Channel Myanmar
Jr.
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie
Back to the Future Part II (1989)
1989
HEVC 1080p 5.1
Back to the Future (1985) 8.5
Back to the Future (1985) ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie
Back to the Future (1985)
1985
HEVC 1080p 5.1
Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
Spy Hard (1996)
Concrete Cowboy (2021) 6.3
Concrete Cowboy (2021) Concrete Cowboy (2021)==================IMDb Rating - 6.3/10အရှိတရားကနေကင်းလွတ်ပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေလည်းရှိပေမဲ့ အရှိတရားကို ရိုက်ပြပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေက ပိုများတာတော့ သေချာပါတယ်။ ဒီရုပ်ရှင်ဟာ လက်သစ်ဒါရိုက်တာ Ricky Staubရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ထိပ်တန်းရုပ်ရှင်တော့ ဖြစ်မသွားပေမယ့် အလယ်အလတ်တန်းအဆင့်ရဲ့ထိပ်ဆုံးမှာ ရပ်နေမယ့်ကားလို့တော့ အာမခံလို့ရတယ်။အကြောင်းအရာကတော့ ဒီနေ့ခေတ်ထိရှိနေတဲ့ ခေတ်ကာလနဲ့မကိုက်တဲ့ အ‌လေ့အထုံတစ်ခုကို ကိုင်စွဲပြီး ရုန်းကန်နေရတဲ့ လူမဲကောင်းဘွိုင်တွေ အကြောင်း။ ဒီဇာတ်လမ်းကို တစ်ချို့တွေကတော့ အတော်သဘောကျကြတယ်။ ဇာတ်အိမ်တည်ဆောက်မှု အားနည်းတဲ့ တစ်ချက်ကြောင့် တစ်ချို့ကတော့ သိပ်သဘောမကျကြဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အဲ့ဒီနှစ်ခုကြားလို့ဆိုရမယ်။ ဇာတ်လမ်းတင်ပြပုံနဲ့ အခြေအနေနဲ့ Cinematographyလှလှကို တွဲသုံးပြီး ဆွဲငင်လိုက်တဲ့ အခန်းတစ်ချို့ကိုတော့ အတော်သဘောကျမိတယ်။သို့ပေမဲ့ ကျွန်တော်ဟာ ကောင်းဘွိုင်ဓလေ့လည်း မသသလို သူတို့ယဉ်ကျေးမှုနဲ့လည်း အလှမ်းဝေးတဲ့အတွက် တစ်ချို့အခန်းတွေကိုတော့ ခံစားလို့မ၀င်လိုက်ဘူး။ ဒါပေမဲ့ တစ်ချို့ပြောကြတဲ့ ဇာတ်အိမ်အားနည်းမှုဆိုတဲ့အချက်နဲ့ သဘော မကျမိတာတော့မဟုတ်ဘူး။ ဇာတ်အိမ်ဟာ အားမနည်းဘူး။ဇာတ်အိမ်ဟာ ဘ၀ပါပဲ။ ကျွန်တော်သာတစ်နေ့နေ့ရိုက်နိုင်ခဲ့ရင် ပုဂံရယ် နေအ၀င်ခြင်းခတ်တဲ့လူတွေရယ်ကို ဇာတ်အိမ်တကူးတကမလိုဘဲ ရိုက်ပြနိုင်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒီဒါရိုက်တာကလည်း သူ့အရပ်သူ့ဒေသက မြင်းစီးတဲ့လူတွေအကြောင်းကို သူတို့ ယဉ်ကျေးမှုကိုပြပြီး ရိုက်ပြသွားတာပါပဲ။ ပွဲဦးထွက်မှာ ဒီအနေရိုက်ပြနိုင်တာ နောင်များ အတော်ကောင်းတဲ့ကားတွေ လာနိုင်ဦးမယ်လို့ မျှော်လင့်လို့ရပါတယ်။ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို ၀င်သွားကြည့်ရင် အမြင်အားဖြင့် လှပမနေတဲ့အရာတွေများပေမဲ့ သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။ မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တာကော့စကီးရုပ်ရှင်ထဲကစကားလေးလိုပဲ "Unspoken ...
