Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julia Roberts
6.1
The Mexican (2001)
ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie
The Mexican (2001)
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
7.5
The Player(1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
6.6
The Pelican Brief(1993)
The Pelican Brief (1993) IMDB Rating -------- 6.6 ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။ သူရဲ့ ပထမဆုံးဝတ္တု A time to killဟာ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်း ဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thrillerဖြစ်ပြီး မကြာသေးခင်ကပဲ CM မှာ တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ဒိတ်ဒိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ထပ်မိတ်ဆက်ပေးပါရစေ။ဗဟိုတရားရုံး ဂျူဒီ နှစ်ယောက်ကို ...
movie
The Pelican Brief(1993)
1993
7.1
Notting Hill(1999)
Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie
Notting Hill(1999)
1999
7.0
Ben Is Back (2018)
Ben is Back (2018)ဒီဇာတ်လမ်းက၂၀၁၉မှာ တန်ဖိုးအရှိဆုံးဇာတ်ကား (Cinema for Peace) အဖြစ်သတ်မှတ်ခံထားရတဲ့ဒရမ်မာကားတစ်ကားပါဆေးစွဲနေတဲ့သားကို လူကောင်းတစ်ယောက်အဖြစ်ပြန်လာနိုင်အောင်ကြိုးစားနေတဲ့မိခင်မေတ္တာအကြောင်းဖော်ကျူးထားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်ဘန် တစ်ယောက် ဆေးပြတ်ပြီးအိမ်ကို သန့်သန့်ရှင်းရှင််းပြန်လာခဲ့ပေမယ့်မိသားစုရဲ့ငြိုငြင်မှုတွေ မယုံကြည်မှုတွေကြားမှာစိတ်ပင်ပန်းစွာဖြတ်သန်းနေရတဲ့အချိန် အမေဖြစ်သူက၂၄နာရီစောင့်ကြည့်ပြီး စစ်ဆေးမှုအောင်မြင်တယ်ဆိုရင်အရင်လိုပြန်နေနိုင်မယ်ဆိုတဲ့သဘောတူညီမှုတစ်ခုလုပ်လိုက်တယ်ဘန်တစ်ယောက် စစ်ဆေးမှုကိုအောင်မြင်ပါ့မလားဘယ်လိုအနှောင့်အယှက်တွေဝင်လာဦးမလဲဘန်တစ်ယောက် မိခင်ရဲ့ကြိုးစားမှုတွေကြားမှာလူကောင်းတစ်ယောက်လို ပြန်လာခွင့်ရနိုင်ဖို့ဖြစ်နိုင်ပါ့မလားTranslated by KiraEncoded by sithu
movie
Ben Is Back (2018)
2018
6.3
Charlotte’s Web (2016)
ကျွန်တော်တို့ ငယ်ငယ်က စကားပြောတက်တဲ့ တိရိစ္ဆာန်လေးတွေ ရုပ်ရှင်ကားတွေ စကြည့်ရတုန်းက အတော်သဘောကျတာပါ အပြင်မှာပါ အဲ့ဒီလို လိုက်ပြောမလား ဆိုပြီး နားထောင်မိတဲ့ အထိပဲ အဲ့ဒီ သတ္တ၀ါလေးတွေ စကားပြောတဲ့ ရုပ်ရှင်လေးတွေကို ပြန်တင်ဆက်ပေးမယ် စိတ်ကူးပြီး ဟိုးအရင်က ကလေးတွေ အသဲစွဲ ခဲ့တဲ့ ၀ီလ်ဘာ ဆိုတဲ့ ၀က်ကလေး အကြောင်း ပြန်တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဆိုရင် Video တိပ်ခွေဆိုင်တွေမှာ ၀က်လိမ္မာကား ဆိုပြီး နာမည်ကြီးခဲ့သေးတာ မှတ်မိတဲ့သူတွေလဲ မှတ်မိမှာပါ တစ်ရက်သော နေ့မှာ လယ်သမားကြီး တစ်ဦးရဲ့ စပါးကျီထဲမှာ ၀က်မကြီး တစ်ကောင်ဟာ ကလေးလေးတွေ မွေးခဲ့တယ်ပေါ့ အဲ့ဒီထဲမှာ နို့မစို့ နိုင်တဲ့ ကလေး အသေးဆုံး တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ် လုပ်သောက်ဖို့ စိတ်ကူးခဲ့ပေမယ့် လယ်သမားကြီးရဲ့ သမီးအငယ်ဆုံး ဖန်း ဟာ ၀က်ကလေးကို သူမ အသက်ရှင်အောင် တာဝန်ယူပါ့မယ်ဆိုပြီး မွေးခဲ့တယ်.... တစ်ဖြေးဖြေး ၀က်ကလေး ကြီးလာတော့ အိမ်ထဲမှာ ထားလို့မဖြစ်တော့ဘူး ဒီတော့ကာ အိမ်နဲ့ တစ်လမ်းကျော်က ဖန်း ရဲ့ ဦးလေး ဂိုဒေါင်မှာ ဘဲတွေ သိုးတွေ မြင်းတွေ နဲ့ ...
movie
Charlotte’s Web (2016)
2006
6.5
Ocean’s Twelve (2004)
Ocean's Twelve (2004) IMDb - 6.5/10_____Rotten Tomatoes - 55% George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား...2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ဆုတံဆိပ် ၄ ခုနဲ့ စံကာတင်စာရင်း ၁၀ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ...
movie
Ocean’s Twelve (2004)
2004
7.7
Ocean’s Eleven (2001)
Ocean's Eleven (2001) IMDb - 7.7/10_____Rotten Tomatoes - 82% George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၂၀ ဆုအတွက် စံကာတင် စဉ်းစားခံခဲ့ရပါတယ်။ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။ Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas မှာရှိတဲ့ ...
movie
Ocean’s Eleven (2001)
2001
8.0
Wonder (2017)
Wonder (2017) IMDb - 8.0/10_____Rotten - 85% ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie
Wonder (2017)
2017
5.9
Smurfs: The Lost Village (2017)
In this fully animated, all-new take on the Smurfs, a mysterious map sets Smurfette and her friends Brainy, Clumsy and Hefty on an exciting race through the Forbidden Forest leading to the discovery of the biggest secret in Smurf history.ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။တစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ ...
movie
2017
1
2
Previous