Channel Myanmar

Julia Franz Richter

A Whole Life / Ein Ganzes leben (2023)
A Whole Life / Ein Ganzes leben (2023) ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်....ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်....အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ....ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်....အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်....ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်....တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်....သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်... ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ....လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်....ခံစားကြည့်ကြပါခင်ဗျာ....File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Drama,  History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

A Whole Life / Ein Ganzes leben (2023)

Rubikon (2022) 5.0
Rubikon (2022) Rubikon (2022) ============အနာဂတ်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ပွဲမှာသုံးတဲ့ ဓာတုလက်နက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ‌ကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးရော အငတ်ဘေးပါ ကြုံနေတဲ့အချိန်၊ အဲ့အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယား Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။တပ်မှူး ဝက်ဂ်နာ နဲ ဓာတုဗေဒပညာရှင် ဒေါက်တာ ကရိုင်လို တို့နှစ်ယောက် အာကာသစခန်းဆီ သွားဖို့အတွက် ယာဉ်ပျံနဲ့ထွက်လာပေမယ့်။ လမ်းပျောက် သွားလို့ ဝက်ဂ်နာ က လက်စွမ်းပြပြီး ကိုယ်တိုင်မောင်းပေးလိုက်လို့ စခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်ပေါ့။ နောက်ရက်နည်းနည်းကြာတော့ ကမ္ဘာနားမှာ မြူတွေဖုံးနေလို့ စုံစမ်းကြည့်ဖို့ ယာဉ်တစ်စင်းလွှတ်လိုက်ပေမဲ့ အဲဒီယာဉ်က မြူတွေထဲပိတ် အဆက်အသွယ်ပျက်သွားလို့ ဝက်ဂ်နာတို့နှစ်ယောက် မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်ပေးလိုက်ရတယ်။ကမ္ဘာကြီးမှာလည်း ခံတပ်တွေထဲ‌ဝင်ပုန်းပြီး ရှင်တဲ့သူကရှင် အပြင်မှာသေတဲ့လူ ကလည်းသေကုန်ကြပြီ ကံကကောင်းချင်တော့ ဒေါက်တာ ကရိုင်လိုက အောက်စီဂျင် ထုတ်ပေးတဲ့ရေညှိတွေကိုစမ်းသပ်ထုတ်နေတာဆိုတော့ သူတို့ ကမ္ဘာကိုပြန်ပြီး အသက်ရှင်နေတဲ့လူတွေကို ကူညီမလား။ သူတို့ဒီအတိုင်း ယာဉ်ပေါ်မှာပဲနေပြီး တစ်‌ကိုယ်ကောင်းဆန်မလားဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ May Thet Khine Soe, Khant ...
movie

Rubikon (2022)

2022