ စိတ်ထဲမှာ သူ့ရဲ့မိဘနှစ်ပါးအကြောင်းပဲ အမြဲတွေးနေပြီး သူ့မိဘတွေက ဘယ်လိုလဲဆိုတာကို သိချင်နေခဲ့တယ်တစ်နေ့ သူ့မိဘတွေထားခဲ့တဲ့ တိပ်ခွေလေးတစ်ခုကို တွေ့ပြီး ဒါဟာ သူ့မိဘတွေအကြောင်းကို သိနိုင်မယ့် လမ်းစတစ်ခုလို့ ထင်ခဲ့တယ်...ဒီလိုနဲ့ တိပ်ခွေထဲမှာ ပါတဲ့သီချင်းတွေကနေတဆင့် သူ့မိဘတွေအကြောင်းကို လိုက်ရှာပါတော့တယ်... မူဒီလေးတစ်ယောက် သူ့မိဘတွေအကြောင်းကို သိလာရမှာလား? ဘယ်လိုအခက်အခဲတွေရောကြုံတွေ့လာရမှာလဲ? ဆိုတာတွေကို ကြည့်ရှုခံစားကြည့်ကြပါဦး1999-2000 ခုနှစ်ဝန်းကျင်ကို အခြေခံထားတာဖြစ်လို့ ငယ်ဘဝကို တမ်းတနေသူတွေအတွက် လွမ်းစရာအငွေ့အသက်တွေ တသီတတန်းပါပဲ... နောက်ပြီး အဲ့ခေတ်ကာလရဲ့ ရောခ့်သီချင်းတွေကိုလည်း မရိုးနိုင်အောင် နားဆင်ကြရဦးမှာပါ မိသားစု၊သူငယ်ချင်းတွေရဲ့ ပျော်စရာမေတ္တာတွေနဲ့ဖုံးလွှမ်းထားတဲ့ဒီရုပ်ရှင်ကားလေးနဲ့အတူ တစ်ခဏတာဖြစ်ဖြစ် စိတ်အပန်းပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မူဒီလေးနဲ့အတူ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကို ပြန်သွားလိုက်ကြပါဦးစို့အညွှန်း နဲ့ ဘာသာပြန်ကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.39GB ...
movie
Mixtape (2021)
2021
5.4
Hubie Halloween 2020
မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie
Hubie Halloween 2020
5.4
Life of the Party (2018)
Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ...
movie
Life of the Party (2018)
2018
6.6
Tangled: Before Ever After (2017)
movie
Tangled: Before Ever After (2017)