Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Juliana Parizcova Segovia
5.7
Itutumba Ka Ng Tatay Ko (2024)
Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie
Itutumba Ka Ng Tatay Ko (2024)
2024
6
Para Kang Papa Mo (2023)
Para Kang Papa Mo (2023) ဖေဖေ့မေတ္တာမေတ္တာဆိုတာအစုန်ပဲရှိတယ် အဆန်မရှိဘူးလို့ ပြောစကားရှိတာ သိကြမှာပါ ဒီကားထဲမှာလည်း သားသမီးအပေါ်ဖြည့်ဆည်းချင်တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုမြင်ရမှာဖြစ်ပါတယ်။အန်တွန်၊ရစ်နဲ့ ဂျို့စ်တို့ဟာ လူငယ်အကသမားတွေပါ။ တစ်နေ့ပြိုင်ပွဲမပြိုင်ခင် သူတို့ရဲ့ရည်းစားသုံးယောက်လုံးက ကိုယ်ဝန်ရှိနေတယ်လို့ တစ်ပြိုင်နက်ပြောလာခဲ့တယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေပြိုင်နေရင်း ရုတ်တရက်ကြီးရဲတွေလိုက်ဖမ်းတဲ့အခါ အန်တွန်တစ်ယောက်အဖမ်းခံလိုက်ရတော့တယ်။အန်တွန်အဖမ်းခံရတာကသာမန်အမှုမဟုတ်ဘဲ ဆေးမှုဖြစ်နေတဲ့အခါ ထောင်ဒဏ်ကိုနှစ်ရှည်လများ ကျခံရဖို့ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းသုံးယောက်လုံးရဲ့ ရည်းစားတွေက ရလာတဲ့ကလေးကို သူတို့ရဲ့ခေါင်းကိုင်အမေဆီ ပစ်ထားခဲ့တဲ့အခါ ကလေးသုံးယောက်လုံးစရိတ်ကို ထောင်ထဲကအန်တွန်က ကျခံရတော့တယ်။ ထောင်ထဲမှာရိုးသားကြိုးစားနေခဲ့တဲ့ အန်တွန်ဟာ ထောင်နှစ်ရှည်ကျပြီး လွတ်လို့ကလေးတွေနဲ့ တွေ့တဲ့အခါ သူထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။အခက်အခဲတွေကြားမှာ သားသမီးတွေရှေ့ကနေဘယ်လိုရပ်တည်မလဲ ဆိုတဲ့အဖေတစ်ယောက်ရဲ့ဘဝကို ဟာသလေးတွေရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.24GB/ 624MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
Para Kang Papa Mo (2023)
2023