movie
Concrete Cowboy (2021)
2021
Things Heard & Seen (2021) 5.3
Things Heard & Seen (2021) Things Heard & Seen (2021)=====================IMDb Rating - 5.3/10ဒါဟာ သရဲကားပါ။ All Things Cease to Appear ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သရဲကားပီပီ အသစ်ပြောင်းလာတဲ့အိမ်မှာ ခြောက်တာပါပဲ။ အိမ်ကိုပြောင်းလာတဲ့မိသားစုဝင်ကတော့ ၃ ယောက်ပါ။ဂျော့၊ကတ်သရင်း လင်မယားနဲ့ သူတို့ရဲ့ ၄ နှစ်သမီးလေး ဖရန်နီပေါ့။ ဂျော့က ဝိညာဉ်လောကကိုယုံကြည်တဲ့ ဆွီဒင်ဘော့ရဲ့အယူအဆလွှမ်းမိုးမှုခံရတဲ့ အနုပညာတွေအကြောင်း စာတမ်းရေးရင်းနဲ့ အဲဒီကောလိပ်မှာ ပါမောက္ခရာထူး ရရှိခဲ့တာပါ။ဒါပေမယ့် အိမ်ရဲ့သမိုင်းက ပဟေဠိဆန်တယ်။ ခြောက်နေတဲ့ သရဲနဲ့ ခြောက်ရတဲ့အကြောင်းကို ရှာဖွေရင်း ကတ်သရင်း နဲ့ဂျော့အပေါ် သရဲတွေရဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲလာမှုတွေနဲ့ လျို့ဝှက်ချက်တွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ သရဲကားငတ်နေတဲ့ သူတွေအတွက်တော့ ကြည့်ရတာ နောင်တမရမယ့် သရဲကားထဲမှာ ပါပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality ...
movie
Things Heard & Seen (2021)
2021
Nomadland (2020) 7.7
Nomadland (2020) Nomadland (2020) ======================IMDb Rating- 7.7/10 Rotten Tomatoes- 96%ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ်တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ)  Translated by Daniel ...
movie
Nomadland (2020)
2020
Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie
Superintelligence (2020)
2020
Killer in Suburbia (2020) 5.4
movie
2020
Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie
Heat(1995)
1995
Collateral(2004) 7.6
Collateral(2004) Collateral(2004)မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max...ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်ကအဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့အကြပ်ကိုင်မှုတွေနဲ့အတူရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Imdb Rating 7.6Rotten Tomatoes 86%ရထားတဲ့  Collateral (2004)ကို CM ပရိသတ်ကြီးအတွက်ခရစ်စမတ်ကာလလေးမှာတင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Aye Mon Kyaw ဖြစ်ပါတယ်File Size…(900MB) and (340MB) Quality…BluRay 720p Format…mp4 Duration…01:55:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
Collateral(2004)
2004
The Way Back(2020) 7.1
movie
The Way Back(2020)
The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်...ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ၀န်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး...
