Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Judy Reyes
6.8
Turtles All the Way Down (2024)
John Green ရဲ့ Turtle all the way down ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ ...
movie
Turtles All the Way Down (2024)
6.4
Birth/Rebirth (2023)
ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်အသက်ဆုံးရှုံးရတာကိုကြုံတွေ့ဖူးတဲ့ လူတွေအနည်းနဲ့အများရှိကြမှာပါ။အဲ့လိုသေဆုံးသွားရတဲ့ ကိုယ့်ရဲ့ချစ်ရသူကိုပြန်ခေါ်နိုင်မယ်အသက်ပြန်သွင်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပျော်ရပြီး အရာရာကိုစွန့်လွှတ်မဲ့လူတွေချည်းပါပဲ။ ဒီကားထဲမှာ စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်က အလုပ်ကိုမနားမနေလုပ်ပြီးသမီးလေးလီလာကို ပြုစုစောင့်ရှောက်နေရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့သမီးလေးကအဖျားတွေတက်နေပြီး အလုပ်ကလဲ မသွားလို့မဖြစ်တဲ့အတွက် အိမ်နီးချင်းဆီမှာ အပ်ထားခဲ့ပြီးအလုပ်သွားခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူအလုပ်ရောက်တဲ့အခါမှာ ဖုန်းကပျက်သွားပါတော့တယ်။အလုပ်ဆင်းတဲ့အချိန်မှာ သိလိုက်ရတာက သူ့သမီးလေးက ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပြီးဆုံးပါးသွားပြီဆိုတာပါပဲ။ ဒီလိုနဲ့ သမီးရဲ့နောက်ဆုံးအချိန်မှာ ဘေးနားမှာမရှိပေးနိုင်တဲ့ စီလီတစ်ယောက်လဲ ယူကျုံးမရတွေဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအပြင်ကိုမှသူ့သမီးအလောင်းကို ထုတ်ဖို့အတွက် ရင်ခွဲရုံကိုသွားပြန်တော့လဲ သမီးဖြစ်သူရဲ့အလောင်းကပျောက်ဆုံးနေပါတယ်။ ဒီလိုနဲ့ စီလီတစ်ယောက်လဲ ဆပ်ပြာသည်လင်ပျောက်သလိုဖြစ်ပြီး ရင်ခွဲရုံမှာတာဝန်ကျပြီး သူ့သမီးရဲ့အလောင်းကိုကိုင်တွယ်ပေးခဲ့တဲ့ရို့စ်ကို သွားမေးကြည့်တော့ မသင်္ကာစရာကောင်းတာနဲ့ရို့စ်ရဲ့အိမ်ကို လိုက်သွားခဲ့တဲ့အချိန်မှာ သူ့သမီးအသက်ဆက်ရှင်နေသေးတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမယ့် အဲ့လိုအသက်ဆက်ရှင်နေတာက ရိုးရိုးတန်းတန်းအသက်ရှင်နေတာမဟုတ်ပါဘူး။ ရို့စ်ကလဲလီလာကို အသက်ဆက်ရှင်နေအောင်ဘယ်လိုတွေလုပ်ထားတာလဲ ဘာလို့အသက်ဆက်ရှင်နေအောင်လုပ်ထားတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.2GB / 486MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Birth/Rebirth (2023)
7.0
Bringing Out the Dead(1999)
