Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jude Ciccolella
7.4
The Terminal (2004)
ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie
The Terminal (2004)
2004
4K HEVC
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
8.0
Sin City (2005)
Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
7.0
The Manchurian Candidate(2004)
The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
The Manchurian Candidate(2004)
6.3
Mercury Rising (1998)
Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB) / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie
Mercury Rising (1998)
6.3
High Crimes (2002)
ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie
High Crimes (2002)
9.3
The Shawshank Redemption (1994)
The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie
The Shawshank Redemption (1994)
1994
4K HEVC
7
Julia 2008
ဂျူလီယာဟာ အပျော်အပါးမက်သူဖြစ်ပြီး တစ်ကိုယ်တည်းသမား ယောက်ျားတကာနဲ့ မူးရူးပျော်ပါးနေသူဖြစ်တယ်။ ဒါကြောင့်ပဲ သူ့ရဲ့အလုပ်ကို သူဆုံးရှုံးခဲ့ပြီး ၀င်ငွေမရှိတဲ့သူဘ၀ကို ရောက်သွားတယ်။ တစ်နေ့ အယ်လီနာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ဆုံခဲ့တယ်။ အယ်လီနာဟာ သားဖြစ်သူကို သူ့အဖိုးဆီကနေ ပြန်ခေါ်ယူဖို့ ကြိုးစားနေသူဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် ဂျူလီယာကို ငွေပေးမယ်ပြောပြီး အကူအညီတောင်းခဲ့တယ်။ ငွေမက်သူ ဂျူလီယာဟာ ကူညီမယ်ပြောပြီး ကြားထဲကနေ ကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံအောင်မြင်ပြီး ကလေးနဲ့အတူ Mexico ရှောင်တိမ်းထွက်ပြေးလာခဲ့တယ်။ ဒေါ်လာ ၂သန်းနဲ့ ကလေးကို ပြန်ရွေးခိုင်းဖို့ ကြံစည်နေစဉ်မှာ Mexico မှာရှိတဲ့ ပြန်ပေးဆွဲသမားတွေဟာ ဂျူလီယာရဲ့လက်ထဲက ကလေးကို ထပ်ပြီး ပြန်ပေးဆွဲသွားချိန်မှာတော့ ............ဂျူလီယာတစ်ယောက် ဘယ်လိုအကြပ်ရိုက်မလဲဆိုတာ စိတ်၀င်စားဖွယ်တွေ့ရမှာပါFile Size : 1 Gb Quality :WEB-DL 360p Format…mp4 Duration…02:24:00 Genre : Drama, Crime, Thriller Subtitle : Myanmar ...
movie
Julia 2008
8.1
Million Dollar Baby (2004)
Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations. ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie
Million Dollar Baby (2004)
2004
5.9
World Trade Center (2006)
World Trade Center (2006)IMDb - 5.9/10_____Rotten - 67% World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်.. လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်. အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ ...
movie
World Trade Center (2006)
2006