Channel Myanmar

Józef Pawłowski

Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

Jack Strong (2014) 7.0
Jack Strong (2014) ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size…  2.1 GB /  895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre .....   Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie

Jack Strong (2014)

2014
Girls From Dubai (2021) 5
Girls From Dubai (2021) Girls from Dubai(2021)"ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား"ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes ...
movie

Girls From Dubai (2021)

2021