Bringing Out the Dead(1999)***************************IMDb...7.0,,,Rotten Tomatoes 73% Psychology ဆိုတာလူတိုင်းနဲ့ဆက်စပ်နေပါတယ် လူတယောက်ရဲ့ ဝန်းကျင်အသိုင်းဝိုင်းနေထိုင်မှု အလုပ် သူ့ရဲ့ background စတာတွေအပေါ်မှာ လိုက်ပြီးinfluence ဖြစ်တတ်ပါတယ်...ဖရန့်ပီရာစ့်ဆိုတဲ့ ဆေးဖက်အကူလုပ်သားတယောက်မှာအလုပ်ကပေးတဲ့ post traumatic disorder တွေ ခံစားနေရပါတယ်....ဆေးဖက်အကူဆိုတဲ့အတိုင်းပဲ သေသူတွေနဲ့ ခဏခဏထိတွေ့နေရတဲ့ အတွက်ဖရန့်တယောက်အိပ်မပျော်တာတွေ ကြောက်တာတွေထင်ယောင်ထင်မှားဖြစ်တာတွေ ဝိညာဥ်တွေကို မြင်တစ်ချက် မမြင်တစ်ချက်ဖြစ်တာနဲ့တစ်ချိန်လုံး အကြပ်ရိုက်နေပါတယ်...ဒီကားဟာ American psycho နဲ့ ခပ်ဆင်ဆင်ကားလို့တောင်ပြောရမယ် ...ရုပ်ရှင်ထဲက cast တွေဘာလုပ်လို့လုပ်နေမှန်း တစ်ခါတစ်ခါသူတို့ပြောတဲ့ပြောစကားတွေကဘာတွေပြောနေမှန်းကြည့်ရင်းနဲ့တင် ရူးကြောင်ကြောင်နိုင်ပါတယ်....ဒါပေမယ့် American psycho လိုတော့ ပြန်မဖြည်ချပဲ ဒီတိုင်းလေး လူကိုတောက်လျှောက်မွန်းကြပ်အောင် လုပ်ပြသွားတယ်..တစ်ချို့နေရာတွေမှာလည်း အဓိပ္ပါယ်၂ခွ ထွက်တဲ့ scene တွေ color tone တွေကိုလည်းကစားထားတာတွေ့တယ်..အဲ့တော့ ပြောရရင် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲ ...ကိုယ့်စိတ်ထဲက deep down တစ်နေရာက ခံစားမှုကိုအခြေပြုပြီး ရတဲ့ ...
movie
Bringing Out the Dead(1999)
6.9
Smile (2022)
Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie
Smile (2022)
2022
6.5
All Together Now 2020
အမ်ဘာက အမေဖြစ်သူနဲ့အတူ ဘတ်စ်ကားပေါ်မှာအိပ်ရတဲ့ အိမ်ခြေရာမဲ့ ဆယ်ကျော်သက်လေး ဖြစ်ပါတယ်။ အနေဆင်းရဲပေမဲ့ စိတ်နေစိတ်ထား ဆင်းရဲသူ မဟုတ်ပါဘူး။ အလုပ်မျိုးစုံကို မညည်းမညူဘဲ လုပ်ကိုင်ရင်း ကျောင်းတက်နေရသူလေးပေါ့။ သူတစ်ပါးအတွက်ဆို အမြဲကူညီပေးချင်တဲ့စိတ်ရှိသူ ဖြစ်တာနဲ့အညီ လူချစ်လူခင်လည်း ပေါပါတယ်။ တစ်ရက်တော့ ကျောင်းက ဘင်ခရာအဖွဲ့မှာ တူရိယာပစ္စည်းတစ်ခု အခိုးခံရကြောင်း သိရပြီး အဲဒီအတွက် ရန်ပုံငွေရဖို့ ပဒေသာပွဲတစ်ခုကို စီစဉ်ပေးဖို့ လုပ်တယ်။ ခါတိုင်းနှစ်တွေဆိုလည်း ကျောင်းမှာ ဘာလိုလို သုံးရအောင်လို့ ပဒေသာကပွဲကို ဦးဆောင်နေကျပါပဲ။ ဒီနှစ်မှာတော့ ဘဝရဲ့ အလှည့်အပြောင်းတွေ ကံကြမ္မာရဲ့ ရက်စက်ပုံတွေကြောင့် ဒီပဒေသာပွဲက သူ့အတွက် ဘယ်လိုဖြစ်သွားရတယ်ဆိုတာကို ကြည့်ရှူလိုက်ကြပါဦး။File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32 min Genre : Drama Subtitle : Myanmar Subtitle (Hard ...
movie
All Together Now 2020
5.3
The Circle 2017
မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျှိုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ..... ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File Size : 800 Duration : 111 minutes Quality : ...
movie
The Circle 2017
2017