Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julee Cerda
Descendants: The Rise of Red (2024)
ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်Descendants ရုပ်ရှင်ကားတွေကို Descendants (2015) - https://www.channelmyanmar.to/descendants-2015/ Descendants 2 (2017) - https://www.channelmyanmar.to/descendants-2-2017/ Descendants 3 (2019) - https://www.channelmyanmar.to/descendants-3-2019/ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ...
movie
Descendants: The Rise of Red (2024)
5lbs of Pressure (2024)
ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie
5lbs of Pressure (2024)
5.3
Vacation Friends 2 (2023)
Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie
Vacation Friends 2 (2023)
2023
7.0
Passengers (2016)
Passengers (2016)Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II ...
movie
Passengers (2016)
2016
4K HEVC
3.6
You’re Not Alone 2020
အန်မာ တစ်ယောက် ခင်ပွန်းဟောင်းသေဆုံးသွားပြီးတဲ့နောက်မှာ မွေးပြီးနောက်ပိုင်းတည်းက မြင်ခွင့်မရခဲ့တဲ့ သူ့ရဲ့သမီးဖြစ်သူကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် တစ်ကိုယ်တည်းမိခင်ဘဝနဲ့ အိုင်လာလေးကို စောင့်ရှောက်ရင်း မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံခဲ့ရပါတော့တယ် မမြင်ရတဲ့မကောင်းဆိုးဝါးတွေဟာ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက် လောလောလတ်လတ်ဆုံးရှုံးထားရတဲ့ သားအမိနှစ်ယောက်ကို နှိပ်စက်ပါတော့တယ် အန်မာတစ်ယောက် အရင်အိမ်ကိုပြောင်းပြီးတည်းက မမြင်ရတဲ့အမှောင်ပယောဂတွေနဲ့ရင်ဆိုင်ရင်း သူနဲ့သူ့သမီးလွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ် အန်မာတစ်ယောက် သူ့သမီးကိုကယ်တင်နိုင်ပါ့မလား ဘယ်အရာတွေက သူ့ကိုနှိပ်စက်နေတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦး F ile Size : 600mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32min Genre ;Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie
You’re Not Alone 2020
6.6
Madeline’s Madeline (2018)
Rating 6.6 ရရှိထားတဲ့ကားဖြစ်ပါတယ်....ဒီကားကတော့ မက်ဒလင်း ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါသူက နည်းနည်းလဲ စိတ္တဇဆန်ဆန်ဖြစ်နေပြီးသူ့အမေကိုလဲ မထင်ရင်မထင်သလို ရိုက်တာတွေ၊ ကုတ်တာတွေ၊အဲ့လိုမျိုးတွေလုပ်တတ်ပါတယ် အထူးသဖြင့်သူ့ကိုဆူတာမျိုးတို့ ဘာတို့ဆိုရင်ပေါ့သူပျော်တာကတော့ စိတ္တဇဆန်ဆန် ပြဇာတ်တွေ ကပြလေ့ရှိတဲ့အဖွဲ့မှာ ပါဝင်ရတာပါ။အဲ့က နည်းပြဆရာမနဲ့လဲ တော်တော်ခင်ပါတယ်။ဆရာမကလဲ မက်ဒလင်းပြောပြတဲ့ သူ့ဇာတ်ကြောင်းတွေကို ပြဇာတ်လုပ်လေ့ရှိပါတယ်။နောက်ပိုင်း မက်ဒလင်း၊ သူ့အမေ၊ နည်းပြဆရာမနဲ့ သူ့ပြဇာတ်တိုက်ဖော်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.....ဒီဇာတ်လမ်းလေးက တစ်မျိုးလေးဆန်းပြီး ပုံမှန်နဲ့ကွဲထွက်နေတဲ့ပုံမျိုးလေးပါ.... File Size : (868 MB) & (253 MB)Quality :Wed-DL 720pRunning Time :1hr 33 minFormat : Mp4Genre : Drama , Mystery , ThrillerSubtitle : ...
movie
2018