Channel Myanmar

Judge Reinhold

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

The Santa Clause (1994)
The Santa Clause (1994)  Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Santa Clause (1994)

Beverly Hills Cop: Axel F (2024) 6.7
Beverly Hills Cop: Axel F (2024)  Beverly Hills Cop: Axel F" (2024) ဟာ ဒါရိုက်တာMark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒက်ထရွိုက်လမ်းမတွေပေါ်မှာထက်မြက်ပြီးဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူသူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါမှာBeverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို့ ပြန်လာခဲ့တယ်ဆိုပေမဲ့Axel ဟာ သူ့ရဲ့မိ‌တ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီးJohn Taggart၊ စုံထောက် Billy Rosewood တို့နှင့်အတူလက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်းကြံစည်မှုတခုကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို့ လုံးဝမပျင်းရမယ့်ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size…2.25GB / 911MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action  , ...
movie

Beverly Hills Cop: Axel F (2024)

Gremlins (1984) 7.3
Gremlins (1984) Gremlins (1984) ============ IMDb Rating -- 7.3/10တရုတ်တန်းက စတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သူ့ခေတ် သူ့အခါမှာတော့ Rating 7 ကျော်ရရှိခဲ့ပါတယ်။ တီထွင်ဖန်တီးရှင် တစ်ဦးဟာ သူလက်ဆော့ထားတဲ့ ပစ္စည်းရောင်းဖို့သွားရင်း သား အတွက် ခရစ္စမတ်လက်ဆောင်ကို တရုတ်တန်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ချစ်စရာ မှင်စာလေးတစ်ကောင်ပါပဲ။မွေးရတာ တာဝန်ကြီးတယ် မရောင်းဘူး ပြောပေမယ့် ဆိုင်ရှင်ရဲ့ မြေးလုပ်သူက ခိုးရောင်းပေးလိုက်ပါတယ်။ မှင်စာလေးကိုမွေးမယ် ဆိုရင် စည်းကမ်း(၃)ခုတော့ရှိတယ် - - နေမထိရ - ရေမထိရ - ည၁၂ကျော်ရင် အစာမကျွေးရ ဆိုတာပါပဲ။ (၃)ခုလေးဆိုပေမဲ့ အဲစည်းကမ်းတွေကိုမလိုက်နာနိုင်ဘဲ ချိုးဖောက် မိတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(3.94 GB) / (1.02 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Sci-Fi Translator......Mugiwara Ya Encoder..........SWM
movie

Gremlins (1984)

1984
[18+] Fast Times at Ridgemont High (1982)
[18+] Fast Times at Ridgemont High (1982) IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie

[18+] Fast Times at Ridgemont High (1982)

Swing Vote (2008) 6.1
Swing Vote (2008) Swing Vote (2008)_____IMDb - 6.1/10    လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဘာသာပြန်ဖူးတဲ့ ဇာတ်ကားလေးပါ။ အမေရိကန် သမ္မတလောင်း ၂ ယောက် ရွေးကောက်ပွဲမှာ မဲအရေအတွက် တူနေတယ်။ ဖြစ်ချင်တော့ ဘယ်ပါတီဘက်မှ မယိမ်းတဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ မဲက အမှားတစ်ခုဖြစ်ပြီး ပြန်ထည့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီမှာပဲ သမ္မတလောင်း နှစ်ယောက်နဲ့ ပါတီကြီးနှစ်ခုလုံး ဆင်းချလာပြီး လူတစ်ယောက်ထဲကို အလိုလိုက် အကြိုက်ဆောင်ပြီး မဲဆွယ်ကြတာ။ နိုင်ငံအတွက်ဘာလုပ်ပေးမယ် ဘာညာ စီမံကိန်းဘာညာအကုန် မေ့သွားတယ်။ အဲဒီလူ ဘာကြိုက်လဲပဲ လိုက်ရှာပြီး ဖြည့်ဆည်းပေးနေကြေတော့တယ်။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီး နိုင်ငံအတွက်လိုအပ်ချက်က ဘာတွေပါ၊ ဒါတွေကိုဘယ်လိုဖြေရှင်းဖို့ စီမံထားပါတယ် ဘာညာနဲ့ အဆင့်အတန်းရှိရှိ မဲဆွယ်တတ်သွားတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ ...
movie

Swing Vote (2008)

2008