Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jude Anthany Joseph
6.6
Mandakini (2024)
Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစားဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mandakini (2024)
2024
6.9
Queen Elizabeth (2023)
Queen Elizabeth (2023) "ငါသာလျှင် ဘုရင်မ"IMDb 7.5/10လူအုပ်ကြီးနဲ့စီတန်းလှည့်လည်လာတဲ့ ဈာပနတစ်ခု ဈာပနပေမဲ့ ဝမ်းနည်းကြပုံလည်းမပေါ် နိဗ္ဗာန်ယာဉ်ကို ပန်းတွေမှုန်နေအောင်စီခြယ်ထားပြီး လှဲနေသူကိုတော့ အလှဆုံးလေး ပြင်ဆင်ထားသတဲ့။။။နောက်ကြောင်းကိုပြန်ရရင် သူ(မ)ကအဲလိဇဘက်အိန်ဂျယ်တဲ့ ဒါပေမဲ့ကလေးတွေပေးထားတာကတော့ "နတ်ဆိုးအမျိုးသမီး" ဘာလို့ဒီလိုပေးရလဲဆိုတော့ ခေတ်စကားအတိုင်းပြောရရင်အပေါက်ဆိုးလို့ပါ အိမ်ကအိမ်ဖော်တွေကို သူနဲ့အမှိုက်ပုံးတစ်ခုတည်းအတူတူလာထည့်ရင်မကြိုက် အိမ်မှာဖုန်တစ်မှုန့်ရှိနေရင်မကြိုက် သူများတွေထက် အိမ်ဖော်ကိုရူပီ၅၀၀ပိုပေးပြီး အရာရာပြည့်စုံအောင်ဖြစ်နေစေချင်တဲ့အပျိုကြီးဒီဇိုင်းပေါ့ကုမ္ပဏီစီးအီးအိုလည်းဖြစ် တစ်ယောက်တည်းတောက်ပနေတဲ့ဒီအမျိုးသမီးအနား ဘယ်သူမှမကပ်ရဲကြ သူ(မ)ကိုကြိုက်ပေမဲ့ မချဉ်းကပ်ရဲကြတဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့ တော်လွန်းထက်မြက်လွန်းတဲ့ ဒီအမျိုးသမီးမှာ ရောဂါဆိုးကြီးပေါ်လာတဲ့အခါမှာတော့ ...ဘေးနားကလူတွေရဲ့ စိတ်ရင်းမှန်တွေ ထင်ထားသလိုမဖြစ်လာတဲ့ plot twist တွေနဲ့ ဆက်လက်ရှုစားကြပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~ V ~BpL ~Alex ~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB/ 690MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard ...
movie
Queen Elizabeth (2023)
2023
6.9
Udal (2022)
Udal (2022) IMDb 7/10ကိုဗစ်ကာလ တတိယလှိုင်းမလာခင်လေးမှာပေါ့.. အိပ်ရာထဲ ဘုန်းဘုန်းလဲနေတဲ့ ယောက္ခမဖြစ်သူကို မချစ်သော်လည်းအောင့်ခါနမ်းပြီး ပြုစုနေရတဲ့ရှိုင်နီ .. ယောက္ခထီးကတော့ အရိုးပေါ်အရေတင်နေတဲ့သူ့မိန်းမကို မင်းသမီးတစ်ယောက်လိုပဲချစ်တုန်း ယုယတုန်းပေါ့ မိန်းမမျက်နှာတစ်ကမ္ဘာနဲ့ မိန်းမကိုတုန်နေအောင်ချစ်ရှာတဲ့ ဒီအဘိုးကြီးလင်မယားကြား ဝင်လာတဲ့မုန်တိုင်းတစ်ခုကတော့ သူတို့ချွေးမရှိုင်နီပါပဲရှိုင်နီဆိုတာမြို့ထဲကလူတွေကပါ ဆွဲဆောင်မှုအရမ်းကောင်းတဲ့မိန်းမအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့အထိရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အပြစ်ပြောစရာတစ်ခုမှမရှိတဲ့ကောင်မလေး ဒါပေမဲ့ယောကျာ်းဖြစ်သူကအဝေးမှာမို့ အချစ် ဆာလောင်မှုကို ငတ်မွတ်နေသူ ကလေးကတစ်ဖက် လူနာကိုတစ်ဖက် ဆာလောင်မှုကတစ်ဖက်နဲ့ဗျာများနေတဲ့ ရှိုင်နီတစ်ယောက် မကြံကောင်းမစည်ရာဆိုတဲ့ ယောက္ခမကိုသတ်ဖို့ သူနဲ့အတူဖောက်ပြန်နေတဲ့ကီရန်ဆိုသူနဲ့တိုင်ပင်ပါတော့တယ် ဒီအကြံကိုသိသွားတဲ့အဘိုးကြီးတစ်ယောက် သူ့မိန်းမကိုကယ်တင်နိုင်မှာလား ရှိုင်နီတို့အကြံပဲအောင်မြင်သွားမလားဆိုတာကတော့...( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ V ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ် ) File size…1GB / 500MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Udal (2022)
2022
6.9
Voice of Sathyanathan (2023)
Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Voice of Sathyanathan (2023)
2023
8.6
Minnal Murali (2021)
Minnal Murali (2021)Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုးနေတဲ့နောက် ဒီတစ်ခါမှာတော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အပြောင်းအလဲဖြစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုးဖြစ်ခဲ့ပြီး ဖခင်အပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတဲ့နောက် ကံဆိုးသူမောင်ရှင်လေး Jaisonအနေနဲ့ အရွယ်ရောက်တဲ့အထိ ကံဆိုးမှုတွေက အဆုံးမသတ်ခဲ့သူပါ၊ အမေရိကန်သွားပြီး ချမ်းသာအောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မအောင်မြင်သလို ချစ်ရတဲ့သူကလည်း စေ့စပ်ထားပြီးသားသူ ဖြစ်နေမှန်း မတော်လိုက်ရတဲ့ ယောက္ခမကပြောမှ သိရတဲ့သူပါ၊မောင်ရှင်တောင် Jaisonလောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရအောင်ပဲ ဇာတ်လိုက်ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါသေးတယ်၊ ဒါပေမဲ့ သန်းခေါင်ထက် ညမနက်တော့သလို သူရဲ့ကံဆိုးမှုတွေက ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်နေလို့ သာမန်လူတွေမှာ မရှိတဲ့ Superhuman အစွမ်းတွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်ယောက်တည်းမဟုတ်ဘဲ ထပ်ရှိနေသေးသလို အဲဒီလူက ရထားတဲ့အစွမ်းတွေကို မကောင်းတဲ့ အဖျက်လုပ်ငန်းတွေမှာ သုံးလာတဲ့အခါJaisonအနေနဲ့ ...
movie
Minnal Murali (2021)
2021