movie
The Possession of Hannah Grace (2018)
2018
Worth (2018) N/A
Worth (2018) လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်။ တချို့ကတော့ အိမ်မက်ပန်းတိုင်လမ်း ကို ပြီးဆုံးအောင်မြင်ကြပေမယ့် တချို့ကျတော့လည်း လမ်းတစ်ဝက်မှတင်လက်လျှော့လေ့ရှိကြတယ်။ Worth ဇာတ်လမ်းမှာတော့ အိမ်မက်တွေနဲ့ ရှင်သန်နေတဲ့ မွေထိုင်းကစားသမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားရုံသာမက MMAလောက နဲ့ပတ်သက်ပြီး တစ်စိတ်တစ်ဒေသကိုလည်း ဖော်ပြထားတဲ့အတွက် MMA စိတ်ဝင်စားသူတွေရော အိမ်မက်အတွက်ကြိုးစားနေသူတွေအတွက်ပါ စိတ်ခွန်းအားပေးနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရစ်ခ် ကတော့ အိမ်မက်တွေအပြည့်နဲ့ ကိုယ်ခံပညာသင်ပေးတဲ့ နည်းပြငယ်တစ်ယောက်ပေါ့။ ကံကောင်းတဲ့ ရစ်ခ်တစ်ယောက် အိမ်မက်နတ်သမီးလေးနဲ့ ဆုံတွေ့ခွင့်ရခဲ့သလို သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ချန်ပီယံလုပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်း ခံခဲ့ရတယ်။ မွေထိုင်းကစားသမား ရစ်ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ ကြိုးစားနေချိန်တွင် ကြမ္မာဆိုးတစ်ခုဝင်လာချိန်မှာတော့.... ဒီရုပ်ရှင်ကားကို Bommy Chan က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
Worth (2018)
2018
Speed (1994) 7.2
Speed (1994) Speed (1994) IMDb - 7.2/10_____Rotten - 94%Won 2 Oscars. Another 17 wins & 20 nominations.  (Unicode)Action ကားကောင်းကောင်းကြိုက်သူတို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် Speed ဇာတ်ကားဟာ 1994 ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသား Keanu Reeves နဲ့ Sandra Bullockတို့ တွဲဖက်သရုပ်ဆောင်ပြီး IMDb 7.2 ရရှိခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဂျက် ထရေဗန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်..တရက်မှာ ခရီးသည်တစ်စု ဗုံးနဲ့ထောင်ချောက်ဆင်ဖမ်းလို့ ခက်ခက်ခဲခဲ ကယ်နိုင်ခဲ့ရပါတယ်..ဗုံးထောင်တဲ့လူကလည်း ရဲတပ်ဖွဲ့ဝင်ဟောင်း.တစ်ဦး ဗုံးကို အထူးကျွမ်းကျင်သူ သူပင်စင်ယူခဲ့တဲ့ကိစ္စမှာ မကျေနပ်လို့ အခုလို ဓါးစားခံဖမ်းပြီး ဗုံးထောင်ငွေညှပ်တာမအောင်မြင်တော့ ဂျက်ထရေဗန်ကိုအညိုးထားပါတော့တယ် နောက်ဆုံး ခရီးသည်တင်ဘတ်ကားကိုဗုံးထောင်ပြီး ငွေထပ်ညှစ်တဲ့အခါမှာတော့..ဘယ်လိုတွေဆက်ကြုံရမလဲ ဆိုတာကို ဆက်လက်ခံစားကြည့်ပါ  (Zawgyi)Action ကားကောင်းကောင်းကြိုက်သူတို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် Speed ဇာတ်ကားဟာ 1994 ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသား Keanu Reeves နဲ့ Sandra Bullockတို့ တွဲဖက်သရုပ်ဆောင်ပြီး IMDb 7.2 ရရှိခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဂျက် ထရေဗန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်..တရက်မှာ ခရီးသည်တစ်စု ဗုံးနဲ့ထောင်ချောက်ဆင်ဖမ်းလို့ ခက်ခက်ခဲခဲ ကယ်နိုင်ခဲ့ရပါတယ်..ဗုံးထောင်တဲ့လူကလည်း ရဲတပ်ဖွဲ့ဝင်ဟောင်း.တစ်ဦး ဗုံးကို အထူးကျွမ်းကျင်သူ သူပင်စင်ယူခဲ့တဲ့ကိစ္စမှာ မကျေနပ်လို့ အခုလို ဓါးစားခံဖမ်းပြီး ဗုံးထောင်ငွေညှပ်တာမအောင်မြင်တော့ ဂျက်ထရေဗန်ကိုအညိုးထားပါတော့တယ် နောက်ဆုံး ခရီးသည်တင်ဘတ်ကားကိုဗုံးထောင်ပြီး ငွေထပ်ညှစ်တဲ့အခါမှာတော့..ဘယ်လိုတွေဆက်ကြုံရမလဲ ဆိုတာကို ...
movie
Speed (1994)
1994
Columbus (2017) 7.2
Columbus (2017) Columbus (2017) IMDb - 7.2/10_____Rotten - 97%   2017 ခုနှစ်ရဲ့ အလှပဆုံးရုပ်ရှင် Columbus Columbus ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေကြားမှာ မှတ်ချက်ကောင်းတွေရရှိခဲ့ပြီး Cinematography အရ အလှပဆုံးရုပ်ရှင်တစ်ကားလို့ပါ သတ်မှတ်ထားကြတဲ့ Indie/Art Film ကားတစ်ကားဖြစ်ပါတယ်။ IMDb 7.2, Rotten Tomatoes 97% ရရှိထားပြီး Archi Major ကျောင်းသူကျောင်းသားတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါ။ Columbus မြို့က နာမည်ကျော်ဗိသုကာပညာရှင်တစ်ယောက်ဟာ Coma ဝင်သွားတဲ့အတွက် သူ့ရဲ့သားဖြစ်သူ ဂျင် ဟာ ကိုရီးယားကနေ Columbus ကို ရောက်လာခဲ့ပါတယ်။ ငယ်ငယ်တည်းက အဖေနဲ့သားကြားမှာ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့အတွက် ဂျင်ဟာ အဖေ့အနားမှာမနေပဲ ကိုယ့်အလုပ်ကိုသာအာရုံစိုက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဗိသုကာပညာကို စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနဲ့ ဂျင်နဲ့ မထင်မှတ်ပဲ ဆုံမိခဲ့ပြီး Columbus မြို့ရဲ့ ဗိသုကာလက်ရာအပြောင်မြောက်ဆုံး နေရာတွေကို အတူတူသွားရောက်လည်ပတ်ပါတော့တယ်။ သူတို့သွားရောက်လည်ပတ်တဲ့ အဆောက်အဦးတွေကနေတဆင့် ဘယ်လိုသင်ခန်းစာတွေယူကြသလဲ၊ ဒီအဆောက်အဦးတွေက သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လိုပြောင်းလဲစေသလဲဆိုတာကို ...
movie
Columbus (2017)
2017
Hot Shots! (1991) 6.7
Hot Shots! (1991) Unicodeမြန်မာပေါကားတွေကြည့်ရတာရိုးနေပြီလား? အမေရိကန်ပေါကားစစ်စစ်ကြည့်ချင်ပါသလား? ဒါဆိုရင်တော့ Hot Shots ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။Hot Shots ရုပ်ရှင်ဟာ ဟောလီးဝုဒ်က နာမည်ကြီးဇာတ်ကားတော်တော်များများကို သရော်ထားတဲ့ရုပ်ရှင်ကားပါ။အခုတင်ဆက်ပေးလိုက်တဲ့ Hot Shots Part 1 ကတော့ 1986 ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကို အဓိကထား သရော်ထားတာဖြစ်ပြီး Kevin Costner ရဲ့ Dances with Wolves လို နာမည်ကျော်ကားကြီးတွေကိုလဲ နည်းနည်းစီ သရော်ထားပါတယ်။အခု Part 1 မှာတော့ အဖေ့ရဲ့နာမည်ဆိုးကို အမွေဆက်ဆံထားရတဲ့ တော်ပါဟာလေကို လေတပ်က ပြန်လည်ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်မစ်ရှင်အကြီးစားတစ်ခုမှာ ပါဝင်ခိုင်းတဲ့အကြောင်းဖြစ်ပါတယ်။ဂျက်လေယာဉ်ကြီး လေပေါ်မှာ Drift ဆွဲတာ၊ ဘရိတ်အုပ်လိုက်တာတွေအပြင် ရယ်မောစရာအခန်းတွေအများကြီးပါတာကြောင့် မြန်မာရွာကားတွေကြည့်ရတာ ပျင်းရိလာတဲ့ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ အမေရိကန်နွားကျောင်းသားကားတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလဲ စတားလုံးရဲ့ Rambo ရုပ်ရှင်ကားတွေ အဓိကထားသရော်ထားတဲ့ Hot Shots Part ...
movie
Hot Shots! (1991)
1991
Paddington 2 (2017) 8.2
Paddington 2 (2017) ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
movie
Paddington 2 (2017)
2017